Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

**စပ်မိစပ်ရာ ကွိစိကွစ** :P

(၁) ကောင်မလေးတစ်ယောက်ကို ချစ်နေတယ်..ဒါပေမယ့် သူသိအောင်မပြောဘူး အဲ့ဒါဘာအချစ်လဲ

= အုံ့ပုန်းအချစ်

(၂) သူ့ကိုချစ်တယ်လို့ ပြောလိုက်တဲ့အခါ သူ့ဘက်က ချစ်တဲ့အမူအရာပြန်မပြဘူး..အဲ့ဒါကိုဘယ်လိုခေါ်မလဲ

= မတုန်တက်သေးအချစ်

(၃) သူ့ကိုချစ်တယ်လို့ပြောလိုက်တဲ့အခါ..အဖြေတော့မပေးဘူး..ဒါပေမယ့် ချစ်တဲ့အမူအရာတွေတော့ပြန်ပြနေတယ်.

= ရေလာမြောင်းပေး

(၄) သူ့ကိုချစ်တယ်လို့ ပြောလိုက်တဲ့အခါ သူ့ဘက်က ချက်ခြင်းအဖြေပြန်ပေးတာ.အဲ့ဒါကိုဘယ်လိုခေါ်မလဲ

= အညှာလွယ်တဲ့အချစ်

(၅) သင့်ချစ်သူမှာ သင့်အပြင် နောက်ချစ်သူတစ်ယောက် ပါရှိရင် အဲ့ဒါကိုဘယ်လိုခေါ်မလဲ

= ငါးရံနှစ်ကောင်ဖမ်း( သို့)လှေနံနှစ်ဖက်နင်းတဲ့အချစ်

(၆) သင်ချစ်သူ(၂)ယောက်ကြားမှာ ဗျာများနေရတယ်ဆိုရင် ဘယ်လိုခေါ်နိုင်လဲ

= မြေဇာပင်

(၇) သင့်ရဲ့ရည်းစား(၂)ယောက်စလုံးက သင့်ကိုစွန့်ခွာသွားခဲ့ရင် အဲ့ဒါကိုဘယ်လိုခေါ်မလဲ

= မျောက်သစ်ကိုင်းလွတ်

(၈) သင်က ချစ်သူတစ်ယောက်ကို အသဲအသန်လိုချင်နေတယ်ဆိုရင် အဲ့ဒီအခြေအနေကိုဘယ်လိုခေါ်မလဲ

= အရူးမီးဝိုင်း(သို့) သေမင်းငင် (သို့) ငမ်းငမ်းတက်တဲ့အချစ်

(၉) မိန်းမ(၂)ယောက်တစ်ပြိုင်တည်း ယူထားတဲ့ယောက်ျားကို ဘယ်လိုအမည်ပေးမလဲ

= နှစ်သီးစား

(၁၀) အိမ်ထောင်အရမ်းပြုချင်နေတဲ့ လေးဆယ်ကျော် အပျိုကြီးတစ်ယောက်ကို ဘယ်လိုအမည်ပေးမလဲ

= ၀င်ဒါမီယာ (၀င်လာတာနဲ့မိရာကိုဆွဲခြင်း)

(၁၁) အရမ်းချမ်းသာတဲ့သူဌေးတစ်ယောက်ကို ရအောင်ယူနိုင်တဲ့ ခပ်ရှုပ်ရှုပ်မိန်းမတစ်ယောက်ကို

= ပိုင်းလုံး

(၁၂) အရက်သမားတစ်ယောက်ကို ယူလိုက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘွဲ့အမည်

= ယစ်မျိုးကတော်

(၁၃) ကိုယ့်ကိုမချစ်တဲ့ယောက်ျားတစ်ယောက်ကို လက်ထပ်နိုင်ခဲ့တဲ့သူတစ်ယောက်ကိုဘယ်လိုခေါ်မလဲ

= ဆင်ကန်းတောတိုး

(၁၄) မိန်းမတွေကို တစ်မြို့ပြီးတစ်မြို့ယူထားတဲ့ ခပ်ပွေပွေ ယောက်ျားတစ်ယောက်ကို ဘယ်လိုအမည်ပေးမလဲ

= တစ်ရွာတစ်ကျီဆောက်

(၁၅) မင်္ဂလာဦးညမှာ သတို့သားက သတို့သမီးကို ပြောတတ်တဲ့စကားတစ်ခွန်း

= အရှူံးပေးတယ် ( ပန်းပေးတယ် )

(၁၆) အိမ်ထောင်ကျပြီး ငါးနှစ်ကြာထိ သားသမီးမရသော လင်မယားကိုဘယ်ပုဒ်မနဲ့တရားစွဲနိုင်သလဲ

= နိုင်ငံတော်အတွက် လိုအပ်သောထုတ်ကုန်ကို သတ်မှတ်ချိန်အတွင်း မထုတ်လုပ်ပေးနိုင်မှု

(၁၇) အိမ်ထောင်ပြုဖို့ ကြောက်နေသော အပျိုကြီးကိုဘယ်ပုဒ်မနှင့် တရားစွဲနိုင်ပါသလဲ

= အလုပ်ချိန်အတွင်းစက်ပစ္စည်းရပ်ဆိုင်းထားမှု

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့