ကျဉ်းလိုက်ကျယ်လိုက်နဲ့အသိ
လေပြင်းမုန်တိုင်းတွေလည်းရှိ
ကြမ်းတမ်းတဲ့ လှိုင်းဒဏ်ထိမှ
ငါ့ရဲ့ဘ၀..............
ပြိုကျနေတဲ့ကမ်းပါပင်.....
အတိတ်ကမြေပြင်
ပြိုကျပျက်စီးတာလည်းရှိ
တိုက်စားပျောက်ပြတ်တာလည်းရှိ
မှတ်မိနေခြင်းက ခြေသံတစ်စုံ
ရင်အုံနှလုံးသားထက်
ရက်စက်စွာနင်းဖြတ်သွားသူ.............
အရာရာရဲ့ နိဂုံး
အဆုံးသတ်ဆိတ်ကွယ်
အိပ်နေတယ်ထင်တဲ့ နှလုံးသား
ကျရှုံးနာကျင်ခဲရလည်း
ရင်မှလွမ်းနေမိတဲ့ အတိတ်
ငါ့ရဲ့စိတ်နဲ့ ဘ၀တစ်ခုလုံး
ဥပေက္ခာ အပြုံးမှာ
ကျရှုံး ဘ၀ဆုံး အမှောင်ဖုံးနေ..........
ပေးဆပ်ခြင်းတွေ များစွာနဲ့
နှလုံးသားကို စတေးခြင်းပြု
အတွေးနု စိတ်ကူးတွေနဲ့
နူညံ့စွာသော ငါ့အိမ်မတ်
စိမ်းရက်စက် မာယာလက်နဲ့
ဟန်ဆောင်ခြင်း ကိုကိုင်
အဆိပ်ရိုင်းခါးသီး အမုန်းနဲ့
ဘ၀တစ်ခု ဆိတ်သုဉ်းဖို့
အပြုံးမပြတ် ပစ်ခတ်
ငါ......ကွပ်မျတ်ခံရပြီ...................။
No comments:
Post a Comment