Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် လုပ်ကိုင်ရန် လျှောက်လွှာ ခေါ်ယူ

လက်ရှိ EPS-Topik စာမေးပွဲ အောင်မြင်ပြီး သူတွေ အတွက် အလုပ် လျှောက်လွှာ ခေါ်ယူခြင်းကို လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှစပြီး ၁၈ ရက်နေ့ အထိ
လျှောက်လွှာများကို လက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လျှောက်ထား ရာမှာတော့ မေလတွင်း စစ်ဆေးခဲ့တဲ့ ပဉ္စမအကြိမ် ကိုရီးယား ဘာသာ အရည်အချင်းစစ် စာမေးပွဲကို အောင်မြင်ခဲ့သူတွေ အနေနဲ့ အလုပ် လျှောက်လွှာတွေကို သတ်မှတ် ထားတဲ့ ခုံနံပါတ် အလိုက် လျှောက်လွှာ များကို လက်ခံ သွားမှာ ဖြစ်ပါတယ်။

လျှောက်လွှာ ၀ယ်ယူရာ မှာလည်း လျှောက်ထား လိုသူ ကိုယ်တိုင် လာရောက်ပြီး ၀ယ်ယူရမှာဖြစ် လျှောက်လွှာ တစ်စောင် ကိုတော့ လေးထောင့် ငါးရာကျပ်နဲ့ ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လျှောက်ထားမှု အနေနဲ့ ကတော့ လုပ်ငန်း အမျိုးအစား ကန့်သတ်ထားခြင်းမျိုး မရှိဘူးလို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ကျွမ်းကျင်မှု အလိုက် ရမှတ်ပေါ် မှုတည်ပြီး ရွေးချယ် သွားမယ့် လုပ်ငန်းတွေ အတွက် စာမေးပွဲ ကိုတော့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ စစ်ဆေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့