
Photoshop အခြေခံသင်ခန်းစာ(၁)ရေးပြီးနောက် မရေးဖြစ်တာလဲကြာပါပြီ။ ဆက်လက်ရေးသားဖို့ စိတ်ကူးရှိပေမယ့် အကြောင်းအကြောင့် ဆက်မရေးဖြစ်တာပါ။ ဒီလိုမရေးဖြစ်တာကလည်း Photoshop နဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ e-book တွေကလည်း အလွယ်တကူရှာလို့ရတော့ ကိုယ်ရေးတဲ့အကြောင်းအရာတွေက အဆင့်အတန်းမမီမှာ စိုးရိမ်မိပါတယ်။
ဒါပေမယ့် ဘာလို့ဆက်ရေးတာလဲမေးရင်တော့ သင်တန်းတက်ဖို့အခက်အခဲရှိသူ၊ အချိန်မပေးနိုင်သူ တွေအတွက် တစ်နေ့ ၁၀ မိနစ်လောက် လေ့လာရင် အဆင်ပြေနိုင်အောင် ရေးမယ်ဆိုတဲ့စိတ်ကူး ဖြစ်ပေါ်လာလို့ပါ။
အခုလေ့ကျင့်ခန်းအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ စကင်ဖတ်တဲ့အခါမှာ စောင်းသွားတဲ့ပုံကို တည့်မတ်သွားအောင် လုပ်တဲ့နည်းကလေးကို ပြောပြပါမယ်။

အခုပေးထားတဲ့ပုံကို သင့်ရဲ့စက်ထဲကို Download ချထားပြီး လေ့ကျင့်သင့်ပါတယ်။
အဆင့်(၂)
Download ချထားတဲ့ပုံကို Photoshop ထဲဝင်ပြီး ဖွင့်ပါ။

Window ကို Maximize လုပ်ပါ။

အဆင့်(၂)
Tool box က Crop Tool ကို ရွေးချယ်ပါ။

ပုံပေါ်မှာ အောက်ပါအတိုင်း ဆွဲချလိုက်ပါ။

အဆင့်(၃)
ဒေါင့်မှာဖြစ်ပေါ်နေတဲ့ Handle နေရာမှာ Mouse ကို ထားလိုက်ရင် မြားအကွေးလေးပေါ်နေပါမယ်။ အဲဒီမြားအကွေးလေးနဲ့ ပုံစောင်းနေတဲ့အနေအထားအတိုင်း လှည့်ပေးပါ။ လိုအပ်တဲ့ နေရာတွေမှာ ပုံလေးအတိုင်း ခြုံငုံမိအောင် အတိုးအလျော့လုပ်ပေးပါ။ အောက်မှာပေးထားတဲ့အတိုင်းဖြစ်လာ အောင်လုပ်ပေးပါ။

အဆင့်(၄)
Enter Key ကို ခေါက်လိုက်ရင် စောင်းနေတဲ့ပုံလေး တည့်သွားပါလိမ့်မယ်။

နည်းပညာကြွယ်ဝနိုင်ကြပါစေ။
အားလုံးကိုခင်မင်လေးစားလျက်
No comments:
Post a Comment