Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 April 2012

နှလုံးသား သတ်ပုံမှားသူ

သံယောဇဉ်အဖြူသက်သက်ကို
ရက်စက်မယ် မထင်လို့ 
နှလုံးသားကို ခရီးနှင်
သူ့ ကိုပဲ ချစ်ချင်တယ်...။
ချစ်မိလို့  ရင်ခုန်
ဘ၀တစ်ခုလုံးပုံမယ် စိတ်ကူး
ရူးတယ်လို့ ဆိုပေမယ့်
သူသာ အချစ်ဦးဖြစ်လို့ 
မြတ်မြတ်နိုးနိုးပဲချစ်တယ်.....။
တန်ဖိုးထားမိတဲ့ မေတ္တာ
သစ္စာတွေ သွေဖီမှန်းမသိ
နာကျင်လို့  မချိတော့မှ
ရက်စက်တာ လူသိတယ်...။
ထားမိတဲ့ အကြင်နာ
သွားမိတဲ့ စေတနာ
သူ့ဆီသာ  ဦးတည်ရာမှားတော့
သတ်ပုံမှား သူလို
အမှားတွေကို မျက်ရည်သီ....။
သူလိုလူ မနက်ဖြန်နောက်တော့
ခြေရာတွေ ရေမှာပျောက်စေပေါ့
ရင်ထဲမှာ ဆုသီတယ်။
သံသရာအလီလီ
မမြင်မတွေ့ 
မကြားမသိ
သူမရှိတဲ့အရပ်မှာသာ
လူဖြစ်ပါစေရယ်လို့ 
သံသရာဇာတ်လမ်းဖြတ်လိုက်မယ်
ရင်နာတဲ့လမ်းပေါ်မှာ
မကြင်နာသူ အငြိုးတွေနဲ့ 
ကြေကွဲခြင်းမိုးတို့ ရွာ...။
                   ညီမငယ်တစ်ယောက်သို့  ရည်ရွယ်ရေးဖွဲ့ ခြင်းဖြစ်ပါတယ်..။
ယောကျာ်းလေးတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိကာမှ
မလွတ်လပ်သူဖြစ်မှန်းသိတယ်...။
သိတဲ့အချိန်နောက်မကျပေမယ့်
ဖောက်ပြန်ပြီး သစ္စာမရှိတဲ့သူကိုမှ ချစ်မိတာ ရင်နာသတဲ့လေ..။
ညီမငယ်...ရေ့ 
အချစ်ဆိုတာ..ဦးတည်ရာနေရာလွဲတဲ့အခါ
ကြေကွဲစရာတွေဖြစ်လာတတ်လို့ 
အချစ်ကို မရင်းနှီးမိခင်
နှလုံးသားကို ပြင်ဆင်ထားဖို့  လိုတယ်ကွယ်....။
...............................................................ညီမငယ်....ကျေနပ်နိုင်ပါစေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့