Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

ရည်းစားထက်ပိုတဲ့သူငယ်ချင်း

ရည်းစားထက်ပိုတဲ့သူငယ်ချင်း

    သူငယ်ချင်းရယ်။ အဆက်အသွယ်မရှိတော့တဲ့အချိန်တွေ ကြာပြိးဖြစ်တဲ့သူငယ်ချင်းလေးရေ............
နင်ခုချိန်ဆိုဘာတွေလုပ်နေမှာလဲ။ ငါမှန်းကြည့်လို့ရပါတယ်။
နင်စာတွေအသားကုန်ကြိုးစား၊ပမ်းစားနဲ့ကျက်နေမှာပေါ့။ ငါကတော့နင့်ကိုလွမ်းလို့ ကျောင်းစာတောင် ဘေးထားပြီး
နင့်ဆီစာရေး နေတယ်။ အစတုန်းကဆိုရင် ဘာပဲလုပ်လုပ်နင့်ကို ငါတိုင်ပင်ခဲ့ရတာအမောပဲ။ နင်ကတွေးတောစဉ်းစားပြီး
ငါ့ အတွက်ဦးနှောက်ခြောက်ခံပေးခဲ့ ရတယ်။ အမှန်တော့ငါ့ဘာသာလုပ်လဲ ရပါတယ်။ ဒါပေမယ့်ငါ့အတွက် အမြဲတွေးပေး
တဲ့နင့်ရဲ့စိတ်ကူးနဲ့ ငါအလုပ်တစ်ခုကိုလုပ်ရတာပိုပြီး နှစ်သက်သလိုပဲ။

“ရည်းစားထားပါတော့ဟာ၊ နင့်ဘေးမှာနင့်ကို စောင့်ရှောက်ကူညီရင်းချစ်ပေးမယ့် သူရှိရင်ငါလဲ နင်အနိုင်ကျင့်တာကနေ
လွတ်မှာ”လို့အမြဲပြောတတ်တဲ့သူငယ်ချင်းလေးကိုခေါင်းတွင်တွင်ခါပြခဲ့တယ်။  

   “ဟာကွာ ငါတော့နင့်ဆီမှာကြွေးဆပ်စရာတွေ အများကြီးရှိခဲ့တယ်နဲ့တူတယ် ” လို့ပြောရင်းစိတ်ညစ်နေတဲ့နင့်ကို
ငါပြုံးပြုံးကြီးကြည့် နေခဲ့တာကို နင်မှတ်မိဦးမှာလား။ သိလာသူငယ်ချင်း ၊ငါဘယ်တော့မှ ရည်းစားမထားဘူး။
ထားလိုက်ရင် နင်ငါ့ဘေးမှာရှိတော့မှာ မဟုတ်ဘူးလေ။ ရည်းစားထက်ပိုတဲ့သူငယ်ချင်း တကယ်ရှိတယ်ဆိုတာ ငါတော့
အပြည့်အ၀လက်ခံထားတယ်။ နင့်နဲ့ ငါ့ကိုလူတိုင်းကချစ်နေကြတယ်လို့ထင်နေကြတယ်နော်။

နင့်နဲ့ငါ့ကြားမှာရှိတဲ့ခံစားချက်တစ်စုံတစ်ရာဟာ အချစ်မဟုတ်မှန်း နင်နဲ့ ငါပဲသိတယ်။

   နင်နဲ့ငါကသူငယ်ချင်းလေ။ အေးအဲဒီသူငယ်ချင်းဆိုတဲ့ ဝေါဟာရထဲမှာတော့ ၅၂၈ လိုအေးချမ်းဖြူစင်တဲ့ မောင်နှမ
 
မေတ္တာတွေ၊၁၅၀၀ ဆိုတဲ့အချစ်ထက်ပိုမိုခိုင်မြဲတဲ့သံယောဇဉ်တွေပါဝင်နေတယ်။ နင့်ကိုသိပ်ကျေးဇူးတင်တယ်။ ငါကိုယ်တိုင်
 
လေး နှစ်နီးပါးရုန်းမထွက်နိုင်တဲ့အိပ်မက်ထဲကနေ ငါ့ကိုနှိုးပေးခဲ့တဲ့နင့်ကိုသိပ်ကျေးဇူးတင်တယ်၊
 
