Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

(((((( လေလွှင့်ငှက် )))))))




လေဟုန်ကိုခွင်း၍ တိမ်တွေကိုဖြိုခွဲခဲ့တယ်

ငါဟာ.. အရှုံးတွေကြားကရုန်းထွက်လာခဲ့ရတာပါ


လေလွှင့်လာတဲ့ငှက် ....
ခိုနားစရာအခိုင်းအခက်ကမရေရာ
ကြမ္မာမုန်တိုင်း သောကဒီရေလှိုင်းတွေကြားက

မုန်တိုင်းတွေရယ် ....  အမှောင်ညတွေရယ်

ငါ့ကို အနိုင်ယူနေခဲ့ကြတယ်

တကယ်တော့
ငါဟာ လေလွှင့်ခဲ့တဲ့ငှက်တစ်ကောင်ပါ........

မီးတောင်နဲ့ဓါးပင်လယ် ကျော်ဖြတ်ရဆဲမို့

ရင်ခုန်သံဂီတကို ငါ ဘာသာမပြန်နိုင်ခဲ့ဘူး

အတောင်ပံတွေလည်း ညောင်းလွန်းလှပြီ

သို့တစေ ငါ ဆက်လက်ပျံသန်းရဦးမယ်
နှလုံးသား မိုးစက်တွေနဲ့  နေရစ်ခဲ့ပါတော့
ညောင်ညှိရိပ်သန်း
သိုက်မြုံနန်းက ဒေဝီရယ်............


ဟိုး .. အဝေး ရွက်ပြတ်တောက
ငိုသံသဲ့သဲ့ငါကြားနေရတယ်

အတာရေပေါတဲ့အရပ်မှာ ရေငတ်ရတဲ့ဘဝ

သင်္ကြန်ရေစိုရွှဲရမှာတောင် .. မဝံ့မရဲဖြစ်ခဲ့ရတယ်

နွေကိုပဲအပြစ်တင်ရမှာလား
အိမ်နီးချင်းတွေသိရင်ရှက်စရာ

မိုးရယ်... တို့ဆီကိုမြန်မြန်လာခဲ့ပါတော့ကွယ်......

အဲလိုနဲ့ ငါဟာ သောကတွေကိုထွေးပိုက်
အတ္တတွေကိုစလွယ်သိုင်းလို့
ဟန်ဆောင်မျက်နှာဖုံးတွေကိုတတ်ထားခဲ့မိတယ်
ဘဝရဲ့ဆေးခါးကြီးတွေအတွက်ပေါ့
နှလုံးသား ရေစီးကြောင်းမှာ
ခိုဝင်လာတဲ့ပန်းဗေဒါလေးရယ်
ထားရစ်ခဲ့ပါတော့ကွယ်
ငါက  .. 
ဝေဒနာတွေနဲ့သောင်ဖြစ်ထွန်းနေရသူပါကွယ်.....


မိုးရေတစ်စက်ဖြစ်ထွန်းဖို့

နှလုံးသွေးတွေကိုညှစ်ထုတ်နေခဲ့မိတယ်

နှလုံးသားကစီးတဲ့သွေး
နွေကမ္ဘာအတွက် ခဏဖြစ်ဖြစ်အေးမြနေခဲ့ရင်

ကျေနပ်ပါပြီလေ........







အားလုံးကိုလေးစားလျက်ပါ...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့