လက်ရှိအစိုးရ၏ ကျန်းမာရေးကဏ္ဍ ပြုပြင်ရေး အပိုင်းများအနက် သိသာထင်ရှားသည့် ပြောင်းလဲမှုတစ်ခုကို ဇူလိုင် လ ၁ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် တရားဝင် ထုတ်ပြန်ခဲ့ရာ ယင်းအပြောင်းအလဲသည် အစိုးရသစ်လက်ထက် မတိုင်ခင် ဦးနှောက်ယိုစီးမှု ဖြစ်ပေါ်ခဲ့သော မြန်မာ နိုင်ငံ၏ အခြေအနေကို တစ်စိတ်တစ်ပိုင်း ပြန်လည် ဖြည့်ဆည်းခြင်းဟုလည်း ယူဆနိုင်သည်။
ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဆေးကောင်စီက ပြည်ပနိုင်ငံ များမှ ဆေးပညာဘွဲ့ M.B.B.S နှင့် အလားတူ ဘွဲ့ရရှိပြီးသူ မြန်မာနိုင်ငံသား ဆရာဝန်များအတွက် ပထမဆုံးအကြိမ် ဆေးကုသမှု လိုင်စင်ထုတ်ပေးရန် ယခုလဆန်းပိုင်းတွင် ကြေညာထားသည်။
မြန်မာနိုင်ငံတွင် အစိုးရ အဆက်ဆက် ပြည်ပရောက် မြန်မာနိုင်ငံသား ဆရာဝန်များကို ပြည်တွင်း၌ တရားဝင် ဆေးကုခွင့် မပြုသည့်အတွက် လူ့စွမ်းအား အရင်းအမြစ်များစွာ ဆုံးရှုံးခဲ့ရသည်။ ယင်းကြောင့် မိမိနိုင်ငံသားများ၏ လူ့အရင်းအမြစ် ပြန်လည် စီးဝင်လာရေးအတွက် ယခုကဲ့သို့ ဖိတ်ခေါ်မှုကို ကြိုဆိုရမည် ဖြစ်သည်။
ကျန်းမာရေးကဏ္ဍတွင် အခြေခံ လိုအပ်ချက်များ ရှိနေသော်လည်း ပြည်တွင်းတွင် ကုသပေးနေသော ဆရာဝန်များနှင့် ပြည်တော် ပြန်ဝင်လာမည့် ဆေးပညာဆိုင်ရာ အတွေ့အကြုံ ရှိပြီးသော မြန်မာနိုင်ငံသား ဆရာဝန်များ ပူးပေါင်းဆောင်ရွက် မည်ဆိုပါက အစိုးရ၏ကျန်းမာရေး ပြုပြင်ပြောင်းလဲရေးတွင် အထောက်အကူ ဖြစ်လာနိုင်သည်။ အထူးသဖြင့် ပြည်ပနိုင်ငံများတွင် အလုပ်မှ အနားယူပြီးသော ပါရဂူ၊ သမားတော်ကြီးများ ပြည်တော်ပြန် ဝင်လာပြီး နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်ပိုင်း မြှင့်တင်ရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်လျှင် ပိုအကျိုးသက်ရောက်မှု ရမည် ဖြစ်ကြောင်း ဆေးပညာ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
တစ်ဖက်တွင်လည်း ဆေးပညာ ဘွဲ့ရချင်းတူလျှင်ပင် ပြည်တွင်း တွင် ပြည်သူ့ကျန်းမာရေးဌာနတွင် တာဝန်ထမ်းနေသော လက်ထောက် ဆရာဝန်တစ်ဦးသည် တစ်လလျှင် အခြေခံလစာကျပ် တစ်သိန်းခွဲသာရရှိပြီး ပုဂ္ဂလိက ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသူ လက်ထောက် ဆရာဝန်တစ်ဦးသည် တစ်လလျှင် ပျမ်းမျှအားဖြင့် ကျပ်နှစ်သိန်းမှ သုံးသိန်းရရှိသည်။
