Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

ကိုယ့်နဘေးက သူ့ကို တန်ဖိုးထားပါ....


လူတွေဟာ ကိုယ့်ဘေးမှာရှိနေတဲ့သူကို တန်ဖိုးထားရကောင်းမှန်းမသိတာများပါတယ်။ လက်ထဲမှာရှိတဲ့ငှက်တစ်ကောင်
ထက် ချုံထဲမှာရှိတဲ့ငှက်နှစ်ကောင်ကို ပိုလိုချင်မိတတ်ကြတယ်။ ကိုယ့်ဘေးမှာအမြဲကိုယ့်ဘက်ကရှိပေးနေတဲ့  မိသားစု
နဲ့ သူငယ်ချင်းတချို့ကို ကောင်းကောင်းမဆက်ဆံတတ်ကြဘူး။ မေ့ထားတတ်ကြပါတယ်။ ဘ၀ကတိုတိုလေးပါ။


အသက်ရှင်တဲ့အချိန်ဟာလည်းအရမ်းတိုတောင်းလွန်းပါတယ်။ ဒါကြောင့်ကိုယ့်အပေါ်မေတ္တာစစ်နဲ့တကယ်ကောင်းတဲ့
သူတွေကို လျစ်လျူထားဖို့ မသင့်ပါဘူး။ သူတို့အတွက်အချိန်ပေးပါ။ သင်စိတ်ဆင်းရဲစရာတွေ၊အမှားအယွင်းဒုက္ခတွေနဲ့
ကြုံတဲ့ အခါ သင့်ဘက်ကနေရှိနေတဲ့သူ သင့်ကိုအားပေးနေတဲ့သူတွေဟာ သင့်မိသားစုနဲ့သူငယ်ချင်းအနည်းငယ်
လောက်ပါပဲ။အများကြီးမရှိပါဘူး။ သင်တွေ့နေရတဲ့ လူတွေအများကြီးရှိနေပေမယ့် သင့်အပေါ်ကောင်းသူက အနည်းစုပါ
ပဲ။ ဒါပေမယ့် သင်တန်ဖိုးထားနေ၊ ဂရုစိုက်နေတာ တော့ အဲဒီအနည်းစုသော သင့်အပေါ်ကောင်းတဲ့သူတွေ မဟုတ်တာ
များပါတယ်။ ကိုယ့်ကိုယ်ကိုပြန်စဉ်းစားကြည့်ပါ ။အလုပ်ထဲမှာ လူအများစုနဲ့ဆက်ဆံရတဲ့သူတွေ ကပိုသိမှာပါ။ အလုပ်မှာ
တော့ အထက်လူကြီးရော လုပ်ဖော်ကိုင်ဖက်တွေရော ကိုယ့်နဲ့တည့်တဲ့သူ၊ မတည့်တဲ့သူ အမျိုးမျိုးအပေါ်မှာတော့
စိတ်ရှည်သီးခံနေကြပေမယ့်။


ကိုယ့်မိဘ၊ ညီအစ်ကိုမောင်နှမသူငယ်ချင်းတွေနဲ့တွေ့ရင်တော့ စိတ်မရှည်သလို သူတို့ကိုကောင်းကောင်းမဆက်ဆံမိပါ
ဘူး။ သူတို့ပြောတဲ့စကားတွေကိုလည်းအလေးအနက်နားမထောင်ချင်ကြပါဘူး။ တချို့ကပြောသေးတယ် တနေကုန်လူ
အမျိုးမျိုးနဲ့ဆက်ဆံရ သူတို့ပြောတာတွေနားထောင်ချင်ချင်၊ မချင်ချင် နားထောင်နေရလို့ အိမ်ပြန်ရောက်ရင် မိသားစု
ကို သီးမခံချင်ဘူးတဲ့။ အပြစ်နဲနဲလုပ်တာနဲ့ ဒေါသထွက်ပြချင်နေကြတယ်။


သူငယ်ချင်းတွေနဲ့တွေ့မှာ စကားပြောနေရမှာစိုးလို့ ရှောင်တတ်ကြတယ်။ တကယ်တော့ တစိမ်းတွေကိုတောင်
ငါသည်းခံပြီးကောင်းကောင်းဆက်ဆံနေရတယ် ငါ့မိသားစု နဲ့ ငါ့အပေါ်ကောင်းတဲ့သူငယ်ချင်းတွေ အပေါ်မှာဘာလို့
သည်းမခံနိုင်ရမှာလဲဆိုတဲ့အတွေးလေးနဲ့ နေကြည့်ဖို့ စဉ်းစားသင့်ပါတယ်။ သင့်အပေါ်ကောင်းတဲ့သူတွေကို လျစ်လျူရှု
ထားတာဟာ သင့်အတွက်ရော သူတို့အတွက်ပါမကောင်းပါဘူး။ ကြာရင်တဖြည်းဖြည်း ဝေးကွာသွားနိုင်ပါတယ်။


တိုတောင်းလှတဲ့ အသက်ရှင်ချိန်လေးမှာ သင့်ကိုယ် ဖြူစင်စစ်မှန်တဲ့မေတ္တာနဲ့ သင့်ဘေးမှာသင့်ကိုအမြဲထောက်ခံအား
ပေးနေတဲ့သူ ဟာ ဘယ်နှစ်ယောက်များရှိလို့ တခြားအရာတွေနဲ့ တခြားသူတွေကိုပဲ သင်ဂရုစိုက်နေတာလဲ။


သင်တန်ဖိုးထားနေတဲ့၊ဂရုစိုက်နေတဲ့လူတွေဟာ သင့်ကို တန်ဖိုးထားတဲ့ ဂရုစိုက်တဲ့သူတွေ ဟုတ်ရဲ့လား….
ပြန်စဉ်းစားကြည့်ပါဦး……။



ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ....
လူ့ဘဝဆိုတာ တိုတောင်းလွန်းတယ်။
ကိုယ့်ဘေးကလူတွေကို ကောင်းကောင်းဆက်ဆံပါ...
နောင်ဘဝဆိုတာရှိရင်လဲ သူတို့နဲ့ကိုယ် ဆုံချင်မှဆုံလိမ့်မယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့