-
ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ချင်တယ်ဆိုရင် မသွားမလာအပ်တဲ့ မိန်းမ(၂၀) ကို ရှောင်ကြဉ်ရပ့ါမယ်။(၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊(၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ၊(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ် စောင့်ထိန်းသော မိန်းမ၊(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊(၉) သာရက္ခ - ကိုယ်ဝန်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ၊(၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ(၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊(၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊(၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊(၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊(၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မိန်းမ၊(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊(၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊(၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်း မ၊(၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။
- ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၁)မှ(၈)ထိ အချက်ဟာ မိန်းမနဲ့ယောက်ျား နှစ်ယောက်လုံး ဖောက်ပြန်ခဲ့လျှင် ယော်ကျားမှာပဲ အပြစ်ဖြစ်ပါတယ်။ မိန်းကလေးမှာတော့ အပြစ်မဖြစ် ပါဘူး။ ဒါပေမယ့် ဖော်ပြခဲ့တဲ့အချက်(၂၀)မှာ နံပါတ်(၉) မှ နံပါတ်(၂၀)အထိ မိန်းမ(၁၂)မျိုးမှာဆိုရင်တော့ မိန်းမရော ယောက်ျားရော အပြစ်ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့... အကြင် မိန်းမဟာ လင်ပိုင်ဆိုင်သော ကာမအတွေ့အထိကို ခိုး၍ သူတစ်ပါးအား ပျော်မွေ့ စေသောကြောင့် ဖြစ်ပါတယ်။ ယောက်ျားများမှာမူ ထိုမိန်းမ(၂၀)တို့တွင် မည်သူနှင့်မဆို ဖောက်ပြန်ပါက ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ နောက်ထပ် ယောက်ျားများအတွက် ဖော်ပြထားတဲ့ မိန်းမအမျိုး(၂၀) အပါအ၀င် ကာမေသု မိစစ္ဆာစာရကံ ထိုက်သော အချက်လေးချက်ရှိပါတယ်..။ အဲ့ဒါတွေကတော့..(၁)အထက်မှာဖော်ပြသောမိန်းမအမျိုး(၂၀)တို့တွင်ပါဝင်ခြင်း၊(၂)ကျင့်ပြုမှီဝဲလိုစိတ်ရှိခြင်း၊(၃)ရနိုင်သောနည်းဖြင့်လုံ့လပြုခြင်း၊(၄)ပြုကျင့်ခြင်းကိုလည်း သာယာခြင်း တို့ဖြစ်ပါတယ်။ဒီအချက်ကတော့ လူတို့၏ ခန္ဓာကိုယ်တွင် မဖောက်ပြန်သင့်သော လမ်းကြောင်းသုံးမျိုး အကြောင်းပါ။ ဤသုံးမျိုးတို့ကို လွဲမှားစွာပြုလုပ်လျင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်။ အဲ့ဒါတွေကတော့ (၁)ကျင်ကြီးစွန့်ရာလမ်းကြောင်း၊(၂)ကျင်ငယ်စွန့်ရာလမ်းကြောင်း၊(၃)စကားပြောရာလမ်းကြောင်းတို့ဖြစ်ပါတယ်။
နောက်ပြီး မိမိကာမပိုင်မိန်းမပင် ဖြစ်လင့်ကစား ကာမေသုမိစ္ဆာစာရကံ ထိုက်သော အချက်လေးချက် ရှိပါတယ်။ အိမ်ထောင်ကျပြီး ယောက်ျားများ လိုက်နာသိသင့်တဲ့ အချက်တွေပါ။ အဲ့ဒါတွေကတော့ (၁)မိမိမိန်းမကိုယ်ဝန်အလွန်ရင့်သောအခါ၊(၂)မိဘဆရာလူအများတို့မြင်သဖြင့်မသင့်တော်သောနေရာ၊(၃)ကျင့်ရိုးမဟုတ်ခြင်းနှင့်လွဲမှားစွာပြုကျင့်ခြင်း၊(၄)ဆေးဝါးမှီဝဲပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ တို့ပဲဖြစ်ပါတယ်။
