Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 April 2012

(မေမေရဲ့မေတ္တာ)

                (မေမေရဲ့မေတ္တာ)
(မေမေရဲ့မေတ္တာ)
မွေးခန်းထဲမှာ
သေမင်းနှင့်စစ်ခင်း အံတု၍လည်း
သားမှန်းသ္မီးမှန်း မသိသေးတဲ့
....မေမေရဲ့မေတ္တာ....
အုဝဲဆိုထဲက
နို့ချိုတိုက်ကျွေး
နာကျင်ကိုက်ခဲတာတွေဘေးထား၍
သားနဲ့သ္မီးမျက်နှာကိုကြည့်လို့
ပီတီဖြစ်နေတဲ့
....မေမေရဲ့မေတ္တာ....
ကြီးမားလှသော
မြင့်မိုရ်တောင်သာမက
သီတာရေစင်ပမာ
အေးမြလို့လည်း
စမ်းရေကြည်ပမာ
မေတ္တာရေဖြင့်
အရိပ်ကောင်းသော
သစ်ပင်ရိပ်တစ်ခုလို
အုပ်မိုးပေး၍
ပြုစုစောင့်ရှောက်ပေးတဲ့
....မေမေရဲ့မေတ္တာ....
ဖဝါးလက်နှစ်လုံး
ပခုံးလက်နှစ်သစ်
လူဖြစ်အောင်ကျွေးမွေးစောင့်ရှောက်ပေးတဲ့
.....မေမေရဲ့မေတ္တာ....
ရှင်တော်မြတ်ဘုရား
မွေးမေကျေးဇူး
နို့တစ်လုံးဖိုးမကျေ
ပုထုဇဉ်လူသား
သားနဲ့သ္မီးငါ့တို့မှာလည်း
မေမေကျေးဇူး
နို့တစ်လုံးဖိုးမပြောနဲ့
မေမေခြေဖဝါးအောင်မှ
ခြေမှုန်တွေတောင်ပြောင်အောင်မသုပ်နိုင်
.....မေမေရဲ့မေတ္တာ....
လက်ဆယ်ဖြာထိပ်မှာမိုး၍
ရှစ်ခိုးတာတောင်ကျေမယ်မထင်
မေမေကျေးဇူးမည်သို့ဆက်မည်နည်း.......
အားလုံးကိုလေးစားလျှက်ပါ...
ကြိုးစား၍ရေနေဆဲပါ..
ကျေးဇူးတင်ပါတယ်ဗျာ..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့