Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

မျှော်လင့်ခြင်းအလွမ်း

လူမသိသူမသိနဲ့  ခံစားချက်တစ်ချို့ က
ဗိုင်းရပ်စ်တစ်မျိုးလို နှလုံးသားထဲပျံ့ ဝင်
သတိတရနဲ့  သူငယ်ချင်းကမေးတော့
ဖြစ်တည်လာတဲ့  ဝေဒနာက
အလွမ်း......။
ငါလျောက်တဲ့  လမ်းမှာ ကမန်းကတန်း
အလွမ်းတွေ ကျောခင်းထားပေမယ့်
ရင်ထဲက အလွမ်းတွေ ပျော့ ညံ့ တတ်မယ်
မင်းထင်ထားလား.....။
အရောင်မဲ့ နေတဲ့  မျှော်လင့်ချက်
ငါ့ခေါင်းရင်းမှာ စိုက်ပြီး တမ်းတခြင်းအိမ်မက်ကို
အရိပ်ထင်ရာစွဲလမ်းမှု့ အတွက်
ကံကြမ္မာကြိုတံတား လှုပ်ခတ်သွားပါစေ
တဖက်ကမ်းက မင်းလက်ရပ်ခေါ်ရင်
မျက်ရည်တွေက ငှက်အဖြစ်နဲ့ 
ပို့ ဆက်သရင် ငါသင်ပေးထားတဲ့ 
ဝါကျတစ်ကြောင်းကို ရွတ်ပြလိမ့် မယ်....။
ဆုတောင်းတိုင်း မပြည့်စုံပေမယ့်
ဆုံစည်းခြင်းက နှလုံးသားကြောင့်
ရိပ်ကနဲ မြင်လိုက်ရတဲ့  ကြိုမျှင်လေးကို
နှလုံးသားတစ္ဆေခြောက်လှန့် လို့ 
အလွမ်းနဲ့  အလဲအထပ် လုပ်ခဲ့ ရပြီ.....။
...................................................................
အားလုံးသောသူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ ကြပါစေ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့