Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 29 May 2012

ဒွါရခြောက်ပါးမှ ခန္ဓာငါးပါးဖြစ်ပေါ်ပုံ

ဃနအကြည်ကို အနံ့ တိုက်တော့ ဃာနဝိညာဏ်ပေါ်ပါသည် ။ ဃာနဝိညာဏ်ပေါ်သောအခါ
တစ်ဝိညာဏ်တည်းပေါ်လို့ ဖြစ်ပါသလား ၊ မဖြစ်နိုင်ပါ ။ ဃာနဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့
ဝေဒနာ ၊ သညာ ၊ စေတနာ သုံးပါးပေါင်းတော့ နာမက္ခန္ဓာလေးပါးဖြစ်ပါသည် ။ ဃာနအကြည်
နှင့် အနံ့ ကိုခန္ဓာဖွဲ့ တော့ ရူပက္ခန္ဓာဖြစ်ပါသည် ။ နာမက္ခန္ဓာလေးပါးနှင့် ရူပက္ခန္ဓာပေါင်းတော့
ခန္ဓာငါးပါးဖြစ်ပါသည် ။
နှာအကြည်ကို အနံ့ တိုက်တော့ နံသိစိတ် ပေါ်ပါသည် ။ အနံ့ ကိုနံသိတာက ( စိတ် ) ၊ ဝေဒနာ ၊
သညာ ၊ စေတနာ က (စေတသိတ်) ၊ ( စိတ် ၊ စေတသိတ်) ၊ နှာအကြည်နှင့် အနံ့ က ( ရုပ် ) ၊( စိတ် ၊ စေတသိတ် ၊ ရုပ် ) ။
နှာအကြည် ကို အနံ့ တိုက်တော့ နံသိစိတ်ပေါ်ပါသည် ။ အနံ့ ကို နံသိတာက နာမ်တရား ။
နှာအကြည်နှင့် အနံ့ က ရုပ်တရား ။ နာမ် ၊ ရုပ် နှစ်ပါး ။
ကျေးဇူးတော်ရှင် အနောက်ဂန့် ဂေါ မုံလည် ဆရာတော်ကြီး၏တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည် ။
ဒွါရခြောက်ပါးမှ ခန္ဓာငါးပါးဖြစ်ပေါ်ပုံ ( ဇိဝှါ ဒွါရ ) 
ဇိဝှါ အကြည်ကို ချို၊ ချဉ်၊ စပ်၊ ငန်၊ ဖန်၊ ခါး၊ ရသာခြောက်ပါးတိုက်တော့ စားသိစိတ်ဆိုတဲ့ ဇိဝှါဝိညာဏ်
ပေါ်ပါသည် ။ ဇိဝှါဝိညာဏ်ပေါ်သောအခါ တစ်ဝိညာဏ်တည်းပေါ်လို့ ဖြစ်ပါသလား ၊ မဖြစ်နိုင်ပါ ။
ဇိဝှါ ဝိညာဏ်နှင့်သဟဇာတ ဖြစ်တဲ့ ဝေဒနာ ၊ သညာ ၊ စေတနာ ၊ သုံးပါးပေါင်းတော့ နာမက္ခန္ဓာ
လေးပါးဖြစ်ပါသည် ။ ဇိဝှါ အကြည်နှင့် ရသာခြောက်ပါးကို ခန္ဓာဖွဲ့ တော့ ရူပက္ခန္ဓာဖြစ်ပါသည် ။
နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ ခန္ဓာငါးပါးဖြစ်ပါသည် ။
လျှာအကြည်ကို ရသာ ခြောက်ပါးတိုက်တော့ စားသိစိတ်ပေါ်ပါသည် ။ ရသာခြောက်ပါးကို စားသိတာက
( စိတ် ) ၊ ဝေဒနာ ၊ သညာ ၊ စေတနာ ၊ က (စေတသိတ်) ၊ လျှာအကြည် နှင့် ရသာခြောက်ပါးက( ရုပ် ) ၊ ( စိတ် ၊ စေတသိတ် ၊ ရုပ် ) ။
လျှာအကြည်ကို ရသာခြောက်ပါးတိုက်တော့ စားသိစိတ်ပေါ်ပါသည် ၊ ရသာခြောက်ပါးကို စားသိတာက
နာမ် တရား ၊ လျှာအကြည်နှင့် ရသာခြောက်ပါးက ရုပ်တရား ။ နာမ် ၊ ရုပ် နှစ်ပါး ။
ကျေးဇူးတော်ရှင် အနောက်ဂန့် ဂေါ မုံလည် ဆရာတော်ကြီး၏တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည် ။ 

