Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 April 2012

“မိုး”အတွက်နှင့်.........

ခေါင်းငုံ့ ထားတဲ့သူကိုမှ
မော့မကြည့်နဲ့ ပြောထွက်သူ...။
ခါးတွေချည့်လွန်းနေသူကိုမှ
အားမနာတတ်သူ။
မြေနိမ့်ရာကိုပဲ
လှံစိုက်ချင်တတ်သူ။
အဲလိုလူတွေနဲ့ အတူတူ
ခရီးတလူလူထွက်နေရတော့
ရင်ထဲကဓါး
ခဏခဏ ထုတ်သွေးနေမိတယ်။
ကိုယ့်အတောင်ပံတွေ ချည်နှောင်ထားတဲ့ကြိုး
မြတ်နိုးမိတဲ့  “ မိုး ” အတွက် ဖြစ်လို့ 
တစ်ဆစ်ဆစ်နာကျင်လည်း
 ရင်မနာသလိုနေရစ်တယ်...။
ဘ၀က နေပူထဲလျှောက်ဆဲ
အရိပ်ထဲကိုလည်း ရောက်ခဲတယ်လေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့