Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

ဥသြ ငှက်လေး....။

နွေ...တစ်နွေ
ပေါက်ဖွား ကျီးတစ်စု
မျိုးမတူထင်
စွန့်ပစ်ခံရတဲ့ ဥသြငှက်..
တစ်ကောင်ထဲပျံဝဲ
အထီးကျန်ငှက်လေး
ဥသြ...
အိမ်လွမ်းလို့ငိုတယ်
မိမရှိဖမရှိ
တစ်ယောက်လွမ်းလို့အော်တယ်
နွေရာသီလေးမှာ
ဥသြ ဥသြ....
ဥသြ မျက်ရည်မြေကျလို့..
ပိတောက်ရွေဝါတို့
ပွင့်ကြကုန်လော့
ဥသြသံလေး
ပျောက်ကွယ်လေပြီ.....
အလွမ်းဥသြ..
အထီးကျန်ဆန်လို့
တစ်ကိုယ်ထဲ လေလွင့်
အဝေး အဝေးကို................။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့