Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 April 2012

! ချစ်သူရှိသောသူများတွင် မရှိအပ်သည့် ဆယ့်တစ်ချက် !

ချစ်သူရှိသော အမျိုးသားနဲ့အမျိုးသမီးတွေမှာ မရှိအပ်တဲ့ အချက်တွေကို ဖော်ပြပြီး ဖြစ်တဲ့အတွက် ဒီတစ်ခါတော့ချစ်သူ
ရှိသောသူများမှာ မရှိသင့်တဲ့ အချက်ကလေးတွေကို စိတ်ကူးရှိသမျှ ချရေးပေးလိုက်ပါတယ် ။ ကိုယ်နဲ့ တိုက်ဆိုင်တာ
ရှိရင်ရှောင်ရှားသင့်ပြီး မတိုက်ဆိုင်ရင်လည်း ဖတ်သွားစေလိုပါတယ် ။ ကျားရော မရော မခွဲခြား ပဲ ယေဘူယျရေးထား
တဲ့အတွက်မေတ္တာပို့သံတွေ ဝေဆာမနေလောက်ဘူးလို့ ထင်ပါတယ် :P


၁ ။ မိမိချစ်သူ၏ ကိစ္စများကို အရေးကြီးသည်ဟုမထင်ပဲ ငါ့ကိစ္စသာလျှင်အရေးကြီးတယ် သူ့ကိစ္စက ရွေ့လို့ ရပါ တယ်
ကွာစသဖြင့် အရေးမကြီးသလို လစ်လျှူ ရှု တတ်ခြင်း ။

၂ ။ မိမိချစ်သူနှင့် အတူရှိနေစဉ်အတွင်းတွင် အလိုက်ကမ်းဆိုးမသိပဲ သူငယ်ချင်းကိစ္စများအကြောင်း ၊ အလုပ် ကိစ
္စ များအကြောင်း ၊ ဘလော့များအကြောင်း ရေပက်မ၀င်အောင်ပြောဆိုတတ်ခြင်း ။

၃ ။ အကြောင်းတစ်စုံတစ်ခုကြောင့် ဘာမဟုတ်တာလေးနှင့် တင်းမာကြပြီဆိုလျှင် သူက ယောင်္ကျားလေးပဲ စချော့
ပေါ့ ၊သူက မိန်းကလေးပဲ ချစ်သူကိုနွေးထွေးရကောင်းမှန်းမသိဘူးလား အလကားနေ အတိုက်အခံ လုပ်နေ တယ်စ
သဖြင့်အလျော့မပေးတတ်ခြင်း ။

၎ ။ မိမိချစ်သူနှင့် ချိန်းတွေ့စဉ်အတွင်း မိဘမောင်နှမအကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုခြင်း ( သူ့အိမ်က
အမျိုးတွေကို ငါ့ထက်ပိုချစ် ပိုခင်တွယ် တယ် စသဖြင့် အထင်လွဲခံရနိုင်ပါတယ် ။ )

၅ ။ မိမိချစ်သူက တစ်ခုခုကို အထင်လွဲနေသည့်အခါ နားလည်အောင်ရှင်းပြဖို့မကြိုးစားပဲ သူငါ့ကိုတ ကယ်ချစ် တယ်
ဆိုရင် ငါ့ကို အထင်လွဲစရာမလိုပါဘူး နားလည်ပေးရမှာပေါ့ ဒါငါ့ကို တကယ်မချစ်လို့ အထင်လွဲတာပဲ စသဖြင့် အပြိုင်
တင်းမာတတ်ခြင်း ။

၆ ။ မိမိချစ်သူနှင့် ဆုံတွေ့စဉ် နွေးထွေးကြင်နာသော စကားများမပြောဆိုပဲ အေးတိအေးစက်နေထိုင်တတ်ခြင်း ။

၇ ။ ဘာမဟုတ်သည့် အသေးအဖွဲကိစ္စလေးကို ဂရုမပြုမိသည့်အတွက် တစ်ဖက်သားအတွက် ကြီးစွာသော စိတ် ဒါဏ်
ရာကို ရစေတတ်ခြင်း ။

၈ ။ မိမိချစ်သူနှင့် ရှေ့ရေးအနာဂါတ်အကြောင်းအရာများကို မတိုင်ပင်ပဲ ချစ်သူဘ၀ တွင်သာနေ လိုပြီး ရှောင် ပတ်
ဝေ့နေတတ်ခြင်း ။

