အချစ်က လူတစ်ယောက်ရဲ့ဘ၀ကို အများကြီးပြောင်းလဲပေးနိုင်တယ်။
အချစ်က နံနက်ခင်းမှာ လင်းလက်လာတဲ့ နေမင်းကြီးနဲ့တူတယ်။
ညရောက်ရင် အလင်းပေးတဲ့ လမင်းကြီးနဲ့တူတယ်။
ခရီးသွားတွေကိုလမ်းပြပေးတဲ့ ဓူဝံကြယ်နဲ့တူတယ်။
အချစ်နဲ့ပတ်သက်လာရင် အကောင်းရော အဆိုးရော ရောယှက်နေတယ်။
အဆိုးဆုံးကတော့ အချစ်မှာ အာမခံချက်မရှိဘူး။အများကြီးမျှော်လင့်ထားဖို့ မသင့်ဘူး။
အဆိုးတကာ့အဆိုးဆုံးအချစ်ကတော့ အထင်ကြီးပြီးချစ်ကြတဲ့ အချစ်မျိုးပဲ။
လူတစ်ယောက်ရဲ့ဘ၀ကို အထင်ကြီးမိပြီဆိုရုံနဲ့ ချစ်ပြီလို့ပြောမရပေမယ့်ကြာလာရင် ကိုယ်အထင်ကြီးတဲ့လူရဲ့
စွမ်းဆောင်နိုင်ရည်ကိုကြည့်ပြီး လေးလေးစားစား ချစ်မိသွားတတ်ကြတယ်။
စိတ်ကူးနဲ့ လက်တွေမတူညီပေမယ့် အချစ်နဲ့ပတ်သက်လာရင် လူတွေအားလုံးက ရူးသွပ်သွားတတ်ကြတယ်။
ကြားဖူးတာလေးတစ်ခုရှိတယ်။ အသိညဏ်ကင်းမဲ့ခြင်းရဲ့ အဆုံးဟာ ချစ်ခြင်းရဲ့ အစ။တဲ့။
ဖြစ်နိုင်ပါတယ် ကျွန်တော်တို့ လူတစ်ယောက်ကိုချစ်မိလာရင် ချစ်တာကလွဲရင် ဘာမှအလေးအနက်မထားမိကြ
တော့ဘူး။
ဒါရူးသွပ်မှုတစ်ခုပေါ့။ ကျွန်တော်ကတော့ ချစ်မိမှာကိုကြောက်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အချစ်က နွေရာသီမှာ အေးတယ်ထင်ရတယ်။
ဆောင်းရာသီမှာ နွေးထွေးတယ်ထင်ရတယ်။ဒါ အထင်ပဲရှိသေးတယ်။
တကယ့်အမြင်မှာတော့ နွေရာသီမှာ ပူသလိုမျိုး၊
ဆောင်းရာသီမှာ အေးသလိုမျိုးပေါ့။
တိတ်ဆိတ်နေတဲ့အချစ်မှာ မျှော်လင့်ချက်တွေမရှိဘူးလို့ပြောကြပေမယ့် ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကိုတော့
မမျှော်လင့်တဲ့သူဘယ်သူရှိမလဲ။
ရှင်းပါတယ် အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေပါပဲ။ဒါပေမယ့် ခဏတာတိုက်တဲ့ လေပွေလေးတွေလို အချစ်က
ပွေလီရှုပ်ထွေးတယ်။
မမြင်နိုင်တဲ့အချစ်မှာ တွန်းအားတွေရှိတယ်။လတ်ဆတ်တဲ့အတွေးနဲ့ ဖမ်းစားမိတဲ့အချစ်ဆိုတာ သူရဲဘောကြောင်
တဲ့အချစ်မျိုးမဟုတ်ဘူး။
သူရဲဘောကြောင်တဲ့အချစ်မှာ ပျော်ရွှင်မှုမရှိဘူး။အချစ်က သတ္တိရှိလေ ပျော်ဖို့ကောင်းလေပဲ။
