Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 16 May 2012

ချစ်သူမိန်းကလေးနှင့် ချစ်သူယောင်္ကျားလေးများ လိုက်နာရမည့်ရည်စားကျင့်ဝတ်(6)ချက်

ချစ်သူမိန်းကလေးလိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်

BEER သောက်လျှင် အပြစ်မမြင် ချစ်ချစ်ခင်ခင် နေရမည်…။
အခြားမိန်းကလေးရှုလို့ငေး မမြင်ချင်ယောင်ဆောင်ရမည်…
ချိန်းလို့တွေ့က ချစ်ချစ်အား တနေ့သုံးခါ နမ်းရမည်…။
ချစ်သူဘဲအား အလေးထား ရိုရိုသေသေပြောရမည်…။
ဗြောင်လိမ်ဗြောင်စား ထိုနှစ်ပါး သည်းညည်းများလည်း ခံရမည်..။
ချစ်သူ ပြောတိုင်းမှာ ခေါင်းညိတ်ကာ ဟုတ်ကဲ့များလည်း ပါရမည်..။
ထိုအရာများ မလိုက်နာငြား ကညာ့ လိုပင် ကျန်ရစ်မည်.. :P PP……….။
ချစ်သူယောကျာ်းလေး လိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်

ညာခိုင်းခဲ့လျှင် အပြစ်မမြင် ကြည်ကြည်ဖြူဖြူလုပ်ရမည်…။
ဘဲလေးချောချော ငေးနေလျှင် မုဒိတာလည်းပွားရမည်…။
ချိန်းလို့တွေ့က ကိုကိုက ကုန်ကျသမျှ ရှင်းရမည်…။
ချိန်းသူ မေအား အလေးထား တစ်နာရီခန့်စောင့်ရမည်…။
ပေါ်တင်လိမ်လျှင် ””အ ”” သလိုပင် မသိချင်ယောင်ဆောင်ရမည်…။
စိတ်ကောက်တိုင်းမှာ ချော့ဖို့ ရာ တော်ကီများလည်းညက်ရမည်…။
ထိုအရာများ မလိုက်နာငြား…လူပျိုကြီးဘ၀ နှင့်ပင် ကျန်ရစ်မည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့