 
ငါခုထိမှတ်မိသေးတယ်။
 
“အိပ်မက်ဆိုတာလူတိုင်းမှာရှိကြတယ်။ မဖြစ်နိုင်တာကိုမျှော်လင့်ပြီးမက်တဲ့ အိပ်မက်မျိုးကိုငါနင့်အရင်စောပြီး မက်ခဲ့ဖူး
 
တယ်ဒါပေမယ့်ငါ့ကကိုယ် တိုင်ရုန်းထွက်နိုင်ခဲ့တယ် ၊နင်ကတော့ငါနှိုးမှပဲနိုးမယ့်ပုံစံမျိုးကြီး ဒါကြောင့်နင့်ကိုငါနှိုးနေတာ ၊
 
ထတော့သူငယ်ချင်းရာ” တဲ့။
 
 
ငါနင့်ကိုတစ်ခါမှမမြင်ဖူးတဲ့ သူကိုကြည့် သလိုမျိုးကြောင်ပြိးကြည့်နေခဲ့တယ်။ ဟုတ်တယ်နော်...........
 
ငါလေသူ့ကိုတစ်ဖက်သတ်စွဲလန်းနေခဲ့တာ အရမ်းကြာနေခဲ့ပြီ၊ ဒါပေမယ့်သူကမသိဘူးလေ ။ ငါအဲဒီအတွက် ခံစားရ
 
တာများနေပြီး ။ ဘယ်သူမှကိုမှလဲ ဖွင့်ပြောခွင့်မရခဲ့ဘူး။ ဒါတွေကိုနင်က သိနေခဲ့တယ်လား။
 
 
    ဟုတ်တယ်နော် ငါနိုးထသင့်နေပြီ။ ငါနင့်ကိုကျေးဇူးတင်လွန်းတာရော၊ သူ့ကိုငါ့ အိပ်မက်ထဲမှာပဲထားခဲ့ပြီး၊ လက်တွေ့
 
ဘ၀မှာလျှောက်ရမှာ တွေရော ခံစားချက်တွေပေါင်းပြီးငိုချလိုက်တာ နင်ကငါ့ပုခုံးကိုခပ်ဖွဖွပုတ်ရင်းအားပေးခဲ့တယ်။
 
 
“ငါပြည်သူ့တရားရှင်မလုပ်နိုင်ပေမယ့်၊ နင့်တရားရှင်တော့ လုပ်နိုင်ပါသေးတယ်” ဟတဲ့။
 
တစ်ခါတစ်လေပျင်းရင် ငါတို့တွေတစ်ယောက်ကို တစ်ယောက်မေးခွန်း တွေမေးကြတယ်နော်။ ငါကိုနင်ကမေးတယ်
 
၊“လောကမှာနင်ကြောက်ဆုံးအရာက ဘာလဲ”တဲ့။ “နင်ချန်ထားခဲ့မှာကိုပေါ့၊ မိုးမပြိုဘူးပြိုခဲ့သည်ရှိသော်”ပေါ့လို့ငါပြော
 
ခဲ့တယ်။ နင်ကငါ့ကို “သိပ်ရူးတာပဲ၊စိတ်ချနင်စိုးရိမ်နေတဲ့မိုးကမပြိုပါဘူး”တဲ့ ။
 
 
နင်ရောဘာကိုအကြောက်ဆုံးလဲလို့မေးတော့ နင်ကင့ါကိုမဖြေခဲ့ဘူး။ ဒါပေမယ့်စကားတစ်ခွန်းတော နင်ပြောခဲ့တယ်။
 
လူတွေကိုဖြည့်တွေးပေးလိုက်ပါ၊ နင့်အတွက်ဖြည့်တွေးပေးမယ့် ငါရှိနေတာပဲ။
 

လူတွေကိုနားလည်ပေးလိုက်ပါ၊ နင့်အတွက်နားလည်ပေးမယ့်ငါရှိနေတာပဲ”တဲ့
 
 
ပြီးတော့နင်က “တကယ်ဆိုရင်”ဆိုတဲ့သီချင်း၊ “ဘယ်တော့မှမမေ့ဘူး”ဆိုတဲ့သီချင်းတွေကိုလဲ အမြဲညည်းနေကြပဲ။
 
