Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 7 April 2012

"ရင်၏၀န်ခံချက်"


တစ်ခါတုန်းကပေါ့........
နီးစပ်မူ့ထုံးတမ်းကြားမှာ
လုံးပါးပါးခဲ့ရတဲ့ဘ၀နဲ့
သံယောဇဉ်အဖြစ် နှောင်တွယ်ရစ်လို့
ချစ်ခြင်းတစ်ခု ရင်ဝယ်ရှိခဲ့ဖူးပါတယ်
သွားအတူ ၊လာအတူ
ပြုစားတက်တဲ့ မျက်ဝန်းကိုယ်စီကြောင့်
ဆောက်တည်ထားတဲ့ မာနတွေခ၀ါချ
နိဒါန်းလေးစခဲ့မိပါရဲ့
အရောင်လဲ့လဲ့ အကြင်နာတွေနဲ့
အဆောင်အယောင်မဲ့တဲ့ ဘ၀နှစ်ခု
တက်မတ်စွာ ယုယခဲ့ကြတုန်းကပေါ့
အက်ကွဲကွဲ သံပြိုင်ဟစ်ကြွေး
ပြုံးပျော်ဟားတိုက်လို့
အနမ်းပင်တွေအတူစိုက်ခဲ့တယ်လေ........
အချစ်သီချင်းစပ်တုန်း......
ရက်စွဲတွေ လွန်ကုန်တာလည်းမသိ
ကမ္ဘာထဲမှာ တို့နှစ်ယောက်တည်းပဲရှိတယ်လို့
ခံစားချက်တွေရေးဖွဲ့ သီကုံး
ပျက်သုန်းမသွားနိုင်တဲ့
အိမ်မက်တစ်စုံ အတွက်
ငါတို့နှစ်ဦးရဲ့လက်
ဂဟေဆတ်သလို တွဲယှက်ခဲ့ကြတယ်လေ.....
အိမ်မက် ၊ စိတ်ကူးနဲ့
နှစ်ကိုယ်တည်းရူးခဲ့လိုက်ကြတာ
မင်း ရယ် ရင် ငါ ရယ်.....
မင်းငိုရင်ငါငိုလို့.......
ဆိုနေကြ သံစဉ်တွေနဲ့ ခရီးဆက်ခဲ့ပါရဲ့
အိမ်မက်ကို အတောင်ပံတပ်လို့
အိပ်စက်မိတဲ့ အချိန်မှာတောင်
မင်းရှိရာ အကြင်နာစခန်း
ငါပျံသန်းခဲ့ပါရဲ့...........
ကိုယ်ချစ်တဲ့ ချစ်သူအတွက်
ယောက်ျားမြတ်တို့ ပေးဆပ်ရမဲ့
"တင့်တောင်းတင့်တယ်"ဆိုတဲ့စကား
ငါ့နားထဲ အဲ့ဒီတုန်းက ခါးနေခဲ့တယ်
ချစ်ခြင်းကို အပြစ်ကင်းစေဖို့
"တူနှစ်ကိုယ် ၊တဲအိုပျက်မှာနေရနေရ"ဆိုတဲ့အထာနဲ့
အနာဂါတ်က လှပနေခဲ့တယ်.......
တိမ်လွှာကိုစီးသလို အချစ်ခရီးဟာလည်း
ငြိမ့်ငြိမ့်၊ညောင်းညောင်း၊သာသာယာယာ နဲ့
လာတက်တဲ့ဒုက္ခ ဥပေက္ခာပြုလို့
သောကရဲ့အစား ငါမေ့ထားခဲ့တာအမှန်ပါ....
မုန်တိုင်းမလာခင်ကြည်လင်မူ့မျိုးလို့လဲ
ငါဆိုးဆိုးရွားရွာ ကြိုမတွေးထားခဲ့ပါဘူး
ထိရှလွယ်တဲ့နှလုံးသားတစ်စုံအတွက်
ရင်ချင်းဆက်တဲ့ ပစ္စုပန်နေ့ရက်ကလေးမှာပဲ
ငါပျော်မွေ့နေပါတယ်.....