အဆိုပါပမာဏသည် ပြည်ပနိုင်ငံတစ်နိုင်ငံတွင် လက်ထောက်ဆရာဝန်အဖြစ် လုပ်ကိုင်နေသူတစ်ဦး၏ ဝင်ငွေနှင့် အဆများစွာ ကွာခြားလှကာ အခြားဝန်ဆောင်မှု ပိုင်းတွင်လည်း သိသိသာသာ ကွာခြားမှုများ ရှိနေသေးသည်။ ထို့ကြောင့် အစိုးရက ဖိတ်ခေါ်နေသော်လည်း ပြည်တော် ပြန်ဝင်ရန် နိုင်ငံသားဆရာဝန်များ စိတ်ဝင်စားမှု ရှိ၊ မရှိဆိုသည့် မေးခွန်းများ ထပ်မံပေါ်ပေါက်လာသည်။
ပုဂ္ဂလိက ဆေးရုံတစ်ရုံရှိ ဆရာဝန်တစ်ဦး၏ အခြေခံလစာ၊ အခြားအခြေခံ လိုအပ်ချက်များ၊ ဆေးရုံသုံး ဆေးပစ္စည်းများ ပံ့ပိုးမှု အပိုင်းသည် ပြည်ပနိုင်ငံများနှင့် များစွာကွာခြားလျက် ရှိသည့်အပြင် ကျန်း မာရေး စောင့်ရှောက်မှု မူဝါဒပိုင်းတွင်လည်း ကွဲပြားမှုများ ရှိနေသည်။
“သူတို့လစာဆိုရင် အချိုးအဆကအစ အများကြီးကွာတယ်။ ဒါကို လက်ခံနိုင်၊ မနိုင်ပေါ်မူတည်ပြီး ဘယ်လောက် ဝင်လာနိုင်မလဲ သိနိုင်မယ်” ဟု အင်းစိန်မြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံ တစ်ခုဖြစ်သော သီရိစန္ဒာဆေးရုံ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးနိုင်မြင့်က သုံးသပ်ပြောဆိုသည်။
“ပြန်လာတဲ့ ဆရာဝန်တွေအတွက် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လိုတယ်။ ဒီကရှိနေတဲ့ ဆရာဝန်နဲ့ ပြန်လာတဲ့ ဆရာဝန်တွေကိုလည်း လိုက်လျောညီထွေအောင် ဖန်တီးပေးရမယ်” ဟု ခွဲစိတ်ပါရဂူ ဒေါက်တာတင်မျိုးဝင်းက အကြံပြုသည်။
ယင်းသို့ပြင်ဆင်မထားပါက ပြည်တော်ပြန်ဝင်မည့် ဆရာဝန်ဦးရေ နည်းပါးနိုင်မည်ဟု ဆေးပညာ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
“ပြန်လာမှာက လက်တစ်ဆုပ်စာလောက်ပဲ ရှိပါတယ်။ ဒီကဆရာဝန်တွေကို ထိခိုက်မှု မဖြစ်စေနိုင်ပါဘူး” ဟု လက်ရှိ ဆရာဝန်များ၏ ရပ်တည်မှု အနေအထားကို ဆေးတက္ကသိုလ် ပါမောက္ခချုပ်တစ်ဦးက The Voice သို့ သုံးသပ်ပြောကြားသည်။
ယခင် ၁၉၉၅ ခုနှစ်မတိုင်ခင် မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ် ဘွဲ့လက်မှတ်သည် နိုင်ငံတကာ အသိအမှတ်ပြု ဖြစ်သောကြောင့် ဆေးပညာဘွဲ့ ရရှိပြီးသူ အချို့သည် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သို့ ပညာဆက်လက် ဆည်းပူးရန် သွားရောက်ကြသည်။
လက်ရှိအခြေအနေတွင် ဆရာဝန်များ နိုင်ငံခြားတက္ကသိုလ်များသို့ သွားရောက်သင်ကြားပါက နိုင်ငံအလိုက် အသိအမှတ်ပြု ဝင်ခွင့်စာမေးပွဲများ ပြန်လည်ဖြေဆိုရပြီး တိုက်ရိုက် အသိအမှတ်ပြုမှု နည်းပါးလာသည်။ ထို့ကြောင့် ပြည်ပတွင် ဆေးပညာဘာသာရပ် သင်ကြားလိုသူ လူငယ်များသည် အာရှဒေသတွင်း တက္ကသိုလ်များကိုသာ ရွေးချယ်တက်ရောက်ပြီး ပြည်တွင်းသို့ ပြန်မလာဘဲ အခွင့်အလမ်းသာသော ယင်းနိုင်ငံတို့၌ပင် အလုပ်ဆက်လုပ်ကြသည်။ ပြည်ပတွင် ဆေးပညာ သွားရောက်သင်ယူသော ပမာဏမှာမူ လက်ရှိဆေးတက္ကသိုလ် လေးခုမှ မွေးထုတ်ပေးနေသည့် ပမာဏထက် နည်းပါးနေပါသေးသည်။
မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များသည် တစ်နှစ်လျှင် ဆေးပညာ ဘွဲ့ရရှိပြီးသူ တစ်ထောင့်နှစ်ရာနီးပါး မွေးထုတ်ပေးလျက် ရှိသော်လည်း ပြည်သူ့ဆေးရုံများတွင် လက်ထောက် ဆရာဝန်များအဖြစ် ပြန်လည် ခန့်ထားရာတွင်မူ အကန့်အသတ်များ ရှိနေသည့်အတွက် အလုပ်လိုအပ်နေသော ဆေးပညာဘွဲ့ရများစွာ ကျန်ရှိနေပါသည်။
အလုပ်ရရှိမှု ကြန့်ကြာမှုများကြောင့်လည်း ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်သူများ ၊ နိုင်ငံခြား ပညာသင် သွားသူများလည်း ထပ်မံပေါ်ထွက်လာပြန်သည်။
အစိုးရက လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်နေချိန် ယင်းအခက်အခဲများ ဖြစ်ပေါ်လာရသည့် အဓိက အကြောင်းအရင်းသည် အစိုးရ၏ အမျိုးသား ကျန်းမာရေး မူဝါဒပိုင်း အားနည်းချက်ကြောင့် ဖြစ်ပြီး ယခင်အစိုးရလက်ထက် ရေးဆွဲထားသော မူဝါဒတွင် အသစ်ရေးဆွဲရန် လိုအပ်လာကြောင်း NLD ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဖြစ်သူ ခွဲစိတ်ပါရဂူ ဒေါက်တာတင်မျိုးဝင်းက သုံးသပ်သည်။
အလားတူ ယခင်ကဆေးပညာ ဘွဲ့ရများအတွက် ဆေးကုသခွင့် လိုင်စင်ကို နိုင်ငံရေးပြစ်မှုကင်း၊ မကင်း စိစစ်၍ ထုတ်ပေးပြီး နိုင်ငံရေးနှင့် ဆက်နွှယ်လာပါက လိုင်စင်သိမ်းသည်အထိ ကျပ်တည်း ခဲ့သည်။ ယခုအခါ မူဝါဒ အပြောင်းအလဲများကြောင့် လိုင်စင် ပြန်လည်ချပေးခြင်း၊ သက်တမ်းတိုးပေးခြင်းတို့ ပြုလုပ်လာခဲ့သည်။
ယခင်က ဆေးကုသခွင့် လိုင်စင်ရရှိရန် တစ်လနီးပါး သင်တန်း တက်ရသော်လည်း ယခုအခါ ဆေးပညာဘွဲ့ ရရှိပြီးပါက ကုသခွင့်လိုင်စင် ရရှိသည်။
မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံသား ဆရာဝန်များ အတွက်မူ ဆေးကောင်စီစာမေးပွဲ ဖြေဆိုရန် လိုအပ်ပြီး အဆိုပါစာမေးပွဲတွင် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ၊ ဆေးဝါးဗေဒ၊ အဏုဇီဝဗေဒ၊ ရောဂါဗေဒ၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ၊ ဥပဒေရေးရာ ဆေးပညာ၊ ဆေးပညာ၊ ကလေးကျန်းမာ ရေးပညာ၊ ခွဲစိတ်ကုပညာနှင့် သားဖွား မီးယပ်ပညာ ဘာသာရပ်များကို လက်တွေ့ စာတွေ့ စိစစ်ထားသည်။