ကျနော် ဖော်ပြခဲ့တဲ့အထဲမှာ စကားလုံး ရိုင်းသွားလို့ ရှိရင်လည်း တောင်းပန်ပါတယ်။ ရှင်းရှင်းလင်းလင်း သိသွားဖို့အတွက် နားလည်လွယ်အောင်ပဲ အလွယ်သုံးလိုက်တာပါ။ ဘာလို့ဒီအကြောင်းကို ရှင်းအောင် ဖော်ပြရလဲဆိုတော့ ကျနော်တို့ လိုလူငယ်တွေ အများဆုံးထင်ထားကြတာက အခကြေးငွေပေးပြီး ကျူးလွန်လျှင် အပြစ်မရှိဘူး.. နောက်ပြီး ကိုယ့်ချစ်သူမိန်းကလေးနဲ့ နှစ်ဦးသဘောတူ ကျူးလွန်လျှင် အပြစ်မရှိဘူး လို့ထင်ထားကြတာတွေ များလို့ပါ။ တကယ်တမ်းက ကိုယ့်ကာမပိုင် မိန်းမမဟုတ်ပဲ တစ်ခြားတစ်ယောက်နဲ့ ဘယ်လိုပဲ ကျူးလွန်မိမိ ကာမေသုမိစ္ဆာစာရကံ ထိုက်ဖို့များပါတယ်။ ဒါ့ကြောင့် ကိုယ့်ကာမပိုင် မိန်းမမှတစ်ပါး အခြားသူကို ဘယ်လိုနည်းနဲ့မဆို မကျူးလွန်မိဖို့ စောင့်ထိန်းသင့်ပါတယ်။ စောင့်ထိန်းဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ ကာမေကျူးလွန်ခြင်းကို အလွဲသိကြပြီး အမှားတွေ ဆက်မှားနေမှာ ဆိုးတဲ့အတွက် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ လူတိုင်း ကာမဖောက်ပြား ကျူးလွန်ခြင်းကို ရှောင်ကြဉ်နိုင်ကြပါစေ။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 29 April 2012
ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ရန် မသွားမလာအပ်တဲ့ မိန်းမ(၂၀)
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
April
(547)
- လူသား ဟုတ်မဟုတ် အငြင်းပွားစေသည့် အလှနတ်သမီး
- အဖြူရောင် အချစ်ကဗျာ စစ်စစ်
- Window 7 ရဲ့ Password ကို Clean လုပ်တဲ့ Software
- ဒူဘိုင်းမှ အံ့မခန်း အားကစားမြို့တော်
- နှင်းခိုတဲ့ငှက်...
- ပန်းအလှူအစွမ်း အံ့မခန်း(ရုပ်ချောချင်ရင် ပန်းလှူပါ)
- ရင်ထဲကပန်း
- WiFi Hack နည်း မြန်မာလို စာအုပ်
- စိတ်ချမ်းသာစေမဲ့ စကားများ
- ♥ပြန်ခဲ့ပါတော့ချစ်တဲ့သူရယ်♥
- အမေ့မျက်ရည်များ
- အသည်းကွဲသူ
- အချစ်ဇာတ်လမ်းလေးတပုဒ်
- ဘ၀တန်ဖိုး
- အချစ်နဲ့ပတ်သက်လာရင်
- အသဲကွဲဇာတ်လမ်း(၁)
- “သမုဒယတွေသာ နှောင်ကြိုးလိုမငင်ခဲ့ရင်…”
- ရရှိထားသောချစ်စရာပုံလေးတွေပါ အားလုံးနဲ.မျှဝေချင်လို.
- ချစ်သူသိစေ
- မန်မာပြက္ခဒိန် MM Calendar for Android
- ..........သင့်ကို တကယ်အလေးအနက်ထားသူ နဲ့ အလေးအနက်မထ...
- .....နှလုံးသားခုန်တိုင်း ပြုံးပြေ နမယ်....
- သိသင့်သောဗဟုသုတ
- Photoshop အခြေခံသင်ခန်းစာ(၂)
- (((((( လေလွှင့်ငှက် )))))))
- ...ငါ... ....အမုန်းဆုံး... ...အိပ်မက်...
- :):):) မျှော်လင့်ခြင်း (သို့) သိပါစေ :):):)
- မိန်းမ မာယာ ၅ ဖြာ
- စိုးရိမ်စိတ်
- မိန်းမ နဲ့ ယောင်္ကျား ဘယ်သူ ပိုလှပတင့်တယ်လည်း?
- ***ဖုန်မှုန့်နဲ့တူတဲ့ငါ့အချစ်***
- ♥ဥပေက္ခာရပ်ဝန်းထဲပိတ်မိနေတဲ့ကျွန်မအသည်း♥
- စောစောအိပ်လို့  စောစော ထလို့  စောစော လမ်းလျှောက်ြ...
- တည်မြဲတဲ့အရာတစ်ခု......။
- ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ရန် မသွ...
- ဟာသထဲက ဟာသ
- ဆင်လောက်မှ မလိမ္မာသေးဘဲကိုး
- ဝသုနြေ္ဒရီ ရှိရဲ့လား
- နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများနှင...
- ကျွန်မသိခဲ့သော အချစ်ဆိုသည်မှာ......