ဟင်းသူများကျတော့ ပြောပြီးသူကျတော့ သတိတွေရနေတယ်။
 
 
   နင်နဲ့ငါရန်နှစ်ခါလောက်ဖြစ်ဖူးတယ်နော် အကြီးအကျယ်ပဲ။ ငါ့မှာလေနင်ကိုလဲစိတ်ဆိုးတယ်၊ နင့်ငါ့ကိုစမခေါ်တော့
 
မှာလဲကြောက်တယ်ဟသိလား။ ဒါပေမယ့်နင်ကစခေါ်လို့ တော်သေးတာပေါ့။
 
 
ငါတို့တွေ စွန်လွှတ်နေကြတာပဲအတင်း၊ အလျော့ရှိရမှာပေါ့တဲ့။ နင်ကလေငါ့အပေါ်မှာ အကိုတစ်ယောက်သဖွယ်
 
သွန်သင်ဆုံးမပေးခဲ့လို့လဲ အစကဆိုအရာရာကိုပေါ့ပေါ့လေး တွေးတောခဲ့တဲ့ငါ၊ လေးလေးနက်နက်တွေးတော
 
တတ်လာခဲ့တယ်။
 
 
နင်အမြဲပြောနေကျစကားတစ်ခွန်းက နင်လိုအပ်ချိန်တိုင်း လှည့်ကြည့်လိုက်ပါ ...........
 
 
ငါနင့်အနားမှာရှိနေပေးမယ့် မီးခွက်စောင့်လိုမျိုးပါတဲ့။ နင်ကနင့်ကိုယ်နင် အဲလိုနှိုင်းတယ်လား။ ငါကတော့နင့်ကိုအဲလို

မထင်ပါဘူး။ နင်ကငါ့ဘ၀ရဲ့လမ်းပြကြယ်လိုသူငယ်ချင်းမျိုးပါ။ နင့်ကြောင့်လမ်းပျောက်လုနီးပါးဖြစ်နေတဲ့ ငါလမ်းစကို
 
ပြန်တွေ့ ခဲ့သလို နင်လမ်းပြပေခဲ့တဲ့ လမ်းကြောင်းတစ်ခုပေါ်မှာခုဆိုရင်တည့် တည့်မတ်မတ်နဲ့ ကောင်းမွန်စွာ
 
လျောက်နိုင်နေခဲ့ပြီ။
 
 
ဆံပင်ရှုည်ကိုစိတ်ရှုပ်လို့မထားခဲ့တဲ့ငါ့ကိုနင်က “ဆံပင်ရှည်လေးထားကြည့်ပါလား။ ဒါဆိုနင်နဲ့သိပ်လိုက်မှာ”တဲ့။
 
 
   ငါကဆံပင်ရှည်ထားဖို့သိပ်ပြင်းတာ နင်မှမသိတာ။ ငါစိတ်ညစ်နေရင်၊ငါနင့်ရှေ့မှာဘယ်လောက်ပဲ ဟန်ဆောင်ပေမယ့်
 
နင်သိနေခဲ့တယ်နော်။ ပြီးတော့ပြောသေးတယ်။ အရမ်းမာကျောတဲ့သံတွေ၊အရမ်းမာကျောတဲ့ကျောက်တွေ ကွန်ကရစ်
 
တွေကို တောင်လိုရာပုံသွင်းပြီးတည်ဆောက်နိုင်မဲ့ အင်ဂျင်နီယာပါဟ။
 
 
ဒီလောက်ပျော့ပြောင်းတဲ့နင့်ရဲ့ စိတ်ဓါတ်ကို အကဲခတ်ရတာဒီလောက်တောင်မခက်ပါဘူးတဲ့လား။ ဟင်းသူ့ကိုယ်သူ
 
တော်တော်အထင်ကြီး ။ ပေါင်ချိန် 120လောက်ရှိတဲ့ နင်က၀ပေမယ့် ငါကတော့ပိန်ပိန်ပါးပါးနဲ့အရပ်ရှည်တယ်မှလား။
 