ကိုယ်ချစ်တဲ့သူနဲ့သာ အတူလက်တွဲသွားရမယ်ဆိုရင် ၀မ်းနည်းပက်လက်အသည်းကွဲနေတဲ့သူဆိုတာ ရှိမှာတောင်မ
ဟုတ်ဘူး။
ဒါပေမယ့် အချစ်ကထင်သလောက် မရင့်ကြပ်ဘူး။အတွေ့အကြုံရှိပြီးသားဆိုရင်တောင် အချစ်ကနာကြင်မှုလေးတွေ
တော့ပေးတတ်တယ်။
တကယ့်အချစ်မှာ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ဖွဲ့စည်းထားတာမဟုတ်ဘူး။
တကယ့်အချစ်ဆိုတာ လက်တွေ့ဆန်တဲ့ ဘ၀ထဲမှာ ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိပဲ။
စိတ်ကူးနဲ့ချစ်၊စိတ်ကူးလေးနဲ့ရူး၊ စိတ်ကူးလေးနဲ့တင်အသည်းကွဲတယ်ဆိုတဲ့ အချစ်မှာ အတ္တကလွဲရင်မျှော်လင့်
စရာမရှိဘူး။
မချစ်ဘူးတဲ့သူမရှိပေမယ့် မချစ်တတ်တဲ့သူတွေကတော့ပေါတယ်။
မချစ်တတ်ပေမယ့်လဲ ဘာမဆိုရင်ဆိုင်ရဲတဲ့ ချစ်သူတွေလဲရှိတယ်။
ချစ်သူတွေကြားမှာ အလိုအပ်ဆုံးက နားလည်မှုပဲ။
နားလည်မှုဆိုတာ အပြောလွယ်သလောက်အလုပ်ခက်တယ်။ဘာဖြစ်လို့လဲ.....
ရှင်းပါတယ် အချစ်မှာပုန်းရှိုးကွယ်ရှိုးလုပ်တတ်တဲ့ တကိုယ်တော် အတ္တရှိတယ်လေ။
ဘာမဆိုမပိုင်ဆိုင်ရချင်နေပါစေ သူ့အချစ်လေးတော့ပိုင်ဆိုပါရစေဆိုတဲ့ အတ္တပဲ။
အဲဒီအတ္တဟာ နုတယ်ထင်ရပေမယ့် နှလုံးသားကိုတော့ အရောင်တွေဆိုးပေးတယ်။
ကြားလာတော့ နှလုံးသားတွေလဲမဖြူစင်တော့ဘူး။
လင်းလက်တဲ့ကောင်းကင်မှာ တိမ်ညိုတွေအုံးမှိုင်းပြီး မိုးတွေရွာသလိုမျိုးပေါ့။
အချစ်က နုနယ်လေ နှိပ်စက်လေပဲ။
နုနယ်တဲ့အရွယ်မှာ အချစ်က ကဗျာဆန်တယ်။ပညာရှင်ဆန်တယ်။
ဒါပေမယ့် အချစ်က ရက်စက်တတ်တယ် အသက်ကြီးတယ် ငယ်တယ် မခွဲဘူး။ခွဲစရာရှိရင် ခွဲတတ်တာ အချစ်ပဲ။
ကဲ ဒါဆိုရင် ကျွန်တော်တို့ဟာ ဘာ့ကြောင့်အချစ်ကိုမျှော်လင့်နေဦးမှာလဲ။
ကျွန်တော် အားဆေးလေးတစ်ခွက်ပေးလိုက်မယ်။
တစ်နေ့တစ်ခါ ချစ်တတ်အောင်သင်ယူပါ သင်ယူလေ့လာရင်းနဲ့ ချစ်ပါ။ မျှော်လင့်ချက်မဲ့သွားတဲ့အခါ မေ့မေ့ပြောက်
ပြောက် နေတတ်အောင်ကြိုးစားပါ။
အထူးတလည် အရေးကြီးနေရာပေးပြီး ချစ်ဖို့မကြိုးစားပါနဲ့ အချစ်က ချစ်မိလေ ခံစားရလေလေပါ။
No comments:
Post a Comment