Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

အိမ်အပြန်လမ်း

သမုဒ္ဒရာဝမ်းတစ်ထွာကြောင့်
မွေးရပ်မြေကိုစွန့် ခဲ့ရပြီ.
ကြမ်းတမ်းတဲ့ ဘ၀ခရီးလမ်း
over sea ဆိုတဲ့ နေရာမှာ
အလူးလူးအလိမ့်လိမ့်ခံရင်း
ဝမ်းနည်းရတဲ့ ရက်ပေါင်းလည်းမနဲပြီ.
လွမ်းဆွတ်အရသာ..ရင်ဝယ်ပိုက်ပြီး
့home sick  ဆိုတဲ့  ခံစားချက်လေး
အတွင်းမှလှိုက်မောဆို့ နှင့်မှုက
မျက်ရည်မဆည်နိုင်အောင်ဖြစ်ရပြီ..
မိသားစုအရေးရှေ့ ရှုမှုကြောင့်
သီးခံရက်ရှည်ကြာညောင်းလာလည်း
အိမ်ပြန်ချင်စိတ်..တမ်းတမှုက
တစ်နေ့ ထက် တစ်နေ့ တိုးလို့ လာတယ်...
င့ါ ..ရဲ့ အိမ်အပြန်လမ်းလေး..
ချောမွေ့ ပါရစေလို့ ..
ဒီလိုလေးပဲ တောင်းဆုချွေ...
( သယ်ရင်း တစ်ယောက် ရဲ့ခံစားချက်လေးကို ပြန်လည်ပြီး ကဗျာ အဖြစ်ပုံဖေါ်ပေးလိုက်ပါတယ်..
အိမ်ကိုလွမ်းနေတဲ့  သယ်ရင်းလေး ဒီကဗျာလေးကို မြင်တွေ့ ပြီး ကျေနပ်နိုင်ပါစေ..)

1 comment:

Unknown said...

ကူယူ လိုက်ပြီး ခွန်မတောင်ဘဲ နောက်လူတွေ ခံစာဖို့ ရည်ရွယ်ချက်နဲပါ

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့