တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက ``တစ်ချို့ဗုဒ္ဓစာပေတွေကိုဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊
တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ဘာကြောင့်လဲ..`` ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။ ဟိုတစ်လောကလည်း ကလေးမလေးတွေက'ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊မြန်မာပြည်မှာဆိုပိုလို့တောင်ဆိုးသေးတယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့
နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊ မတက်ရဆိုတဲ့ နေရာတွေအများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…''တဲ့။မှန်ပါတယ်။ ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့်
ပြဿနာပါ။ အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဒီလိုဝင်မိတာလည်းအပြစ်လို့ ပြောလို့မရပါဘူး။ တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့်
ဘာသာတရားမှာ ဟောကြားထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။ အထူးသဖြင့်ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း
ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ်မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့်မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။ လူလူချင်းအတူတူ
ခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်းတစ်ချို့က ရင်ဖွင့်လာကြပါတယ်။
တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါအစိပ်အပိုင်းများကြောင့်ပဲ နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေ
ဖြစ်နေတာပါ။ ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာအမျိုးသားများလို လွတ်လပ်မှုမရှိတာ၊ အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန်ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။ သေချာတာကတော့ အမျိုးသမီးတွေဟာ
အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။ ထင်ရှားအောင်ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့
အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။ဗုဒ္ဓဘာသာလာကမ္မနိယာမသဘောတရားအရကြည့်ရင်အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့အကျိုးတွေ ပိုများလို့ပါ။ မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။ အတိတ်အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့်ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။ အမရပူရ ဆရာတော်ကြီးကတော့
အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကိုပြောပြတာပါ။ ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်းအမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ်ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကိုရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။
ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့
ခွဲခြားမှုမရှိပါဘူး။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊အမျိုးသမီး ခွဲခြားမှု မရှိသလို အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊ခွဲခြားဆက်ဆံတဲ့ သဘော၊ ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့
သဘောများ မရှိခဲ့ပါဘူး။ အမျိုးသမီးများကိုလည်း လူသားများအဖြစ်လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ
ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။ အမျိုးသားများ သောတာပန်ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း
ရဟန္တာ ဖြစ်နိုင်ပါတယ်။ အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလိုအမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ နောက်ဆုံးအမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊
အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့်အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကိုခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ
အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့်ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။
ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့လွတ်မြောက်ရေးဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။ အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး
ဆိုတာမရှိခဲ့ပါဘူး။ ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကိုသိနိုင်ပါတယ်။ သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရအမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။ ယုတ်ညံ့တဲ့
သူများအဖြစ် မသတ်မှတ်ပါဘူး။ ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီးကွဲပြားတဲ့အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး
အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာသက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များနည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။
သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှုစတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ကျင့်သီလမြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက
အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ်ချီးကျူးတော်မူပါတယ်။ အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင်ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။ ဘုရားရှင်ရဲ့
ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက ``မောဃပုရိသ- မဂ်ဖိုလ်မပြီးအချည်းနှီးသော ယောက်ျား`` ဆိုတဲ့စကားပါ။ ပြီးတော့ တစ်အိမ်ထောင်တည်းဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင်
နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊ မယားကသီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ပေါင်းသင်းခြင်းနှင့် တူကြောင်း စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲအကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။ ဒါတွေကို
ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊ အမျိုးသမီးများကိုနှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။
အချုပ်အားဖြင့် ပြောချင်တာက ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်းအနည်းငယ်ကွဲပြားနေတာ၊ ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့် စစ်မှန်တဲ့
သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေနိဗ္ဗာန်မရသေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။ အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊
စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့်ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်းအမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့
အမှန်တရားဖြစ်ပါတယ်။ ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကိုရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေရှိနေကြတဲ့အတွက် အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့်
ယုတ်နိမ့်တဲ့သူများ၊ အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူးဆိုတာပါဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ဒီလိုသူမျိုးကို နိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။ ဒီနိမ့်ကျမှုကတော့အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ
ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာအမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့်
အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကိုလိုက်နာကျင့်သုံးနေမယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးကအမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက် ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲ
အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊ အမျိုးသားများထက်အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာကြိုးစားသင့်ပါကြောင်း…
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday, 25 April 2012
အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
April
(547)
- လူသား ဟုတ်မဟုတ် အငြင်းပွားစေသည့် အလှနတ်သမီး
- အဖြူရောင် အချစ်ကဗျာ စစ်စစ်
- Window 7 ရဲ့ Password ကို Clean လုပ်တဲ့ Software
- ဒူဘိုင်းမှ အံ့မခန်း အားကစားမြို့တော်
- နှင်းခိုတဲ့ငှက်...
