တယ်လီဖုန်းသံတစ်ချက်အမြည်…
တုန်ယင်လှုပ်ရှား
နင်များလား??? လို့…..
ဖုန်းပြေးကိုင်မိတယ်……
Message Alarm အဝင်
အပြေးအလွှားဖတ်လို့…
နင့်ဆီကများလား???…….လို့…
မျှော်လင့်မိတယ်…..
Gmail က Alarm ပြ…
Mail တစ်စောင် ရောက်သတဲ့…
နင်များ ငါ့ဆီ Mail ပို့လေသလား???…..
နင်များလား??? ဆိုတဲ့အတွေးနဲ့…
ခြေသံကြားတိုင်း
ပြေးကြည့်မိတယ်…….
စိတ်က ကယောင်ခြောက်ခြား
နင် နေနိုင်ရက်တယ်….
ငါပို့တဲ့ Message တွေ
ငါပို့တဲ့ E-mail တွေ များ မမြင်လေရော့သလားးး??
ငါခေါ်ထားတဲ့ Missed Call တွေ
မမြင်ဘူးလား???
မျှော်တော်ယောင်အတွေးနဲ့ …
ငါ့မျက်ရည်တစ်စက် ကြွေကျလာတယ်….
Online ပေါ်မှာ တက်ရှာမိတယ်…
အရင်လို…….
“ အရူးမလေးး……နင် ဘာရှာနေလဲ ???” ဆိုပြီးများး
Offline နဲ့ ရှိနေမလား လို့…….
ငါ့ကိုမနှိပ်စက်ပါနဲ့တော့….
ငါ့ရှေ့ကို ပြန်ရောက်လာပါတော့…..
နင့်မျက်နှာလေး….
ငါ့ကို ကြည့်ခွင့်ပေးပါ….
နင့်အပြုံးလေးမှာ ..
ငါ့ကို ကြည်နူးခွင့် ပေးပါ…….
အရင်လို……..
အရင်လို……….ငါ့နားမှာ ပြန်ရှိနေပေးပါ….
နင်မကြိုက်တာ ဘာမှ မလုပ်တော့ဘူးလေ……..နော်
မဟုတ်ဘူးးး!!!!! မပြောနဲ့!!!!!
နင် မသေပါဘူး
နင် ငါ့ကို ချန်ထားခဲ့နိုင်လို့လား
ငါ့ကို လာစနေတာပဲမလား
ဒီလိုတော့ မစပါနဲ့ဟာ………….နော်
နင့်ရဲ့ Handphone လေးမှာ
ငါ့ရဲ့ အလွမ်း Message တွေ
ဖတ်သူမဲ့နေပြီ
ငါ့ရဲ့ Missed Call တွေ……
ရာကျော်နေပြီ…..
နင့်ဖုန်းလေး ကိုင်ပြီးး ငါငိုင်နေမိတယ်…..
နင် မသေပါနဲ့…….
နင် သေသွားပြီလို့ …ငါ လက်မခံခဲ့တာ
လွန်ခဲ့တဲ့ ( ၃) လထဲကလေ….
နင်မသေပါဘူး………
နင်က အစအနောက် သန်တော့….
ငါ့ကို စနေတာပဲ ဖြစ်မှာပါ……..
ဟုတ်တယ်နော်…………
ငါ မယုံဘူးနော်…….
နင် ပြန်လာမှာမလား ???
ပြန်လာမှာနော်……
ချုံးပွဲချ ငိုကြွေးရင်းးး
ငါ……မျှော်လင့်မိသေးတယ်……..
နင် ပြန်လာဦးမလား??? လို့………..လေ………။
No comments:
Post a Comment