Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

Good Nigth ချစ်သူ

နှလုံးသားနဲ့ရင်းပြီး ချစ်ခဲ့ရသူမှာ
အပြစ်တွေလဲ မမြင်တတ်တော့ပါ
တခါတလေ အမြင်တွေမတူလို့
နားလည်မှုတွေ လွဲချင်လွဲခဲ့မယ်
ဒါပေမဲ့ မမုန်းရက်ဘူးလေ
တစ်ယောက်နဲ့တစ်ယောက် မခွဲစတမ်းပေါ့
ကမ္ဘာပေါ်က ချစ်သူတွေတိုင်း
ပေါင်းကြရရင် သိပ်ကောင်းမှာပဲနော်
မင်းကို ငါ အရမ်းချစ်တယ်
အိမ်ပြန်ချိန်တွေတိုင်း နုတ်ဆက်ကြရအောင်
ဘယ်တော့မှ မခွဲကြေး
သက်ဆုံးတိုင်အထိ လက်တွေချိတ်ထားမယ်
ရှေ့ဆက်သွားမယ် အနာဂတ်သို့
ကိုယ်တို့ရဲ့ အချစ်တွေနဲ့ပေါ့
အခန့်မသင့်လို့ အနေဝေးခဲ့ရင်တောင်မှ
ဖုန်းလေးဆက်လို့ Good Night ချစ်သူလို့
မအိပ်ခင်လေး အိမ်မက်ကမ္ဘာလှသွားအောင်
ချော့သိပ်စကားတွေ ပြောကြမယ်လေ
Good Night
ချစ်သူ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့