*******************************
ပုံရိပ်လွာလေးမြင်ဖူးခဲ့ယုံနဲ့ ဘ၀တသက်တာရည်စူးသူ “ မ ” အတွက်
ဖျော်ဖြေရာလေးတခုပဲ ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ . . . ။
“ မ” ရေ . . .
ကဗျာလေးတွေဖတ်ရဲ့လား
မောင်ဖွဲ့ဆိုတဲ့အလင်္ကာပေါင်းများစွာက
မောင့်နှလုံးသားနဲ့ကြွေတဲ့မျက်ရည်တွေမို့
အငွေ့အခိုးတွေလိုတဖန်သစ်ပြီ
“ မ ” ရှိတဲ့အရပ်ဆီမှာ
မိုးတွေလိုရွာချလိမ့်မယ် . . ။
“ မ ”
အလွမ်းတွေကိုတော့ညှို့ယူမထားနဲ့နော်
ဝေးကွာခြင်းနယ်မြေတွေကျော်ဖြတ်ပြီရင်
နှစ်ယောက်အတူအပိုင်စားရလိုက်မဲ့
ကြည်နူးခြင်းတွေက
တသက်စာစားလို့မကုန်တဲ့ နတ်သုဒ္ဒါတွေထက်တောင်
ချိုမြိန်နေအုံးမှာပါ . . ။
“ မ ” ရေ . . .
လူတွေပြောတဲ့အချစ်ဆိုတာ
ဘ၀ရဲ့တခုထဲသောစွန့်စားခန်းဆိုရင်လဲ
အဲဒီအချစ်ကိုပဲ ရဲရဲရင့်ရင့်နဲ့မယာမပါပဲ
“ မ ” အလိုကျ ထာဝရချစ်ပြမယ်
စိန်စီပြီးမြနန်းတဆောင်ဖန်တီးမပေးနိင်ခဲ့ရင်တောင်မှ
မောင့်ရဲ့လက်ဖ၀ါးလေးနဲ့
“ မ ” ရဲ့ဦးခေါင်းထက်မှာအုပ်မိုးပေးမယ်လေ . . ။
“ မ ”
မောင်ကစိတ်ဝင်စားစရာကောင်းလောက်အောင်
ရာဇ၀င်ထဲကသူရဲကောင်းမဟုတ်ခဲ့ပေမဲ့
“ မ ” နဲ့ပတ်သက်လာသမျှဝေဒနာအားလုံးကို
မောင့်ရဲ့ဝေဒနာအဖြစ်နဲ့လွဲပြောင်းယူပြီ
ခံစားပေးမဲ့သူပါ
တကယ်တော့ မောင်က
အချစ်အတွက်နဲ့ တခြားသူကိုအုပ်စိုးခွင့်ရတဲ့
မင်းဧကရစ် တော့မဖြစ်ချင်ပါဘူး
ချစ်ခြင်းတွေပဲစစ်မှန်စွာပေဆက်မဲ့
မောင့်ရဲ့မေတ္တာတရားကိုပဲမြင်စေချင်တယ်လေ . . ။
“ မ ” ရေ . . .
“ မ ” က မောင့်အသွေးအသားထဲမှာရော
မောင့်ဘ၀တခုလုံးစာအတွက်ပါ
ပြောင်းလဲသွားအောင်ပြုစားနိင်လွန်းတဲ့
သူယောင်မယ်လေးပါပဲ
“ သံသယမထားနဲ့ကွာ ” လို့ဆိုချင်ပေမဲ့
ယုံရခတ်တဲ့လောကဓံတရားရဲ့ရိုက်ချက်တွေထဲမှာ
“ မ ” နှုတ်ဖျားကလာမဲ့စကားကိုပဲ
အမှန်လို့ မောင်ကယူဆထားခဲ့တာလေ . . ။
“ မ ”
မောင်ကလေ
ကျန်းမာရေးထိ့ခိုက်စေနိင်တဲ့အရာတွေဆိုရင်
“ မ ” အချစ်ကလွဲလို့ဘာမှမမှီဝဲမသုံးစွဲခဲ့ပါဘူး
တခါတလေ “ မ ” ကိုလွမ်းလို့အိပ်မရတဲ့အခါ
မဟူရာကောင်းကင်ကြီးကိုလဲမော့ကြည့်နေခဲ့မိ့တာပေါ့
“ နေကောင်းပါစေ ” လို့ဆုတောင်းပေးဖို့
ကြယ်ကြွေတာကိုမျှော်ငေးနေမိ့တဲ့မောင့်အဖြစ်က
အထီးကျန်ဆန်လွန်းပါတယ် “ မ ” ရယ် . . ။
“ မ ” ရေ . . .
မောင်ဘာမှမတောင်းဆိုတော့ပါဘူး
လူ့လောကအလယ်မှာ အခမဲ့နေထိုင်ခွင့်လေးတခုနဲ့
အပိုဆုလေးအဖြစ် “ မ ” ကိုချစ်နေခွင့်လေးတခုသာ
မောင့်ကမ္ဘာမှာပြီးပြည့်စုံနေခဲ့တာပါ
ပြီးတော့
မောင့်ကိုဘုရားပေးတဲ့ဆုလာဘ်တခုအဖြစ်
“ မ ” သက်မှတ်ထားခဲ့မယ်ဆိုရင်လဲ
တဘ၀ထက်သာလွန်တဲ့ပျော်ရွှင်မှု့တွေကို
မောင်ကဖန်စင်ပေးမှာပေါ့ . . ။
“ မ ”
လိုအပ်သမျှတွေကိုဖြည့်စည်းပေးချင်တဲ့မောင့်မှာ
ဝံ့ကြွားလိုတဲ့စကားနဲ့
မိ့ဖုရားပဲဖြစ်စေရမယ်လို့အယူခံမ၀င်ရဲခဲ့ပေမဲ့
မောင့်အသိညဏ်နဲ့တပ်မက်ပြီ
“ မ ” ဘ၀ကိုအမြဲကာကွယ်စောင့်ရှောက်ပေးချင်တဲ့
မောင့်ရဲ့သစ္စာတရားကိုတော့
ဒီကမ္ဘာမှာ “ မ ” ပဲပိုင်ဆိုင်ခွင့်ရမှာပါ . . ။
တကယ်တော့ “ မ ” ရယ် . . .
“ မ ” ကိုမောင်ချစ်ခဲ့တယ်ဆိုတာ
တလောကလုံးရဲ့လူထုနဲ့မသက်ဆိုင်ပါဘူး
မောင်ဆိုတဲ့သက်ဆိုင်ချင်သူတယောက်အနေနဲ့တင်
လုံလုံလောက်လောက်ပိုင်ဆိုင်သင့်နေပါပြီ
“ မ ” ရဲ့ဘဝ
“ မ ” ရဲ့ဂုဏ်သိက္ခာနဲ့
မိန်းကလေးတယောက်ရဲ့ရှက်တတ်ခြင်းတွေကို
နားလည်လက်ခံပေးရင်း
( ရိုးရိုးလေးပဲ )
ရိုးရာမပြတ်ရှင်သန်နေထိုင်ချင်တဲ့မောင့်အတွက်တော့
“ မ ” ငြိုငြင်လိုက်မဲ့အရာတိုင်းဟာ
မောင့်အတွက်အရှက်နဲ့
မောင့်ရဲ့အသက်ပါပဲ . . . ။ ။
= “ မ ” အတွက် နှလုံးသားဖြင့်ရင်း၍
No comments:
Post a Comment