Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 28 May 2012

လှပသောအိပ်မက်......

လရိပ်ကလေးလည်း   ....  ဖွေးနေတုန်း
 လေနုအေးလေးလည်း....သွေးနေတုန်း
 ချစ်သူလေးရဲ့အလှကိုမောင်က .....ငေးနေတုန်းမှာပေါ.  ...
 “ မောင်  ဘာလို. ဒီလောက်တောင် ကြည်.နေရတာလည်း  ”
 “ချစ်လေး ကကော ဘာလို ဒီလောက်တောင်ချစ်စရာကောင်းနေရတာလည်း”
  “ ဟုတ်လို.လားမောင် ရယ်  တကယ်ကောချစ်တာလား....”
 “ ချစ်တာထက် ကိုပိုချစ်မိနေတာပါကလေးရယ်..”
 “  မောင် ဘာပြောပြော ကျမက ယုံနေတာပါ ”
 “ ယုံအောင်ပြောနေတာမဟုတ် ပါဘူး မှန်တာကိုတင်ပြနေတာပါ ”
 “ ကဲပါ ဒါကြောင်.လည်း ကျမကမောင်.ကိုချစ်နေတာပါ ”
 “ မောင်ကကော မချစ်တာကြနေတာဘဲ”
 “ အင်းပါစောစော အိပ် မနက်ဖြန်မောင်.အတွက်အလုပ်တွေအများကြီး”
  “ ဘာတွေများလည်း ဟင် မနက်ဖြန်မောင်ကနားမလားလို. ”
 “ အယ်..မောင်ကတော.မေ.ပြီ နက်ဖြန်သမီးလေး  သီရိ ကိုပန်းခြံတို.
 ကစားကွင်းတို.ပို.မယ်ဆို..ပြီးတော. ကျမကိုလည်း OG နဲ.ပြပေးမယ်ဆို
 ကျမ မေမေအိမ်ကိုလည်းခဏသွားချင်သေးတယ်..မေမေတို.ကသမီး
 ကိုကော မြေးလေးကိုကောအောင်.မေ.နေရှာပြီ..”
 “ ဟုတ်ပါရဲ. ချစ်လေးကဒီတစ်ခါမောင်.ကိုဘာလေးမွေးပေးမလည်း”
 “ ဘုရားပေးတာဘဲယူရမှာပေါ.မောင်..ချစ်ဘယ်သိပါ.မလည်း“
 “ မောင်ကတော. သမီးလေးသီရိအတွက်  မောင်လေး ဆိုကောင်းမလားလို.”
 “ ဟုတ်ပါပြီ...အော်မောင်..မောင်.ဖေဖေအတွက် အားဆေးဝယ်ထားတာ
 နက်ဖြန်တစ်ခါထဲဝင်ပို.ပေးလိုက်မယ်နော်..”
 “ ဟုတ်ပါပြီ နက်ဖြန်တစ်နေ့လုံး မောင်တော. ချစ်လေးရဲ.ဒရိုင်ဘာဘဲပေါ. ”
 “ ဟင်း ..မောင်ကစိတ်မပါသလိုဘဲ..ကဲပြော နက်ဖြန်ဘယ်ကောင်မလေးနဲ့
 ချိန်းထားလို.လည်း...တော်ပြီနက်ဖြန်ဘယ်မှမသွားတော.ဘူး ”
 “ မဟုတ်ရပါဘူးကွာ....တကယ်ပါ ” 
 “ ဟင်.အင်း  မယုံဘူးမယုံဘူး....”
 “ ယုံပါကွာ..တကယ်ပြောတာပါ...တကယ်ပါ ”

“ ဟေ.ကောင်.....ကွန်ပြူတာရှေ.မှာငိုက်ပြီး  ဘာတွေရောင်နေတာလည်း”
 ကျနော်လန်.နိုးသွားပါသည်။အော်..အိပ်မက်ကိုး......အိပ်မက်..
 တကယ်သာဆို...ဘယ်လောက်ကောင်းမလည်း....ကျနော်ကွန်ပြူတာ
 ပေါ်မှ ကျနော.ကိုကြည်.နေသောချစ်လေးပုံကိုလှမ်းကြည်.လိုက်တော.
 ချစ်လေးကကျနော.ကို  လှောင်နေသလိုပင်.......
 လရိပ်ကလေးလည်း   ....  ဖွေးနေတုန်း
 လေနုအေးလေးလည်း....သွေးနေတုန်း
 ချစ်သူလေးရဲ့အလှကိုမောင်က .....ငေးနေတုန်းမှာပေါ.  .....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့