Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

စိုးရိမ်စိတ်

သွားပါ..ငါ့နှလုံးသားဆန္ဒဆန့်ကျင်ဘက်အရပ်ဆီကို
ပူပင်ကင်းစွာနဲ့ပေါ့
သွားပါ..နောက်ကျခဲ့တဲ့ငါ့ရဲ့ခပ်မွဲမွဲအချစ်တွေကို
အယုံအကြည်မဲ့စွာနဲ့ပေါ့
သွားပါ..အရှုံးသမားတစ်ယောက်ရဲ့နဲ့တဲ့တဲ့ညည်းချင်းကို
ခံစားမှုကင်းမဲ့စွာနဲ့ပေါ့
သွားပါ..ဘာမှအခြေအမြစ်မရှိုတဲ့သံယောဇဉ်ယိုင်နဲ့နဲ့ကို
မထီမဲ့မြင်စွာနဲ့ပေါ့
သွားပါ..မင်းအတွက်ငါ့ဘ၀ကို ငါခင်းထားပေးမယ်
အလျင်စလိုတော့မလှမ်း လိုက်နဲ့
ခလုတ်ထိလို့မင်းလဲကျခဲ့ရင်
ဖေးမပေးချင်နေတဲ့ ငါ့နှလုံးသား
အကျင့်ပါသွားမှာစိုးလို့ပါကွာ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့