Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

အဖိုးထိုက်တန်တန်တဲ့ သူငယ်ချင်းရတနာများ


စိတ်တိုစိတ်ဆိုးလွယ်တဲ့ ကောင်လေးတစ်ယောက်ကို တစ်နေ့တော့သူ့အဖေက သံမှိုတစ်အိတ်ပေးပြီး ပြောပါသတဲ့။ စိတ်ဆိုးပြီးသည်းမခံနိုင်ဖြစ်တိုင်း သစ်သားခြံစည်းရိုးရဲ့ နောက်မှာ သံမှိုတစ်ချောင်း ရိုက်သွင်းခိုင်းတာပါ။ ပထမနေ့မှာ ကောင်လေးဟာ သံမှို ၃၇ချောင်း စည်းရိုးထဲကိုရိုက်သွင်းခဲ့ပါတယ်။ ရက်သတ္တပတ် နည်းနည်းကြာလာတဲ့အခါ သူဒေါသကို ထိန်းနည်းကို သင်ယူမိခဲ့တဲ့အတွက် တစ်ရက် ချင်းမှာ သံရိုက် သွင်းရတဲ့ အရေအတွက် နည်းလာခဲ့သတဲ့။ ခြံစည်းရိုးထဲကိုသံရိုက်သွင်းရတာနဲ့စာရင် သူ့ရဲ့ သည်းမခံနိုင် မှုကို ထိန်းသိမ်းရတာက ပိုလွယ်မှန်းကောင်လေးက တွေ့လာခဲ့သတဲ့။ နောက်ဆုံး တော့ သည်းမခံနိုင်မှု၊ ဒေါသထွက်မှုလုံးဝမဖြစ်တော့တဲ့ နေ့တစ်နေ့ ကောင်လေးဆီကို ဆိုက်ရောက်လာ တော့သတဲ့။

ကောင်လေးဟာသူ့အဖေကို သည်အကြောင်းပြောပြတဲ့အခါ အဖေက အဆိုတစ်ခုပြုသတဲ့။ ကောင်လေး ဟာ သူ့သည်းမခံနိုင်မှုကိုထိန်းချုပ်နိုင်တဲ့နေ့တိုင်းမှာ သံချောင်းတစ်ချောင်းစီ ပြန်နှုတ်ပစ်ဖို့ပါပဲ။ ရက်တ ချို့ကုန်လွန်ပြီးသွားတဲ့အခါနောက်ဆုံးမှာ သံချောင်းတွေအားလုံးကိုနှုတ်ပြီးသွားပြီးကြောင်း ကောင်လေး က သူ့အဖေကို ပြောနိုင်လာခဲ့တယ်တဲ့။ သည်တော့ ကောင်လေးအဖေက ကောင်လေးလက်ကိုဆွဲ ခေါ်လာပြီး ခြံစည်းရိုးကိုပြရင်း ပြောပါသတဲ့။ “မင်းလုပ်တာကောင်းပါတယ်သားရယ်။ ဒါပေမယ့် ခြံစည်း ရိုးကအပေါက် တွေကိုကြည့်စမ်း၊ ခြံစည်းရိုးက ဘယ်တော့မှ နဂိုနဲ့ထပ်တူ ပြန်မဖြစ်နိုင်တော့ဘူး။ သား တစုံတယောက်ကို ဒေါသနဲ့ စကားတွေပြောတဲ့အခါမှာ အဲဒီဒေါသစကားတွေဟာ သည်လိုဒဏ်ရာတွေ ကိုချန်ခဲ့ကြတယ်။ သားဟာ လူတစ်ယောက်ကို ဓားနဲ့ထိုးပြီး ဓားကိုပြန်နှုတ်လိုက်လို့ရပါတယ်။ သားက ဘယ်လောက်ပဲ ၀မ်းနည်းပါတယ်လို့ ပြောစေကာမူ နာကျင်မှု၊ ဒဏ်ရာနဲ့ အမာရွတ်ကတော့ ပျောက်သွားမှာ မဟုတ်ပါဘူး” တဲ့။


စကားကြောင့်ဖြစ်တဲ့စိတ်ထဲကဒဏ်ရာဟာ ရုပ်ခန္ဓာပေါ်မှာ ဖြစ်တဲ့ဒဏ်ရာလောက်ကိုဆိုးတာပါ။ ပိုချင် ပိုပါဦးမယ်။ သူငယ်ချင်းဆိုတာ ရှားပါးတဲ့ ရတနာအစစ်ပါ။ သူတို့တွေဟာ မင်းနဲ့တို့ကိုပြုံးစေတယ်၊ အောင်မြင်မှု တွေရအောင် အားပေးတယ်။ သူတို့နားတွေကိုငှားပြီး ချီးကျူးစကားတွေကို မျှဝေတယ်။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့ နှလုံးသားတံခါးတွေကို သူတို့သူငယ်ချင်းတွေဖြစ်တဲ့ မင်းနဲ့တို့အတွက် အမြဲတမ်းဖွင့်ပေး ထားချင်တယ်။ သည်တော့သူငယ်ချင်းတွေကြားက နားလည်မှုအလွဲများကို အေးချမ်း တဲ့နည်းတွေနဲ့ ဒေါသမစွက်ဘဲ ဖြေရှင်းနိုင်ကြရင် အဖိုးမဖြတ်နိုင်တဲ့ ရှားပါးရတနာတွေ မဆုံးရှုံးနိုင်တော့ ပါဘူး။ ကျွန်တော်တို့ တတွေလည်း ရှားပါးအဖိုးတန်တဲ့ သက်ရှိသူငယ်ချင်းရတနာများ မဆုံးရှုံးရအောင် တန်ဖိုးထား ကြပါစို့လားခင်ဗျား...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့