 
ငါတို့နှစ်ယောက်ယှဉ်လျောက်ရင်  To ဖြစ်နေမှာပဲဆိုတာတွေးမိတိုင်း ငါရယ်ချင်တယ်သိလား။ သီချင်းတွေမသိတိုင်း၊
 
သီချင်းစာသား တွေမရတိုင်းသီချင်းခေါင်းစဉ် တွေမမှတ်မိတိုင်း နင့်ကိုပဲမေးရတာ။
 
 
တော်သေးတာပေါ့။ ငါမေးတိုင်းမညီးမညူနဲ့ဖြေပေးမယ်နင်ရှိနေလို့။
 
 
တစ်ခါတစ်လေ သီချင်းသံစဉ်တွေမရလို့ဖုန်းထဲက လှမ်းမေးတိုင်း လှမ်မေးတဲ့အခါ နင်ကဂစ်တာတဒေါင်ဒေါင်နဲ့  ဖုန်းထဲ
 
ကနေ ပြန်ဆိုပြရတာလေ။ နင်ငါ့ကိုဆိုမပြတာဆိုလို့ ဘယ်တော့မှမမေ့ဘူး ဆိုတဲ့သီချင်းပဲရှိတယ်နော်။
 
 
နင်အဆက်ဟောင်းအတွက် ဒီလောက်တောင် ခံစားနေရသလားသူငယ်ချင်းရယ်။
 
နင်ငါ့အတွက် ကဗျာနှစ်ပုဒ်လောက်စပ်ပေးဖူးတယ်။ နင်စပ်တဲ့ကဗျာတွေက မော်ဒန်တွေကြီးပဲ။ ငါသိပ်နားမလည်ဘူး။

   ငါ့အတွက်ကဗျာစပ်တယ် ဆိုတာတော့ရင်တဲမှာခံစားနေရသမျှ ကိုစာစုတိုတိုလေးတွေအဖြစ် ရေးချလိုက်တာပဲ။

ငါကဗျာဆိုတာဒီိလိုမျိုးပဲ။ ငါကဗျာကိုဖတ်တဲ့လူတိုင်းကနားလည်သလောက် နင့်ကဗျာတွေကတော ငါသိပ်ခေါင်းစားတယ်။

နင်စိတ်ချမ်းသာရင်ပြီးရော ငါ့အတွက်မလိုပါဘူးဆိုပြီး ငါ့အတွက်ဖြည့်ဆည်းပေးခဲ့သလိုပဲအရာရာတိုင်းမှာ နင်ကပထမပါ၊

ငါကတော့ဒုတိယပေါ့ဆိုပြီး ငါ့ကိုဦးစားပေးခဲ့တယ် ပြီးတော့နင်ပြောခဲ့တဲ့စကားလေ ဒီကမ်ဘာ ပေါ်မှာအရုပ်ဆိုးဆုံးဘွဲ့
ပေးရင်တောင် နင်ကိုဦးစားပေးတဲ့အနေနဲ့နင်ကပထမယူပါ။

ငါကတော့ ဒုတိယပဲယူပါမယ်ဆိုတာလေ။ ဟင်းမပြောလိုက်ချင်ဘူး ရွှေဥာဏ်တောစူးရောက်သားပဲ။ နင့်ကို ငါစောက်ရုး
လို့ပြောတာသိရဲ့လား..................။


    ဒီလောက်အဆင်ပြေနေတဲ့ နင်နဲ့ငါဆိုတဲ့သူငယ်ချင်းနှစ်ယောက်ကိုကံကကြည့်မရဘူးထင်ပါ၇ဲ့ဟာ၊

အဲဒီနေ့ကလေ နင်မေးခဲ့တဲ့ မေးခွန်းတစ်ခုကို ငါကလေခါတိုင်းလိုမှစနေနောက်နေ ကျမှတ်ပြီး ခပ်လွယ်လွယ်ဖြေ
လိုက်မိတာ ငါ့ရဲ့ပြင်လို့မရတဲ့အမှားကြီး တစ်ခုဖြစ်ခဲ့ရတယ်။

