တကယ်ဆို..
ငါ့ထွန်းညှိခြင်းရဲ့အမှားတွေအတွက်
နင်ကိုယ်တိုင်
ငြိမ်းသတ်ခဲ့တာပဲမဟုတ်လား..။
အခုထိ..
ခုချိန်ထိပေါ့..
လွမ်းဆွတ်ခြင်းက..
သံပတ်ပေးထားတဲ့နာရီတစ်လုံးလို..
နင့်အတွက်မမောတတ်ခဲ့ဘူး
ဥပေက္ခာပြုထားတဲ့..
နင့်ခြေလှမ်းတွေကိုမှ..
အတိတ်ကောက်နေမိတဲ့..
ငါ့တမ်းတမှုတွေက..
ငွေ့ရည်ဖွဲ့ပြီး
တစ်ဖွဲဖွဲရွာချနေတာတောင်..
ငါ့နှလုံးသားက
ပက်ကြားအက်နေဆဲပါချစ်သူ..
နင်းဖြတ်ခံရတဲ့မြေကြီးတောင်..
ခြေရာထင်ကျန်သေးတာ..
တကယ်ဆိုနှလုံးသားက..
မြေကြီးထက်ပိုပျော့ပါတယ်..
နင့်ရဲ့တစ်ယူသန်မှုတွေကို
အမှန်တရားနဲ့
လျောက်လဲခွင့်မရမှတော့..
သစ္စာတရားကိုပဲအရောင်တင်မိတယ်..
ငါ့နှလုံးသားတစ်ခုလုံး
ကြေမွသွားတာတောင်..
ရူးချင်ယောင်ဆောင်နေဥိးမှာလား..
လဲရင်ထူလို့ရပေမယ့်...
ပုန်းနေရင်တော့...
ငါဘယ်မှာမှရှာလို့မတွေ့နိုင်တော့ဘူးဆိုတာ..
နင်သိမှသိပါလေစ..။
No comments:
Post a Comment