Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

♥ပြန်ခဲ့ပါတော့ချစ်တဲ့သူရယ်♥

လွမ်းနေတာကို..
လွမ်းစာဖွဲ့လို့..
လွမ်းကဗျာရေးလည်း..
လွမ်းဝေဒနာက..
လွမ်းပြေမသွားဘူး..
လွမ်းနေတာပဲချစ်သူရယ်..

လွမ်းဗိမ္ဘာန်တစ်ခုမှာ..
အလွမ်းတွေစုနေတာ..
အသချေ အနန္တနဲ့.. 
ရင်နှင့်မမျှတော့ဘူး..
နွမ်းနေတဲ့ပန်းတွေတောင်..
ရေစင်ပက်ဖျန်းပေးရင်..
ကန္တာနွေဦးမှာ
ပွင့်ဝေဦးမယ်ချစ်သူရယ်...။

 "မျှော်နေမယ်"
"ပြန်လာနော်..'နဲ့
"ပြန်ခဲ့မယ်.."
"ကြိုနေနော်.".တဲ့..
တာဝန်နဲ့မောလို့..
ပြန်ချိန်စောသူအတွက်..
အလွမ်းမြေမှာပန်းသပြေနဲ့..
ကျွန်မမျော်နေတယ်..
ပြန်ခဲ့ပါတော့ချစ်တဲ့သူရယ်...

6 comments:

Unknown said...

မင်္ဂလာပါ မိတ်ဆွေခင်ဗျား...
အဲ့ဒါတော့ ကျွန်တော်လည်းသိပ်မပြောတတ်ဘူး
ခိခိခိ...။

Unknown said...

ဗိုက်အရမ်းဆာနေလို့  အများကြီးစားလို့ မိတယ် ဗိုက်ထဲမှာပြည့်အင်းပြီးနေရထိုင်မအီမသာဖြစ်နေတယ်။

Unknown said...

သူငယ်ချင်း နင်နတ်ပြည့်ရောက်ရင် နတ်သမီးလှလှလေးဖြစ်မှာပေါ့နော်...။

Unknown said...

ကျွန်တော်ကငယ်ငယ်တုန်းကမှသူငယ်ချင်းကောင်မလေးတစ်ယောက်ကိုအရမ်းချစ်နေမိတယ်။အရွှယ်ရောက်လာလို့ ဖွင့်ပြောတော့သူမကမယုံဖြစ်နေတယ်၊အခုတခြားကောင်လေးတစ်ယောက်နှင့်တွဲနေတယ် အဲဒါတော့မြင်ရတယ် ကျွန်တော်အရမ်းခံစားရတယ်။သူကိုယ့်ဆုံးရှုံးရမှာကြောက်လာလို့ ဖြေသိမ့်တဲ့ အကြံညဏ်လေးပေးပါအုံး သူငယ်ချင်းရယ်၊၊ ကျွန်တော်အရမ်းခံစားရနေလို ပါ။

Unknown said...

နင်ပေးတဲ့ ခံစားချက်
ဘယ်လိုအကြောင်းလဲ ငါမသိ
ထားရာနေစေ၇ာသွား
နင် ဆိုတဲ့ အသိနဲ့ ငါအသက်ရှင်
နင့်အပြင်နောက်ထပ်…..ငါမှ မချစ်ခဲ့ဖူးတာ……….။
နင်ပြောခဲ့တဲ့အချစ်အကြောင်း
ဘယ်လိုအရာနဲ့မှ ငါမနှိုင်းယှဉ်
နင့်အလိုလိုက် နင့်အကြိုက်ဆောင်
နင်ဆိုတဲ့ အတွေးကိုပဲ ငါခုံမင်
နင့်အပြင်နောက်ထပ်…..ငါမှ မချစ်ခဲ့ဖူးတာ……….။
နင်သတ်မှတ်ပေးတဲ့ နားလည်မှု
ဘယ်လိုနည်းနဲ့မှ ငါမဆန့်ကျင်
နင့်မျက်နှာကိုကြည့်….နင့်ရင်ခွင်ကိုမှီ
နင် ဆိုတဲ့ အာရုံကို ငါတပ်မက်
နင့်အပြင်နောက်ထပ်…..ငါမှ မချစ်ခဲ့ဖူးတာ……….။
နင်ချန်ထားခဲ့တဲ့ အထီးကျန်ခြင်း
ဘယ်သူနဲ့မှ အစားမထိုးချင်
နင့်အပျော်ကိုစူးစိုက် နင့်အမိန့်ကိုနာခံ
နင် ဆိုတဲ့အလွမ်းကိုပဲ…..ငါ နှစ်သက်
နင့်အပြင်နောက်ထပ်…..ငါမှ မချစ်ခဲ့ဖူးတာဟာ……..။

Unknown said...

ငါ့အရင်တစ်ယောက်နဲ့ ခဏခဏနှိုင်း
အချစ်စစ်တွေရှိခဲ့တဲ့ ငါ့ကို
သံသယတွေနင်မွေးဖွားခဲ့တယ်…….။
ဘာမှန်းမသိတဲ့ ကိစ္စတွေနဲ့
အရွဲ့တိုက်မှုတွေဆက်တိုက်ခင်း…..
ပြသာနာတွေ နင်ရှာခဲ့တယ်……။
ပျော်ရွှင်မှုတွေ ငါဖန်တီးပေးလည်း….
တခြားသူတွေနဲ့ နင်ခိုင်းနှိုင်း…..
အတွေးဆိုးတွေနဲ့ နင်…..မကြည်နူးနိုင်ခဲ့ဘူး…..။
နင့်ကို အချစ်နိုင်ဆုံး “ငါ” ဆိုတာ ….
နင်ကိုယ်တိုင် လက်ခံနိုင်ခဲ့လည်း……
ရှုပ်ခဲ့ဖူးတဲ့…..ငါ့အတိတ်တွေနဲ့
နင်ငါ့ကို ငြိုငြင်ခဲ့တယ်…….။
နင့်အတွက် ငါရှင်သန်နေတာ
နင့်ယုံကြည်ခဲ့ပေမယ့်…..
မထီမဲ့မြင်တွေ အသုံးပြု
ငါ့ရဲ့သည်းခံနိုင်မှုတွေကို နင်အကဲစမ်းခဲ့တယ်…..။
ဒီလိုနဲ့ပဲ…..
အရာရာကို အရှုံးပေးရင်း….
နင့်ရဲ့စွန့်ခွာခြင်းကို ခံခဲ့ရတဲ့ငါ…..
သက္ကရာဇ်တွေ နောက်ပြန်ကြည့်တော့
နင့်ကို ချစ်ခဲ့တာ ငါမှားခဲ့တယ်……။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့