ရွှေတိဂုံစေတီတော်ရှိ မဟာ ဗုဒ္ဓ၀င်ပြခန်းနဲ့ ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတို့ကို ဆက်သွယ်တဲ့ ပေါင်ကူးလျှောက်လမ်း၊ စောင်းတန်းကြီး ဆောက်လုပ်ဖို့
အတွက် ဈေးပြိုင် တင်ဒါ ခေါ်ယူလျက် ရှိတယ်လို့ သိရပါတယ်။
အခုလို ရွှေတိဂုံ စေတီတော် အနောက်ဘက် အောက်ပစ္စယာရှိ၊ မဟာ ဗုဒ္ဓ၀င်ပြခန်း၊ အဆောက်အအုံမှ အလယ် ပစ္စယံရှိပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက် အဆောက်အအုံတို့ကို ဆက်သွယ်တဲ့ ၂၅ ပေ အကျယ်ရှိ ပေါင်းကူး လျှောက်လမ်း စောင်းတန်းကြီးကို ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။
အဲ့ဒီ ပေါင်းကူး လျှောက်လမ်း စောင်းတန်းကြီးမှာ အလေးချိန် ၁၃၅၀ ကီလိုဂရမ်ရှိ ဓာတ်လှေကား လေးစီးနဲ့ စောင်းထောင့် ၁၂ ဒီဂရီရှိ Travellator နှစ်စီး ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါင်းကူး လျှောက် လမ်း စောင်းတန်းတော်ကြီးအား ဆောက်လုပ်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များဟာ အဆိုပါ လုပ်ငန်းအတွက် ပစ္စည်းတန်ဖိုး၊ လုပ်အားခ သယ်ယူ ပို့ဆောင်ခ အပါအ၀င် ဈေးပြိုင် တင်ဒါတင်သွင်းဖို့ ဖိတ်ခေါ်ပေးသွားမယ်လို့ သိရပါတယ်။ တင်ဒါပုံစံနဲ့ စည်းကမ်းချက်များကိုတော့ ဂေါပက အဖွဲ့ရုံးလုပ်ငန်း ဌာနမှာ ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

No comments:
Post a Comment