Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

အလှတရား၏ပင်ကိုယ်

သက်တန့်
ရောင်စဉ်တစ်ခုနဲ့
အဲဒီရောင်စဉ်မှာ
အရောင်ခုနစ်ခု…မကဘူး
အလှထူးနေတယ်။
လိပ်ပြာ
ကာလာအစုံစုံ
ပုံသဏ္ဍာန်အထူးထူး
မြူးတူးပျော်ဝင်…လှဆန်းဆင်
အမြင်တင့်လှတယ်။
မီးပန်း
အဆန်းဆန်းအပြားပြား
ခြားနားချက်တွေနဲ့
ကောင်းကင်ယံထဲ…မစဲဘဲ
ကျဲလိုက်စုလိုက် လှပတယ်။
ပန်းချီ
ကားတစ်ချပ်ဖို့
စုတ်ချက်တွေအများ
ဆေးရောင်တွေအစုံ
ဗဟိဒ္ဓထဲက … အဇ္ဈတ္တ
ရှာမနေရဘူး
အလှထူးပါတယ်။
အဲလိုလှတဲ့အလှနဲ့
လှနေမှ
အလှတရားက ခိုင်တယ်။        ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့