- အသဲကွဲဇာတ်လမ်း
- ၁၅၀၀ တစ်ထောင့်ငါးရာ ကိန်းဂဏန်းထက်ကြီးသွားသော ၅၂၈ င...
- ''မင်းဟာလည်း..ယောက်ျားကောင်းတစ်ယောက်ပဲပေါ့"
- အံ့သြဖွယ်ရာ မြတ်စွာဘုရား ဖွားမြင်တော်မူရာအခါ၌ ရှေ့...
- ***..မြတ်စွာဘုရားရှင်၏ “ ဦးခေါင်းရိုးတော်ဓာတ်တော် ...
- အလွမ်းနဲ့ မိတ်ဖွဲ့ရင်း စောင့်မျှော်နေမယ်
- နမ်းခွင့်......။
- ” ချစ်ခြင်းများစွာဖြင့် မ သို့ ”
- ကဗျာမြစ်ထဲက ပန်းဝိညာဉ်စီးချင်း
- အိမ်အပြန်လမ်း
- စိတ်ကူးပေါက်ရာ............ခံစားချက်
- ချစ်နေဆဲပါ
- ကမ္ဘာကြီး အချစ်လိုတယ်..။
- အိုင်တီခေတ် အင်တာနက်စကားပုံများ..
- *****.လေလှိုင်းသူငယ်ချင်း*****
- ဗုဒ္ဓဘာသာ အပိုင်း(၂)
- ဗုဒ္ဓဘာသာ အပိုင်း (၁)
- မြန်မာကဗျာ မိတ်ဆက် အပိုင်း (၁)
- လွမ်းပင်အောက်ကစောင့်နေမယ်..........ချစ်သူ
- ငါ့ကိုအရင်ထွက်သွားခွင့်ပြုပါ
- ကွန်ပျူတာတွေအတွက် (Making Winamp Player Skin) တဲ့ဗ...
-းးးးးးးးးးးးးးးးးးးးးးးးးး ခွဲမသွားနဲ့နော်းးးးးးး...
- ခွင့်မလွှတ်နဲ့......♥ကောင်မလေး♥
- ချစ်သူ
- ရယ်စရာမောစရာလေးတွေပါ
- အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ
- လူ့ဘဝကြီး၏ အကြီးမားဆုံးသော အသိတရား (၁၄) ချက်
- Smile! .... ပြုံးပါ။
- မျက်စိနဲ့ချစ်တဲ့ အချစ်
- ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း
- - “ ကံအကောင်းဆုံး မိန်းမမြတ် ”
- wallpaper လှလှလေးတွေ....
- လူတစ်ယောက်ကိုချစ်ရတာ ပျော်ဖို့ကောင်းတယ်။
- အချစ်ဆုံးမုန်းသူသို့ 
- “ နှုတ်စကား ရဲ့ အာနိသင် ”
- သဘာဝကိုလက်ခံရင်
- (မေမေရဲ့မေတ္တာ)
- ယနေ့ ထိမေ့မရဘူးချစ်သူရယ်
- .......ချစ်သူ........
- ချစ်သူဆီသို့
- ♥ဥပေက္ခာရပ်ဝန်းထဲပိတ်မိနေတဲ့ကျွန်မအသည်း♥
- ♥♥♥ . နှလုံးသားရဲ့စကားသံ . ♥♥♥
- သံတရာဘ၀အပြောင်းအလဲဆိုတာတကယ်ရှိတယ်
- အားလုံးကိုပျော်စေချင်သူ
- ရူးသွပ်နေသောမိန်းကလေး
- မျက်ရည်စက်များရဲ့ အတ္ထုပ္ပတ္တိ
- နှလုံးသား သတ်ပုံမှားသူ
- မြတ်စွာဘုရား၏ နေ့ထူးနေ့မြတ် ခုနစ်နေ့
- ပုဂံဘုရားပုဂံအလှ
- ကမ္ဘာကျော်များ ပြောသောစကား
- ~~~~ စုစည်းမိသော ဂျီတော့ စာသားလေးးများ ~~~~~~
- ထူးခြားတဲ့ပုံရိပ်လေးများ
- သင်တကယ်ချစ်တတ်ပြီလား
- ယုံကြည်ပါ...........
- ဘာကြောင့်ချစ်တာလည်း
- နှလုံးသားမှာ ပွင့်တဲ့ ကျောက်ပန်းခက်လေး...
- ဟာသလေးများ အပိုင်း - (၃)
- ♥ကျွန်မရင်ခုန်သံတွေခေါင်းညိတ်နေတယ်♥
- ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်
- မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်
-
▼
April
(547)
No comments:
Post a Comment