ဒီလိုနဲ့.................
ဆိုင်းမဆင့် ၊ ဗုံမဆင့်
ရင့်သီးလှတဲ့သောကတွေက
စမိတဲ့အကြင်နာတွေကို ဒဏ်ရာရစေရင်း
ဝင်းလက်တဲ့ လျှပ်ရောင်တစ်ချက်မှာ
ငါ့ဘ၀ပျက်မဲ့နေ့ရက် နိုးထခဲ့ပါတယ်....
မတ်မပြေတဲ့ အတိတ်ရထားက
ဥသြဆွဲသံ အမှတ်ရပေးရင်း
ငါ့ရင်ဘတ်ကို နင်းဖြတ်သွားခဲ့ချိန်ပေါ့
မိုးမင်းရဲ့ အငြိုးတွေလား......
ကံကြမ္မာရဲ့ ကျိန်စာတစ်ခုလား.....
သေချာတာတစ်ခုကတော့
မေ့မရခြင်းတွေချန်ထားရင်း
မင်းစွန့်ခွာသွားရက်တာလေ
မုန်တိုင်းရဲ့စစ်ချီသံအောက်
နာနာကျင်ကျင် ဒူးထောက်ရင်း
ဟင်းလင်းပွင့်သွားတဲ့ နှလုံးသားထဲမှာ
ခါချထားခဲ့တဲ့ အလွမ်းတွေပဲ
အဖြစ်ဆိုးတွေဝင်နှောက်လို့
အစားထိုးရောက်ရှိခဲ့ပေါ့
တစ်နေ့၊တစ်နာရီ၊တစ်စက္ကန့် နဲ့
ခဏခဏ လန့်နိုးမိတဲ့ အချိန်တွေပေါင်းတော့
ဥတု၊ရာသီ အလီလီနဲ့
ပြက္ခဒိန်စာရွက်တွေ တရွက်ပြီးတရွက်
ကျော်ဖြတ်ခဲပြီလေ..............
မင်းစွန့်ခဲ့တဲ့ အတိတ်မြေနဲ့
မင်းပေးခဲ့တဲ့ အမှတ်တရတွေအကြောင်း
မေးခွန်းဟောင်းတွေ
ပြောင်းလဲတက်တဲ့ သဘာဝအဖြစ်
ငါသစ်လွင်နေစေချင်ရဲ့
စစ်မှန်တဲ့ချစ်ခြင်းတရား ကိုယ်စား
ေ၀၀ါးသွားတဲ့ အတိတ်အတွက်
ငါ့နှလုံးသားကို ဆက်သခဲ့ပါရဲ့
မင်းပျော်နိုင်မှာလား............
ကျေနပ်နိုင်ပါစေကွာ...........
နှိပ်စက်လွန်းတဲ့ အလွမ်းမီးတွေနဲ့
ကမ်းမနီးတဲ့ ဘ၀ပင်လယ်ထဲမှာ
ဆို့နင့်လွန်းလို့ လက်ပန်းကျ
သတိတရ တမ်းတမိတဲ့အခါ
ငါငိုပါရစေ.............
ဖြေဖျောက်လို့မရတဲ့ ဒဏ်ရာတချို့
ဝမ်းနည်းစိတ်နဲ့ ဆို့တက်လာတဲ့အခါ
တစ်ခါက လသာတဲ့ညတစ်ညရဲ့
အမှတ်တရ ရင်ခွင်မှာ
မင်းခိုဝင်ခဲ့ဖူးတာ သတိရခဲ့ရင်ပဲ
"ရင်၏၀န်ခံချက်" ကို သံသရာအတွက်ပါ
ကျေနပ်နိုင်ပါပြီ..................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့