Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Monday 9 April 2012
ချယ်ရီပင်အောက် လမ်းလျှောက်ကြရအောင်
ဂျပန်ရဲ့ နွေဦးရာသီ ရောက်လာတော့ ချယ်ရီတွေ လဲ ဖူးပွင့် ဝေဆာခဲ့ပြန်ပေါ့ --
ဒီအချိန်ဆို ဂျပန်လူမျိုးတွေက Hanami ဟာနာ့ မိ လို့ ခေါ်တဲ့  ပန်းကြည့်ပွဲ (ချယ်ရီကြည့်ပွဲ) ကျင်းပကြပါတယ်။
ပန်းခြံ ၊ ဘုရားကျောင်း တွေ ထဲက ချယ်ရီပင်တွေရှိတဲ့ နေရာ သွားပြီး အစွမ်းကုန် ဖူးပွင့်ဝေဆာနေတဲ့ ချယ်ရီအလှကို ခံစားရင်းချယ်ရီပင်တွေ အောက်မှာ ပျော်ပွဲစား ထွက်ကြတာကို  Hanami ,ဟာနာ့ မိ ပန်းကြည့်ပွဲ (ချယ်၇ီကြည့်ပွဲ) လို့ ခေါ်တာပါ။
ဒီနေ့  ကျမ တည်းတဲ့  Takahama မြို့ လေး က Katsuga Jinja , ခါဆု ဂါ့  ရှင်တို ဘုရားကျောင်းထဲ က
ချယ်ရီပင်တွေရှိတဲ့နေရာကို ပန်းကြည့် ပွဲ သွားကြပါတယ်။
အဲဒီ ဘုရားကျောင်း ထဲမှာ ချယ်ရီ ပင်ပေါင်း ၉၀၀ကျော် ရှိပါတယ်လို့သိရပါတယ်။
ဒီအပင်တွေ စိုက်ထားတာ နှစ်တရာလောက်ရှိပါပြီတဲ့ -
ကဲ--အောက်ကပုံလေးတွေ ကြည့်ရင်း ဂျပန်ရဲ့  ပန်းကြည့်ပွဲ ကို အတူ သွားရအောင်နော်--
ဘုရားကျောင်း အ၀င် လမ်း လေးမှာလဲ ချယ်ရီတွေကတဝေေ၀
နတ်ဘုရားကျောင်းဆောင် အစောင့် ရုပ်ထု ပါ
ဟော--တွေ့ ပါပြီ ချယ်ရီတွေအောက်မှာ ပျော်ပွဲစားနေကြသူတွေ --
စားစရာလေးတွေ ရောင်းတဲ့ ဆိုင်တန်းတွေလဲ ရှိတယ်--
ပန်းကြည့် ပွဲ မှာစား ဖို့  သီးသန့်  ရောင်းတဲ့  ချယ်ရီ ထမင်းဘူး  Sakura bento ပါ
 ဂျပန်ပုံပြင် တွေ ထဲမှာ အမြဲပါတဲ့  Tanoki  တာ့ နိုခိ ရုပ် ထု  ပါ။
ရေကန်ပေါ်မှာဖြာကျနေတဲ့ ချယ်ရီကိုင်းလေးတွေနဲ့  ရေကန်ထဲက ငါးလေးတွေ
ကလေးတွေကလဲ ချယ်ရီရိပ်မှာ ဆော့ကစားမြူးတူးလို့ --
ဲချစ်စရာ ချယ်ရီအလှ ကို တ၀ ကြီးကြည့်ကြနော်--
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့