နှလုံးသားကို ဗဟိုပြု၊ အိုခုလေးအမည်ဆွဲ ဘယ်မလဲလို့မေဖို့ ရင်ထဲစို့ခဲ့နေတဲ့ နေ့စွဲ ရွက်ပြတ်စုတ်ဖြဲရက်ကာ အသက်မရှူရဲပါဘူးလေ...
အချစ်ဆိုတာဘာလဲ မမြဲတာလား ဝဲစရာလား အရည်အသွေးမမှီလို့လား... အဖြူအမဲ မတူညီလို့လား...ဇိမ်ခံကားမစီးနိုင်လို့လား...
အိမ်မက်တရာထဲမှာ Elisha cathbert လိုမင်းသမီးလေးနဲ့ နေခဲ့ရလဲ အချစ်နဲ့ ဧဒင်ဥယျာဉ်မှာ တကြိမ်လောက်နေခဲ့ရသလို
မပျော်ပါဘူး... နှလုံးသားကိုအဖြေရှာနေတာပါဆိုတဲ့ အကာကွယ်စကားလုံးတွေဟာ ကိုယ့်ရဲ့ယုံကြည်မှုကို အရည်ဖျော်နေတာလား။
စိတ်ချင်းမတူလို့လားသဘောထားချင်းမတိုက်ဆိုင်လို့လား ဒါဆို... ဗင်းဆင့်ဗန်ဂိုးရဲ့ လမ်းမကြီးက ...မကြိုဆိုရက်ပါဘူးတဲ့...
ဘုံဆိုင်မှာ တယောက်ထဲအထီးကျန်အတွေးနဲ့အပြီးပြန်ပေးပါလို့တောင်းဆိုလာခဲ့ရင်လဲ ကိုယ့်တော့... ပန်းပွင့်မဟုတ်ပေမဲ့...
ဝေဆာနေမှာပါ။ ပွဲလည်တင့်တဲ့ နတ်သမီးလေးတပါး၊ရွှေ ငွေဇိမ်ခံအရက်တွေနဲ့ တေ့ဆက်ဂုဏ်ပြုအနမ်းကလန်းဆန်းနေမှာပဲ
မဟုတ်ဖူးလား။ ကောင်းကင်ကကြယ်တပွင့် ဆွတ်ခူးပေးနိုင်တယ်ဆိုတာ ပုံပြင်တပုဒ်ပါ။အိမ်မက်တခုပါ။ အခင်းကျင်းကောင်းလို့
ပွဲလည်တင့်တာပါ တံဆိပ်မကပ်ခင်က သူဘာမှမဟုတ်ပါဘူး ရိုးသားမှုက တန်ဖိုးမရှိတာလား ဖြူစင်မှုကအရောင်အသွေး
ကင်းမဲ့တာလား နေချင်သလိုနေပါ။ ပျော်ချင်သလိုပျော်ပါ။မီးရောင်တွေက ပူပါတယ်။ နှလုံးသားတွေကလောင်ကျွမ်းနေပါတယ်...
မရောင်းပါဘူးဆိုမှ ဝယ်ချင်နေတယ်ဆိုတာ သဘာဝတခုပါ မရတာကိုမှ လိုချင်နေတာလည်း ခံစားမှုတခုပါ နေ့စဉ်နဲ့အမျှ
တွေ့ချင်သည့် ကာလတွေ မမေ့နိုင်တဲ့ အချိန်တွေ နောက်ကျောမှာကပ်လျှက်ရှိတာ။ ရုတ်တရက်တွေ့ဆုံခိုက်မှာ မသိသလိုနေလိုက်တာ
အချစ်လား။တကယ်တော့...ငွေဟာ နာတာရှည်ရောဂါသည်ပါ ဒေါင်းဒင်္ဂါးတပြား၊ဒေါ်လာပိုက်ဆံတွေလို မဟုတ်လို့လား။
ယပ်ခတ်လို့မရလို့လား။ စံပယ်ဖြူလေးတွေက ကျက်သရေရှိနေတာပါ သူ့ရင်ဘတ်ပေါ်က ဆူးနှင်းဆီက...ကူးစက်တဲ့ ဗိုင်းရပ်စ်တွေပါ။
သိပါလျှက်နဲ့မသိချင်ဟန်ဆောင်နေတာ ဗိုင်းရပ်စ်ကို စိန်ခေါ်နေတာလား။ ပြုံးပြနှုတ်ဆက်သွားတာက...နှလုံးသားကို
နှစ်သိမ့်မှုတရပ်ဆိုရင် အနာဂတ်ဟာ ရေချိုးစင်ပေါ်က အရည်ဖျော် ဆပ်ပြာတတုံးလိုပဲ ဖြစ်သွားမှာပေါ့။
အားမလျော့ မာန်မလျှော့...နောက်မဆုတ် ကြောက်ရွံ့မနေဘူး။ မိုင်ကုန်မောင်းနှင်ရရင် လီဗာတဆုံးနင်းထားမှာပါ။
အတွေးတွေဆုတ်ပြတ်မသွားပါဘူးပေးဆပ်ခြင်းအတွက်လဲ ဝိရောဓိမဖြစ်ဘူး။

No comments:
Post a Comment