ကြေကွဲရင်ဆို့၊ အပြစ်ဖို့လည်း
တွယ်တာ မြတ်နိုး၊ ရင်ထဲမိုးကြောင့်
သွက်သွက်ခါအောင် ရူးတော့တယ်.....။
လိုရာကို...သုံး၊ မလိုတော့....မုန်းပြီ
အသည်း...မာမာ၊ မညှာတာအား
ဒဏ်ရာခါးလည်း၊ အားခဲမျိုသိပ်
မယိုဖိတ်အောင်..သိုသိုသိပ်သိပ်နေပါ့မယ်....။
သစ္စာယွင်းပျက်၊ မုန်းမေ့ခက်လည်း
တွယ်တာ နှောင်ကြိုး၊ ဆက်မတိုးဖို့
နှစ်သိမ့်ဖြေလျော့၊ ဝေးလေတော့သည်
ရင်ထဲ...မုန်တိုင်းထန်တော့မည်......။
မုန်း....ပစ်...နာ....ပြတ်
ရင်ကွဲဇာတ်မို့၊ ရင်တွင်းဆူပွက်
နင် ရက်စက်လည်း၊ တိတ်တိတ်ငိုကြွေး
ကြိတ်ကြိတ်သွေးပျက်၊ အငိုမရပ်နိုင်
ပြို...အက်....ယိုင်...ကွဲ
ဗုန်းဗုန်းလဲပြီ....အသည်းစူးအောင် နာလွန်းသည်.....။
မချစ်လို့....ညာညာမပျော်လို့....ပစ်ပစ်
ခါးလို့....ထွေးထွေး၊ အဝေးပြေးလည်း
ဒေါသမဖြစ်....အပြစ်မမြင်
ချစ်ကြင်ခံစား....နင်ထားသွားလည်း
တစ်ယောက်တည်းပဲ နေတော့မည်.....။
No comments:
Post a Comment