Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 April 2012

ညစ်နေရင် ဒါလေးဖတ်ကြည့် နော်(ဟာသလေးတွေပါ)

အပေါင်းအသင်း မှားသွားခြင်း
"မင်းဘာကြောင့် ဒီလောက်တောင် မူးအောင်သောက်ရတာလဲ"။
"အပေါင်းအသင်း မှားသွားလို့ပါ။ အရက်မသောက်တတ်သူတွေကို အရက်ဆိုင်ခေါ်သွားမိခဲ့လို့ ကျနော် တယောက်ထဲ
ဒိုင်ခံသောက်ခဲ့ရလို့ပါ"။


မယုံရလို့
အိမ်ဖော်က အိမ်ရှင်မကို ပြောလိုက်သည်။
"အန်တီတို့က အခုထိ ကျမကို အယုံအကြည် မရှိကြသေးဘူး"။
"ဘာဖြစ်လို့လဲ။ ယုံလို့ပဲ အိမ်သော့အားလုံး နင့်ကို ပေးထားတာပေါ့" ။
"ဟင့်အင်း၊ ပြီးခဲ့တဲ့နေ့က မီးခံသေတ္တာကို ဖွင့်ကြည့်တာ သော့တချောင်းမှ ဖွင့်မရဘူး" ။

အကြောင်းရင်း"
 နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက်
တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။

ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။
မှတ်သားတယ်။ မေးမြန်းတယ်။တစ်နေ့မှာတော့.....
မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ
လွှတ်ကျောင်းထားတာကို ကြည့်ပြီး...

"ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"

"တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ"

"ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ" စသည်ဖြင့်
လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။

ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....

"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။

"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"

"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"

ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့်
ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။

မိန်းမကြီး ပြောတာက ဒီလိုလေ...

"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ"

မှတ်ချတ်.......ဖတ်မိသော ဟာသလေးတွေကို  သူငယ်ချင်းတွေရယ်မောနိုင်အောင်မျှဝေလိုတ်ပါတယ်


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့