Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

ကျွန်မသိခဲ့သော အချစ်ဆိုသည်မှာ......

ကျွန်မသိခဲ့သော အချစ်ဆိုသည်မှာ......
အဖြေမရှာနိုင်တဲ့ ပုစ္ဆာတပုဒ်ကို ကိန်းဂဏန်းတွေချ
ရေတွက်လို့ မရတဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ပြီး
မောဟဆိုတဲ့ ဖော်ပြလို့ မရတဲ့ အတိတ်တွေကိုရေတွက်ြ့ပီး
နောက်ကြောင်းပြန်လှည့်ဖို့ လည်း တွေးခဲ့မိဘူးတယ်......


တောင်းတခဲ့ဖူးပါတယ် ကြေကွဲရိပ်သန်းနေတဲ့ မင်းရဲ့မျက်နှာကို
မြတ်နိုးခဲ့ဖူးပါတယ် မင်းရဲ့ စကားကြွယ်ဝမှု့ တွေကို
လွမ်းခဲ့ရဖူးပါတယ် မင်းရဲ့ အတိတ်နောက်ကြောင်းတွေကို
ကြေကွဲခဲ့ရဖူးတယ် မင်း နဲ့ ငါကြားကသံသယတွေကို............



လမ်းဆုံမှာ ရပ်ပြီး ခလေးတစ်ယောက်ငိုကြွေးနေရှာတဲ့.......ငါ့မှာ
ဖြည့်ဆည်းစရာလေး တောင်မရှိတော့
အကူရှာပြီးငိုခဲ့ရတယ် ရွက်ဝါတွေနဲ့အတူပေါ့............



ဖြေရှင်းချက်လေးတောင်မရှိတဲ့ငါမှာ
မက်မောစရာဆိုလို့ ကွဲကြေသွားတဲ့
နှလုံးသားတစ်စုံပဲ ကျန်တော့တယ်............ချစ်သူ



ရေပြင်မှာ ရေရုပ်ဆွဲသလို ထင်ကျန်မှု့ လေးတောင်မရှိတာ
ငါကပဲ ညံ့ခဲ့လို့လားး
လွမ်းတာကို လွမ်းစာဖွဲ့ ရင်တောင်
လွမ်းစရာလေးတောင်မကျန်ပါဘူးချစ်သူ.......



အတောင်ကြိုးသွားတဲ့ ငှက်တစ်ကောင်လို့ 
ပျံသန်းခွင့်ကို ပိတ်ပင်ပြီး အနေခက်စေအောင်
မင်းလုပ်ရက်ပေမဲ့ ငါမပစ်ရက်ဘူးချစ်သူ............



ချစ်ကြိုးတွေသွယ်ခဲ့ပေမဲ့ အစစ်ကြိုးတွေမဟုတ်ခဲ့လို့ 
အချိန်မနှောင်းခင် ပျက်ပြယ်သွားတာ နင်ပျော်ပေမဲ့
ငါနေမပျော်ဘူးချစ်သူ.....



ငါသိတဲ့ အချစ်ဆိုတာ ကိန်းဂဏန်းတစ်ခုမဟုတ်ဘူး
ငါသိတဲ့အချစ်ဆိုတာ အဆင့်အတန်းတစ်ခုမဟုတ်ဘူး
ငါသိတဲ့အချစ်ဆိုတာ အကြောင်းပြချက်မလိုဘူး
ငါသိတဲ့အချစ်ဆိုတာ..ကြေကွဲဖို့ မဟုတ်ဘူး
ငါသိတဲ့အချစ်ဆိုတာ..1500 နဲ့  528 ကြားဗျာများနေဖို့ လည်းမဟုတ်ဘူး.........
အချစ်ကို အချစ်လို မြင်ပြီး နားလည်မှု့ နဲ့ တည်ဆောက်ကြဖို့ ပါ......

ချစ်တတ်သူတိုင်းထာဝရပြုံးပျော်နိုင်ပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့