၉ ။ တစ်ဖက်သား၏ စိတ်အလိုဆန္ဒ ၊ တောင့်တမှု ၊ မျှော်လင့်ချက် ၊ စသည်တို့ကို သိရှိအောင် မလုပ်ပဲ ကိုယ့်အတ္တ
ကိုယ်သာရှေ့တန်းတင်တတ်ခြင်း ။

၁၀ ။ မိမိချစ်သူအား ဒါတွေလုပ်ရမယ် ၊ ဒါတွေမလုပ်ရဘူး ၊ ဒီလူတွေနဲ့မခေါ်ရဘူး ၊ ဒီကိုမသွားရဘူး ၊ ဒီwebsite
 က ထွက်ရမယ် ၊ဒီ account မသုံးရဘူး စသဖြင့် အမိန့်ပေါင်းများစွာ ပေးတတ်ခြင်း ( သူဟာ ငါ့ကိုချစ်တော့ ချစ်
တာပေါ့ဒီလောက်တောင်ချုပ်ချယ်တာတော့မကောင်းပါဘူး ငါ့မှာလွတ်လပ်မှုမရှိတော့ဘူး စသဖြင့် ချစ်သူရဲ့ အထင်
လွဲမှုကိုခံရနိုင်ပါတယ် ။ )

၁၁ ။ မိမိချစ်သူ gtalk account ချက်မေလ်း ၊ block list စသည်တို့အား မွှေနှောက်ရှာဖွေပြီး (ဘယ်သူတွေ နဲ့ချက်
ထားလဲသူချက်တာ ငါတွေ့မှာစိုးလို့ ဘယ်သူတွေကို များ ပြန် block ထားပြီး ဘယ် ချက်မေလ်းတွေကိုများ ဖျက်ထား
ပါလိမ့် စသဖြင့်သံသယများစွာ ထားရှိခြင်း ။ ( ကိုယ်ချစ်သော သူအပေါ် သံသယ ထားရှိခြင်းဟာ ကိုယ့်ရဲ့အကြီးမား
ဆုံး သော ဆုံးရှုံးမှုသာလျှင်ဖြစ်ပြီး အလွန်မိုက်မဲသော အပြုအမူ တစ်ခုဖြစ်တယ် )

အချစ်ဆိုတာ အလွန်နူးညံ့တဲ့ စိတ်ဝိဥာဉ်တစ်ခုဖြစ်တယ် ။ ယနေ့အချစ်ကြီးချစ်ကြပေမယ့် နက်ဖြန်မှာ အမုန်းကြီး
မုန်းသွားနိုင်တယ် ။ ရယူလိုမှု ၊ ပိုင်ဆိုင်လိုမှု ၊ စိတ်တိုင်းမကျမှု ၊ သံသယ နဲ့ ဒေါသတွေ က အေးမြဖြူ စင်တဲ့အချစ်ကို
ပူလောင်တဲ့စိတ်ညစ်စရာအချစ် ဖြစ်သွားစေနိုင်တယ် ။ ရိုးရိုးလေးပဲတွေးပါ ။ ဖြူဖြူစင်စင်ပဲချစ်ပါ ။ အတ္တ နဲ့ မကောင်း
မြင်စိတ်တွေမပါပါစေနဲ့ ။ အတူရှိနေစဉ်မှာ တစ်ဦးကိုတစ်ဦး တန်ဖိုးထားဖို့လိုတယ် ။ အရာရာ မှာ မရေရာ သေချာမှုမ
ရှိတဲ့ လောက ၊နေ့မြင်ညပျောက် ဘ၀ကြီးမှာ အချစ်အတွက်နဲ့ အနစ်မွမ်းခံပြီး ကိုယ့်စိတ် ကိုယ်မနှိပ်စက်ပါနဲ့ ။
လွတ်လပ်ခွင့်ပေးထားပါ ။အချစ်ဆိုတာ ချုပ်ချယ်ဖို့မဟုတ်သလို အတူနေမှ ပြီးပြည့်စုံတာ လည်းမဟုတ်ဘူး ။ ကိုယ်
လည်းသူ့ကို ချစ်နေမယ် ၊သူလည်းကိုယ့်ကိုချစ်နေမယ် ။ ကျန်တာဘာမှမလိုပါဘူး ။ ဒီစိတ်ဝိဥာဉ်ပေါင်းစပ်မှုကိုတော့
ဘယ်အတားအဆီးမှမဖျက်ဆီးနိုင်ဘူး ။

အချစ်ဆိုတာကို နားလည်သဘောပေါက်ပြီး အချစ်အတွက်ပူလောင်မှုတွေကင်းဝေးပြီး အေးချမ်းမှုတွေ ရရှိနိုင်ကြ
ပါစေ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့