ဆေးပညာ လောကတွင် ပြည်ပမှ ရောက်ရှိလာသည့် ဆရာဝန်တိုင်းကို ယုံကြည်စိတ်ချနိုင်မည် မဟုတ်ရာ ယင်းသို့ ပြည်တွင်းပြန်ဝင်လာမည့် ဆရာဝန်များအတွက် အရည်အချင်း စိစစ်ထားသော စာမေးပွဲများ ကျင်းပပေးသောကြောင့် ပြည်သူများအတွက် ယုံကြည်စိတ်ချစွာ ကုသနိုင်မည် ဖြစ်သည်။။ အမျိုးမျိုးသော နောက်ခံ အကြောင်းရင်းများ ရှိနိုင်သောကြောင့် စာမေးပွဲ စစ်ဆေးလက်ခံခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ပြည်တွင်း ဆေးပညာရှင်အချို့က အကြံပြုပြော ဆိုသည်။
ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော မြန်မာနိုင်ငံ လက်ရှိလိုအပ်ချက်နှင့် လိုက်လျောညီထွေမှု ရှိသော မူဝါဒတစ်ခု မြန်မာ့ ကျန်းမာရေးလောကအတွက် လိုအပ်လာသည်။
ပညာရေး ပြုပြင်ပြောင်းလဲရေး၏ အကျိုးရလဒ်သည် ရေရှည်ဆယ်စုနှစ် တစ်ခုအကြာ ထင်ဟပ်နိုင်မည် ဖြစ်သော်လည်း ကျန်းမာရေးကဏ္ဍ ပြောင်းလဲရေးသည် ချက်ချင်းသိသာစေနိုင်သောကြောင့် မူဝါဒများ၊ ဆေးပညာဥပဒေများ မြန်မြန် ပြင်ဆင်ထားရန် တိုက်တွန်းလိုကြောင်း ဒေါက်တာတင်မျိုးဝင်းက သုံးသပ်ပြောဆိုသည်။
ကဏ္ဍပေါင်းစုံအတွက် လူ့စွမ်းအား အရင်းအမြစ်ပိုင်း ဖြည့်ဆည်းခြင်း သည် ပြုပြင်ပြောင်းလဲရေး ကာလအတွက်များစွာ အထောက်အပံ့ ဖြစ်စေရာ ကျန်းမာရေးကဏ္ဍတွင်လည်း အဆင့်မြင့် နည်းပညာ ရရှိထားသူ လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်နေသဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ပြည်ပရောက် နိုင်ငံသားဆရာဝန်များ ဆေးကုသခွင့်လိုင်စင် ထုတ်ပေးရေး အစီအစဉ်က ယင်းလိုအပ်ချက်ကို မည်မျှ ထိရောက်စွာ ဖြည့် တင်းနိုင်မည်ကို မျှော်လင့်တကြီး စောင့်ကြည့်ရမည် ဖြစ်သည်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Sunday, 7 July 2013
လူ့စွမ်းအား အရင်းအမြစ်အပြု ... ကျန်းမာရေး မူဝါဒအပြောင်း
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
July
(645)
- ယာဉ်နောက်လိုက်၏ ဦးခေါင်း (၃၉) အထူးယာဉ် ကြိတ်
- မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ရေကြီး ရေလျှံမှုများ မ...
- ပါကစ္စတန် အကျဉ်းထောင်ကို တာလီဘန်တွေက တိုက်ခိုက်ခဲ့
- ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကနီမြို့တာရိုြး...
- ကလေးတွေ ပြည့်တန်ဆာ အဖြစ် အသုံးချခံနေရတာကိုFBIနှိမ်...
- တရားဝင်မှတ်ပုံတင်ဖို့ ကားစာရင်း ပေးပို့ရန် တောင်ပိ...
- တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ
- မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြို...
- ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော...
- ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက် စေချင်ဘူ...