နင်ငါ့ကို သိပ်န့ာကြည်းသွားခဲ့တယ်ဆိုတာ ငါသိတယ်။ ငါ့ကိုသူစိမ်းဆန်တဲ့အကြည့်တွေနဲ့ကြည့်ပြီး “အော်၊နင့်ကိုငါ
ခလေးတစ်ယောက်လိုပဲ လောဘတွေ၊လိုချင်တပ်မက်မှုတွေမရှိဘူးလို့မြင်နေခဲ့တာ၊ ခုတော့နင်လူကြီးဖြစ်ပြီပဲ၊ နင့်ဘဝ
နင်လျှောက်နိုင် လောက်ပါပြီငါဆို တာလိုအပ်တော့မှာမဟုတ်ပါဘူး”ဆိုပြီး နောက်လှည့်မကြည့်စတမ်းထွက်ခွါသွားတဲ့
နင်က ငါဒူးထောက်လု မတတ်တောင်းပန်နေတာကိုတောင်အရေးမစိုက်တော့ဘူးနော်။

   နင်စိုး၇ိမ်နေတဲ့ မိုးကမပြိုပါဘူးဆို............ခုတော့ပြိုသွားခဲ့ပြီနော်၊ နင်နဲ့ငါစွန်လွှတ်နေကြတာပဲ......အလျော့
အတင်းဆိုတာရှိရမယ်ဆို ခုတော့လဲနင်ကညှိနှိုင်းလို့မရတော့လောက်အောင် တဖက်သတ်ဆုံးဖြတ်ချက်တွေချပြီး
ထွက်သွားခဲ့ပြီနော်။ သူငယ်ချင်း၇ယ် ခုတော့ လဲငါတစ်ယောက်တဲပါပဲ။ နင်ကတော့နင့်မာနထိပါးတယ်ဆိုပြီး ငါ့ကို
နားကျည်း၊ မုန်းတီးနေလောကရောပေါ့။ လက်ထဲကဖုန်းမြည်လာတိုင်းအထိန့်တလန့်နဲ့ နင်ဆက်တာများဖြစ်လေမလား၊


   စာပို့သမားတွေမြင်တိုင် နင်များငါ့ကိုစာထည့်ဦးမလား၊ ချပ်တင်ထိုင်တိုင်းအွန်လိုင်းပေါ်ကိုနင်ရောက်လာဦးမလား။
ကော်ဖီဆိုင်ရောက်တိုင်း နင်နဲ့ငါသောက်နေကျစားပွဲမှာ နင်များရောက်နေမလားး။ ဘုရားသွားတိုင်းလဲ နင်မွေးနေ့ စနေ
ထောင့်မှာ နင့်ကိုမြင်ရပါဦးမလားဆိုပြီး ငါ့မှာရှာရတာအမောပဲ။ ဒါပေမယ့်နင်အပုန်းကောင်းပါတယ်သူငယ်ချင်းရယ်၊

ဘာပဲဖြစ်ဖြစ်ပေါ့ နင်များဒီစာကိုဖတ်မိရင် ငါ့ကိုခွင့်လွှတ်ပေးဖို့ငါတောင်းပန်ချင်ပါတယ်။

နင်ကျေအေးပေးပါသူငယ်ချင်းရာ။

ငါ့ဘ၀မှာရည်းစာထက်ပိုတဲ့ သူငယ်ချင်းဆိုတာတကယ်ရှိခဲ့တာပါ။

အစားထိုးမရတဲ့ သူငယ်ချင်းဆိုတာလဲ တကယ်ရှိခဲ့တာပါ။ အဲဒါကနင်ပဲ။

ပြိးတော့ ငါ့ဆံပင်တွေကျောလည် ရောက်အောင်ရှည်နေပြီဆိုတဲ့အကြောင်းကိုလဲ
နင်သိစေချင်တယ်သူငယ်ချင်းရာ..................။




 

မည်သူကိုမျှမရည်ရွယ်ပါ၊တိုက်ဆိုင်မှုရှိပါကခွင့်လွှတ်ကြပါရန်။

ဒီအကြောင်းကို တွေးပြီး ဝမ်းနည်းပါတယ်...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့