Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

ဖခင်တစ်ယောက်ရဲ့ရက်စက်မှု

ဖခင်တစ်ယောက်ရဲ့ရက်စက်မှု

(၁၆.၂.၂၀၁၂) ရက်နေ့ ည(၈)နာရီခန့်တွင် ရင်နွတ်(၉)နှစ်အား ဖခင်ဖြစ်သူ ဦးရာစင်း (၄၀)နှစ်မှ ဝါယာကြိုးဖြင့် အချက်ပေါင်းများစွာရိုက်နှက်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်မိငယ်မှ ကလေးနှင့်အတူ PVA ရုံးသို့ လာရောက်တိုင်ကြားခဲ့သည်။
 
ကျောကုန်းတွင် ရရှိခဲ့သော ဒဏ်ရာများ
ခြေထောက်တွင်ရရှိခဲ့သောဒဏ်ရာ
ဦးခေါင်းတွင်ရရှိခဲ့သောဒဏ်ရာ
ကလေးမှာ ကျောကုန်း၊ ဦးခေါင်း၊ ခြေထောက်တို့တွင် ဝါယာကြိုးဒဏ်ရာ အချက်ပေါင်းများစွာရရှိခဲ့သည်။ ဒဏ်ရာမှာ ပြင်းလွန်းသဖြင့် ရုတ်တရတ် သတိလစ်သွားသောကြောင့် ညတွင်းချင်း မဲဆောက်ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
မိခင်ဖြစ်သူ ဒေါ်ငယ်မှ - ဦးရာစင်းနှင့်အိမ်ထောင်ကျခဲ့သည်မှာ (၂၂)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ကလေး(၄)ယောက်ထွန်းကားခဲ့ကြောင်း၊ အမှိုက်ကောက်ပြီး မိသားစုကိုရှာဖွေ ကျွေးမွေးနေရကြောင်း၊ ရသမျှငွေကို ယောကျာင်္းဖြစ်သူထံ ပြန်လည် အပ်နှံရကြောင်း၊ အခင်းဖြစ်သောညက ရင်နွတ်(၉)နှစ်မှာ တီဗွီကြည့်နေ၍ဖင်ဖြစ်သူ ရာစင်း၏ခေါ်သံကို မကြားရကြောင်း၊ ရာစင်းမှ ဒေါသထွက်သွားပြီ ဝါယာကြိုးနှင့်အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြောင်း၊ ဦးခေါင်း ခြေထောက်နှင့်ကျောကုန်းတို့တွင် ဒဏ်ရာများရရှိကြောင်း အစရှိသည်တို့ကို ပြောပြခဲ့သည်။
မဲဆောက်ဆေးရုံကြီးမှ ဆရာဝန်များက လိုအပ်သည်များကို လုပ်ဆောင်ပေးပြီး ရဲစခန်းသို့ဖုန်းဆက် အကြောင်းကြားမှုကြောင့် အာဏာပိုင်များမှ ဦးရာစင်းအား သွားရောက်ဖမ်းဆီးခဲ့ကြသည်။ ယခုအခါ ဦးရာစင်းအား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့