Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 22 March 2012

တစ္ဆေတစ်ကောင်ရဲ့ည

အိပ်၍မရ၊ စားလို့မ၀င်
ဘယ်မှာ....နေနေ
ဘယ်ကို....သွားသွား
ဒီအရိပ်များပဲ စိုးမိုးတယ်......။
စိတ်ထုံ ကိုယ်လေး
ပကတိသွေးရပ်၊ ရုပ်ကြိုးပြတ်လည်း
မြင်မိရုပ်လွှာ၊ လှကညာကို
တိုးတိတ်စွဲလမ်း၊ မျှော်တွေးမှန်းသည်
အိပ်ပျက်ညတွေ များလှပြီ......။
မောပန်း နွမ်းနယ်
ခွေယိုင် ညွတ်ကျ
မီးတစ်စလို၊ ဟိုထိုး...ဒီထိုး
သံသရာ....ဆိုးလို့
ထို မီးမျိုးမှ
ငြိမ်းချင်သည်.....။
ညမှောင် မည်းနက်၊ အိပ်ရေးပျက်လို့
မျက်လုံးစုံပိတ်၊ တင်းအောင်မှိတ်လည်း
သခင့်ပုံလွှာ၊ အနားမှာ ၀ဲ
ခြောက်ခြားဆဲမို့...
အသည်း ဟက်တက် ကွဲတော့မည်....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့