- ပန်းအလှူအစွမ်း အံ့မခန်း(ရုပ်ချောချင်ရင် ပန်းလှူပါ)
- ရင်ထဲကပန်း
- WiFi Hack နည်း မြန်မာလို စာအုပ်
- စိတ်ချမ်းသာစေမဲ့ စကားများ
- ♥ပြန်ခဲ့ပါတော့ချစ်တဲ့သူရယ်♥
- အမေ့မျက်ရည်များ
- အသည်းကွဲသူ
- အချစ်ဇာတ်လမ်းလေးတပုဒ်
- ဘ၀တန်ဖိုး
- အချစ်နဲ့ပတ်သက်လာရင်
- အသဲကွဲဇာတ်လမ်း(၁)
- “သမုဒယတွေသာ နှောင်ကြိုးလိုမငင်ခဲ့ရင်…”
- ရရှိထားသောချစ်စရာပုံလေးတွေပါ အားလုံးနဲ.မျှဝေချင်လို.
- ချစ်သူသိစေ
- မန်မာပြက္ခဒိန် MM Calendar for Android
- ..........သင့်ကို တကယ်အလေးအနက်ထားသူ နဲ့ အလေးအနက်မထ...
- .....နှလုံးသားခုန်တိုင်း ပြုံးပြေ နမယ်....
- သိသင့်သောဗဟုသုတ
- Photoshop အခြေခံသင်ခန်းစာ(၂)
- (((((( လေလွှင့်ငှက် )))))))
- ...ငါ... ....အမုန်းဆုံး... ...အိပ်မက်...
- :):):) မျှော်လင့်ခြင်း (သို့) သိပါစေ :):):)
- မိန်းမ မာယာ ၅ ဖြာ
- စိုးရိမ်စိတ်
- မိန်းမ နဲ့ ယောင်္ကျား ဘယ်သူ ပိုလှပတင့်တယ်လည်း?
- ***ဖုန်မှုန့်နဲ့တူတဲ့ငါ့အချစ်***
- ♥ဥပေက္ခာရပ်ဝန်းထဲပိတ်မိနေတဲ့ကျွန်မအသည်း♥
- စောစောအိပ်လို့  စောစော ထလို့  စောစော လမ်းလျှောက်ြ...
- တည်မြဲတဲ့အရာတစ်ခု......။
- ကာမဂုဏ်ဖောက်ပြားမှားယွင်းခြင်းမှ ရှောင်ကြဉ်ရန် မသွ...
- ဟာသထဲက ဟာသ
- ဆင်လောက်မှ မလိမ္မာသေးဘဲကိုး
- ဝသုနြေ္ဒရီ ရှိရဲ့လား
- နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများနှင...
- ကျွန်မသိခဲ့သော အချစ်ဆိုသည်မှာ......
- အသဲကွဲဇာတ်လမ်း
- ၁၅၀၀ တစ်ထောင့်ငါးရာ ကိန်းဂဏန်းထက်ကြီးသွားသော ၅၂၈ င...
- ''မင်းဟာလည်း..ယောက်ျားကောင်းတစ်ယောက်ပဲပေါ့"
- အံ့သြဖွယ်ရာ မြတ်စွာဘုရား ဖွားမြင်တော်မူရာအခါ၌ ရှေ့...
- ***..မြတ်စွာဘုရားရှင်၏ “ ဦးခေါင်းရိုးတော်ဓာတ်တော် ...
