Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

ချစ်နေဆဲပါ

ခဏတာ အချစ်တွေလို့ 

မင်းနှလုံးသားက ထင်နေပေမယ့်

ငါချစ်နေတာတစ်သက်စာပါ

ချစ်တယ်ပြောချင်ပေမယ့်

ပြောမထွက်တာဟာ

သွေးကြောင်လို့ တော့မဟုတ်

သွေးပျက်စရာတွေ ဖြစ်ကုန်မှာကြောက်လို့ပါ။


ငါ့နှလုံးသားကတော့၂၄ နာရီ

မင်းကို ချစ်တယ်ပဲပြောနေတာပါ

ငါ့အချစ်တွေကို

မင်းတစ်နေ့နားလည်လိမ့်မယ်ဆိုတဲ့

မျှော်လင့်ချက်ကို ရင်မှာပိုက်လို့

ငိုခဲ့ရတဲ့ရက်တွေက

ယနေ့ထိတိုင်အောင်ပါပဲ

သို့ ပေမယ့်ချစ်တယ်

တမ်းတမ်းတတနဲ့ချစ်နေမိတယ်။

စမ်းရေပမာအေးမြတယ်ဆိုပြီး

ရင်ခွင်သစ်မှာ

မင်းသာယာနေမယ်ဆိုရင်တောင်

ယနေ့တိုင်ငါ့နှလုံးသားထဲမှာ

နေရာအပြည့် ယူနေတာဟာ

မင်းတစ်ယောက်တည်းဆိုတာ

မမေ့လိုက်ပါနဲ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့