- ကော လာ ဟ လ နဲ့ စံရတီမိုးမြင့်
- နှိပ်စက်ညှင်းပန်း ခြိမ်းခြောက်ပြီး ပရောဂါလို့ စွပ်...
- အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အ...
- မိခင်အလောင်းကို စားသောက်သူအဖြစ် သံသယရှိသူကို ရဲမျာ...
- ဆက်သွယ်ရေးဝန်ကြီးဟုဆိုကာ ငွေကျပ် သိန်း ၅၀ ကျော် လိ...
- တစ်လအတွင်း ဗီဒီယိုဇာတ်ကား ၂၁ ကား ဆင်ဆာထိနေ
- The Voice Weekly Vol.9/No.29
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ(...
- ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ ၃၊ အမ...
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ဌာနေ ပြန်ချင်တဲ့ မလေးရှားရောက် မြန်မာတွေ အခက်တွေ့နေ
- Adobe Photoshop Cs4
- ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊
- 'V Root အသုံးပြုပုံလေးပါ ...'
- 'Android Phone တော်တော်များများကို Root လုပ်ပေးနို...
- အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ အမျက်ဖြေတရား"'
- 'အပျိုသီလ'
- Free Make Video Converter အရမ်းအသုံးတည့်ပါတယ်'
- 'wifi တွေကိုလွယ်ကူစွာရှာဖွေရင် wifi radar ကိုသုံးပါ'
- အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်လေး
- ကိုယ်ချင်းစာ နာခဲ့ရပြီ'
- မန္တလေး ပေါက်ကွဲမှုအတွက် မသင်္ကာသူများကို စတင် စစ်ဆေး
- ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင...
- လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်
- အာဂျင်တီးနားနိုင်ငံမှ H1N1 ဗိုင်းရပ်ပိုးကူးစက်မှြုေ...
- ထိုင်းအစိုးရမှ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ဆိုလာပြားမ...
- စပိန်နိုင်ငံတွင် မီးရထားလမ်းမတော်တဆမှု ဖြစ်ပွားခဲ့
- ဂျပန်မြေအောက်မီးရထားအတွင်း ဖက်ရှင်ရှိုးတစ်ခု ကျင်းပ...
- ယခုလ အတွင်း အာရှဒေသမှ ဘုရာဖူး အများအပြား ရွှေတိဂုံေ...
- ဂျပန်နိုင်ငံမှ လှူဒါန်းသည့် မီးသတ်ယာဉ်များအား အမြန...
- တန်ချိန် ၃၃၃ တန်ရှိ ကြေးသွန်း ခေါင်းလောင်းကြီး တစ်...
- ဆီးဂိမ်းအတွက် ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer...
- ဂျာမနီနိုင်ငံမှ တရားဥပဒေပိုင်း ဆိုင်ရာတွင် ကူညီမှုမ...
- မလေးရှားပြန် အလုပ်သမား ၅၃၀ အား အလုပ်နေရာများ ပြန်လ...
- အာမခံ ကုမ္ပဏီ ၃ ခုအား သြဂုတ်လဆန်းပိုင်း ခန့်တွင် လု...
- ဇူလိုင်လ ၂၆ရက်နေ့ အတွက် မိုးလေ၀သ ခန့်မှန်းချက်
- ပင်လယ်ပြင် ငါးဖမ်းဆီးရေးကို ၇၅ ရာခိုင်နှုန်းထက် မပိ...
- ကံစမ်းမဲပေါက်သည်ဟု ပြောဆို လိမ်လည်သူတွေ ဖမ်းမိ
- သမီး ယောက်ဖချင်းစကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်
- လွှတ်တော် ဥပဒေ မူကြမ်း ကိစ္စ လွှတ်တော်နဲ့ သမ္မတ သဘော...
- ရေအောက် cable ဆက်ကြောင်းပြင်ဆင်မှု ကြိုးစားဆဲ
- စာချုပ်သစ်အတိုင်း ကြေးနီစီမံကိန်း ကို အကောင်အထည်ေ...
- လက်ပန်းတောင်းတောင် စာချုပ်သစ်အပေါ် ဆန္ဒပြ
- ဧရာဝတီတိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွား
- ပါရမီ/အဓိပတိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား အရေ...
