Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 5 June 2013

မြို့တွင်း ယာဉ်လိုင်း အချို့ကို ယာဉ်စီးရေ ၂၀၀ ထပ်မံ ဖြည့်စွက် ပြေးဆွဲသွားရန်ရှိ


လက်ရှိ ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲလျက်ရှိတဲ့ ယာဉ်လိုင်းအချို့မှာ ယာဉ်အစီးရေ ၂၀၀ ထပ်မံဖြည့်စွက် ပြေးဆွဲဖို့ ရှိတယ်လို့ မထသ ဗဟိုမှ တာဝန်ရှိသူ
တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီလိုပြေးဆွဲရာမှာတော့ ခရီးသည် များပြားပြီး ယာဉ်အစီးရေ နည်းပါးလျက်ရှိတဲ့ ယာဉ်လိုင်းများမှာ ထပ်မံဖြည့်စွက်သွားမှာ ဖြစ်သလို အခြားသော ယာဉ်လိုင်း လိုအပ်မှုရှိတဲ့ နေရာများမှာ ဦးစားပေး ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပြေးဆွဲသွားမယ့် ယာဉ်များကတော့ ပြည်ပမှ တင်သွင်းလာတဲ့ ဟွန်ဒိုင်းကား အမျိုးအစားများ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပြေးဆွဲမှုကို ဆောင်ရွက်နိုင်ခြင်းဟာ နိုင်ငံတော် သမ္မတကြီးက ခရီးသည်တင် ယာဉ်များအတွက် ဆီဂါလံ တစ်သန်းကျော်ကို ချထားပေးတဲ့ အတွက် ယခုလို ထပ်မံဖြည့်စွက် ပြေးဆွဲမယ့် ကားအစီးရေ ၂၀၀ မှာ ထည့်သုံးပြီး ပြေးဆွဲမှု ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ခရီးသည်တင် ယာဉ်များ ထပ်မံဖြည့်စွက်ပြေးဆွဲမှု ဆောင်ရွက်နိုင်တာကြောင့် လက်ရှိ ဖြစ်ပေါ်လျက်ရှိတဲ့ ယာဉ်မလုံလောက်မှုများနဲ့ ခရီးသည်တင် ယာဉ်များ ကြံ့ခိုင်မှုအပိုင်းမှာပါ အထောက်အပံ့ ရနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့