Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 25 June 2013

မြို့နယ် အချို့တွင် တန်ဖိုးနည်း ဖုန်းဆင်းကတ် ချထားပေးမှု နည်းပါး သွားလျက်ရှိ

ယခုလ ဇွန်လ အတွက် ငွေကျပ် တစ်ထောင့် ငါးရာ တန်ဖိုးနည်း CDMA မိုဘိုင်း ဆင်းကတ်များ ချထားပေးမှုမှာ ယခင်လကထက် လျော့နည်း
သွားတာ ဖြစ်ပါတယ်။ အခုလို လျော့နည်း ရာမှာ ယခင်လက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကြည့်မြင်တိုင် မြို့နယ် အတွင်းမှာ ငွေကျပ် တစ်ထောင့်ငါးရာ တန်ဖိုးနည်း CDMA မိုဘိုင်း ဆင်းကတ် ချထားပေးမှုမှာ ဆင်းကတ် တစ်ထောင့် နှစ်ရာကျော် ရှိနေခဲ့တာဖြစ်ပြီး ယခုလ မှာတော့ တစ်မြို့နယ်လုံးကို ဆင်းကတ် ၇၅၈ ကတ်သာ မဲနှိုက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စမ်းချောင်း မြို့နယ် မှာလည်း ကျပ်တစ်ထောင့် ငါးရာ တန်ဖိုးနည်း CDMA မိုဘိုင်း ဆင်းကတ် ချထား ပေးမှုဟာ ဧပြီလမှာ ဆင်းကတ် တစ်ထောင့်ငါးရာကတ်၊ မေလမှာ ဆင်းကတ် တစ်ထောင့် ကိုးဆယ့်လေးနဲ့ ယခုဇွန်လ အတွင်း မှာတော့ ဆင်းကတ် ၆၈၂ ကတ်ကိုသာ တစ်မြို့နယ်လုံး မဲဖောက်ပေး သွားမှာ ဖြစ်ပါတယ်။ အခုလက်ရှိ မှာတော့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း အချို့သော မြို့နယ်များမှာ ဆင်းကတ် များကို တတိယ အကြိမ် မဲဖောက်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့