- ထိုင်းနယ်စပ်က၀င်သည့် နိုင်ငံခြားသားများ နှစ်သက်ရာလ...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ ...
- ဧရာဝတီတိုင်းတွင် ရေကြီးမည့် ဘေးအန္တရာယ်ရှိဟု မိုးလေ...
- ၂၀၁၅ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှ...
- ထားဝယ်တွင် ရေကြီး
- ပုသိမ် ရေနက်ဆိပ်ကမ်းဆောက်ရန် ဒေသခံ လယ်သမားများငြင်...
- စည်းမဲ့ကမ်းမဲ့ သစ်ခိုးထုတ်မှူကြောင့် မေယူတောင်တန်း...
- တရုတ်သို့ရောင်းချမည့် ခွေးနှစ်ရာ ပြန်ရွေးရန်ငွေလို
- ဝန်ကြီးအပြောင်းအလဲတွေအပေါ် သုံးသပ်ချက်
- အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ရဲဒင်းဖြင့် ခုတ...
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် Net Guide Journal Vol 2 I...
- ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် EURO SPORTS Journal (VOL....
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အ...
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတ...
- ဝိုင်းမော်မြို့နယ်အတွင်း စိတ်ကြွဆေးပြား ၊ ဘိန်းဖြူ...
- ယနေ့ ည မြစ်ကြီးနားမြို့ မှာ သိန်းရာနှင့်ချီ တန်းဖု...
- စင်္ကာပူလို ဖြစ်ချင်ရင် ဒါတွေကိုပါ အတုခိုးဖို့ လိုမယ...
- ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စုေ...
- ချမ်းသာဖို့ နည်းလမ်း(၇)သွယ်
- ကြေးနီစီမံကိန်း ကော်မရှင်အကြံပြုချက်များ အကောင်ထည်...
- ယာဉ်ဖြတ်ကူးစဉ် တံတား ကျိုးကျသော်လည်းထိခိုက်ဒဏ်ရာ ...
- ခရီးသွားများ လူနေအိမ် နေခွင့်မရှိ
- မြစ်ရေတင်စီမံကိန်းအတွင်း အဓမ္မလုပ်အားပေးခိုင်းစေ ဟုဆို
- အင်ဒိုနီးရှားငါးဖမ်းလှေပေါ်မှ မြန်မာလုပ်သားများကို ...
- မန္တလေးပေါက်ကွဲမှု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေ
- ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွ...
- အမျိုးသားကျန်းမာရေးမူဝါဒ လွှတ်တော်တင်ရန် ကြန့်ကြာမည...
- ပြည်ပ ရင်းနှီးမြုပ်နှံမှုတွင် အဟန့်အတားဖြစ်နေသောေ...
- ငါးဖမ်းစက်လှေ၌ လူသေအလောင်း ပါရှိလာ
- မလေးရှာနိုင်ငံမှ နိုင်ငံကူးလက်မှတ်စာအုပ် အတုများဖြ...
- သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ်ကို ရည်းစားက အဓမ္မကျင့်...
- သြစီခိုလုံခွင့်တောင်းခံသူ မူဝါဒသစ်ကို အင်ဒိုဝေဖန်
- ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၇)၊အမှ...
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် အလှအပ ဂျာ...
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမ...
- ကင်ဆာ တိုက်ဖျက်ရန် ဆေးသစ် ထုတ်လုပ်နိုင်ပြီဟု ကျူးဘ...
- ကော့သောင်းမြို့ နယ်စပ်စခန်း မှ နိုင်ငံခြားသားများ ...
- ပွဲတော်လာလှည်းတို့ရဲ့ ကျက်သရေ
- တပ်သားများ အဓမ္မ စုဆောင်းခြင်း မရှိဟု ကာကွယ်ရေး ဒုဝ...
- တက္ကစီနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ နှစ်ဦးသေ
- အကြမ်းဖက်ဝါဒနှင့်အကြမ်းဖက်လုပ်ရပ် ပြင်း ထန်စွာ ရှုတ...
-
▼
July
(645)
No comments:
Post a Comment