- အလွမ်းနဲ့ မိတ်ဖွဲ့ရင်း စောင့်မျှော်နေမယ်
- နမ်းခွင့်......။
- ” ချစ်ခြင်းများစွာဖြင့် မ သို့ ”
- ကဗျာမြစ်ထဲက ပန်းဝိညာဉ်စီးချင်း
- အိမ်အပြန်လမ်း
- စိတ်ကူးပေါက်ရာ............ခံစားချက်
- ချစ်နေဆဲပါ
- ကမ္ဘာကြီး အချစ်လိုတယ်..။
- အိုင်တီခေတ် အင်တာနက်စကားပုံများ..
- *****.လေလှိုင်းသူငယ်ချင်း*****
- ဗုဒ္ဓဘာသာ အပိုင်း(၂)
- ဗုဒ္ဓဘာသာ အပိုင်း (၁)
- မြန်မာကဗျာ မိတ်ဆက် အပိုင်း (၁)
- လွမ်းပင်အောက်ကစောင့်နေမယ်..........ချစ်သူ
- ငါ့ကိုအရင်ထွက်သွားခွင့်ပြုပါ
- ကွန်ပျူတာတွေအတွက် (Making Winamp Player Skin) တဲ့ဗ...
-းးးးးးးးးးးးးးးးးးးးးးးးးး ခွဲမသွားနဲ့နော်းးးးးးး...
- ခွင့်မလွှတ်နဲ့......♥ကောင်မလေး♥
- ချစ်သူ
- ရယ်စရာမောစရာလေးတွေပါ
- အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ
- လူ့ဘဝကြီး၏ အကြီးမားဆုံးသော အသိတရား (၁၄) ချက်
- Smile! .... ပြုံးပါ။
- မျက်စိနဲ့ချစ်တဲ့ အချစ်
- ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း
- - “ ကံအကောင်းဆုံး မိန်းမမြတ် ”
- wallpaper လှလှလေးတွေ....
- လူတစ်ယောက်ကိုချစ်ရတာ ပျော်ဖို့ကောင်းတယ်။
- အချစ်ဆုံးမုန်းသူသို့ 
- “ နှုတ်စကား ရဲ့ အာနိသင် ”
- သဘာဝကိုလက်ခံရင်
- (မေမေရဲ့မေတ္တာ)
- ယနေ့ ထိမေ့မရဘူးချစ်သူရယ်
- .......ချစ်သူ........
- ချစ်သူဆီသို့
- ♥ဥပေက္ခာရပ်ဝန်းထဲပိတ်မိနေတဲ့ကျွန်မအသည်း♥
- ♥♥♥ . နှလုံးသားရဲ့စကားသံ . ♥♥♥
- သံတရာဘ၀အပြောင်းအလဲဆိုတာတကယ်ရှိတယ်
- အားလုံးကိုပျော်စေချင်သူ
- ရူးသွပ်နေသောမိန်းကလေး
- မျက်ရည်စက်များရဲ့ အတ္ထုပ္ပတ္တိ
- နှလုံးသား သတ်ပုံမှားသူ
- မြတ်စွာဘုရား၏ နေ့ထူးနေ့မြတ် ခုနစ်နေ့
- ပုဂံဘုရားပုဂံအလှ
- ကမ္ဘာကျော်များ ပြောသောစကား
- ~~~~ စုစည်းမိသော ဂျီတော့ စာသားလေးးများ ~~~~~~
- ထူးခြားတဲ့ပုံရိပ်လေးများ
- သင်တကယ်ချစ်တတ်ပြီလား
- ယုံကြည်ပါ...........
- ဘာကြောင့်ချစ်တာလည်း
- နှလုံးသားမှာ ပွင့်တဲ့ ကျောက်ပန်းခက်လေး...
- ဟာသလေးများ အပိုင်း - (၃)
- ♥ကျွန်မရင်ခုန်သံတွေခေါင်းညိတ်နေတယ်♥
- ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်
- မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်
-
▼
April
(547)
No comments:
Post a Comment