Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

စိတ်ကူးပေါက်ရာ............ခံစားချက်

လောကမှာမစသင့်တဲ့အရာကိုစမိလို့
မကွဲသင့်တဲ့ငါ့ရဲ့အသည်းဟာ တစ်ဖြေးဖြေးနဲ့
ကွဲကြေလာခဲ့တယ်......။
သစ်ပင်ပေါ်ကသစ်ရွက်ခြေက်များကြွေသလို
ငါ့မျက်ဝန်းထဲကမျက်ရည်စက်တွေလဲ
အတားအဆီးမရှိလေထုထဲကို
ခုန်ဆင်းနေခဲ့တယ်......။
နေထွက်တဲ့နေ့တစ်နေ့မှာ နေ၀င်ချိန်ကို
စောင့်မျှော်မိနေမိတာဘာကြောင့်လဲလို့စဉ်းစားနေတုန်း
ဖြန်းခနဲဆို အဖြေရှာရင်းနဲ့ ပုစ္ဆ္ဆ္ဆ္ဆ္ဆာဟာငါပြန်ဖြစ်သွားတယ်
တွက်ချက်ရင်းနဲ့ အတွက်ခံရသူဟာ ငါပြန်ဖြစ်သွားတယ်
ဒီလိုနဲ့ဇတ်လမ်းတစ်ခုရဲ့ အစမှာပဲ
ဇာတ်ကောင်တွေပျောက်နေခဲ့တယ်................။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့