Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

ရင်ထဲကပန်း

ချစ်သောကိုယ်က…
သမုဒယပွား ယုယထားသည့်
အများအမြင် သည်ဥယျာဉ်မှာ
ရှင်သန်အောင်ပျိုး မိုးရွာနေပူ
မငြူမစူ တာဝန်ယူ
ကြည်ဖြူစွာဖြင့် စိုက်ပါ၏။
ချစ်ရသူက
ရနံ့မွှေးမွှေး တေးလေးကိုဆို
ခွင့်ရေးပိုကာ ရေသာခိုလျက်
မောင့်ကိုတစ်ပွင့် သူကမ်းလင့်မယ်
ချင့်တွက်ခါသာ စေတနာမဲ့
သူပြုခဲ့သည် ကဲ့ရဲ့ပြစ်တင်
အများမြင်က သင်ဟာတွန့်တို
ချိုသာစကား အပြောများနဲ့
လှည့်စားရက်တယ် ထင်မိသည်။
♥ ♥ ♥
အားလုံကိုခင်မင်လေးစားလျက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့