ဒွါရခြောက်ပါးမှ ခန္ဓာငါးပါးဖြစ်ပေါ်ပုံ ( ကာယဒွါရ )
ကာယအကြည်ကို မာမှု ပျော့မှု ၊ ပထဝီ ဖောဋ္ဌဗ္ဗ တိုက်တော့ ထိသိစိတ်ဆိုတဲ့ ကာယဝိညာဏ်ပေါ်ပါသည်။
ကာယဝိညာဏ်ပေါ်သောအခါ တစ်ဝိညာဏ်တည်းပေါ်လို့ ဖြစ်ပါသလား ၊မဖြစ်နိုင်ပါ။ကာယဝိညာဏ်နှင့်
သဟဇာတ ဖြစ်တဲ့ ဝဒနာ ၊ သညာ ၊ စေတနာ ၊ သုံးပါးပေါင်းတော့နာမက္ခန္ဓာ လေးပါးဖြစ်ပါသည်။ ကာယအကြည်နှင့် မာမှု၊ ပျော့မှု၊ ကိုခန္ဓာဖွဲ့ တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာ လေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့ခန္ဓာ ငါးပါးဖြစ်ပါသည် ။
ကိုယ်အကြည်ကိုပူမှု၊ အေးမှု၊ တေဇောဖောဋ္ဌဗ္ဗတိုက်တော့ထိသိစိတ်ပေါ်ပါသည်။ပူမှု၊ အေးမှု၊ကိုထိသိတာက(စိတ်) ၊ ဝေဒနာ ၊ သညာ ၊ စေတနာ ၊ က (စေတသိတ် ) ၊ ( စိတ်၊ စေတသိတ်) ၊ ကိုယ်အကြည်နှင့် ပူမှု၊ အေးမှုက ( ရုပ် ) ၊ (စိတ်၊ စေတသိတ်၊ ရုပ် ) ။
ကိုယ်အကြည်ကို ထောက်ကန်လှုပ်ရှားမှုဝါယော ဖောဋ္ဌဗ္ဗတိုက်တော့ထိသိစိတ် ပေါ်ပါသည်။ ထောက်ကန်လှုပ်ရှားမှုကိုထိသိတာက နာမ်တရား ၊ ကိုယ်အကြည်နှင့် ထောက်ကန်လှုပ်ရှားမှုက ရုပ်တရား ။ နာမ် ၊ရုပ် နှစ်ပါး ။
ကျေးဇူးတော်ရှင် အနောက်ဂန့် ဂေါ မုံလည်ဆရာတော်ကြီး၏တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည် ။ 

ဒွါရခြောက်ပါးမှ ခန္ဓာငါးပါးဖြစ်ပေါ်ပုံ ( မနောဒွါရ )
မနောအကြည်ကို ဓမ္မာရုံတိုက်တော့ ကြံသိစိတ်ဆိုတဲ့မနောဝိညာဏ်ပေါ်ပါသည်။ မနောဝိညာဏ်ပေါ်သောအခါ
တစ်ဝိညာဏ်တည်းပေါ်လို့ ဖြစ်ပါသလား ၊မဖြစ်နိုင်ပါ။ မနောဝိညာဏ်နှင့် သဟဇာတဖြစ်တဲ့ ဝေဒနက္ခန္ဓာ စေတသိတ်၊
သညာက္ခန္ဓာစေတသိတ်၊ သင်္ခါရက္ခန္ဓာ စေတသိတ် ၊ သုံးပါးပေါင်းတော့ နာမက္ခန္ဓာလေးပါးဖြစ်ပါသည် ။ ဟဒယဝတ္ထု
နှင့် ဓမ္မာရုံ ကို ခန္ဓာဖွဲ့ တော့ ရူပက္ခန္ဓာ ဖြစ်ပါသည်။ နာမက္ခန္ဓာလေးပါးနှင့် ရူပက္ခန္ဓာ ပေါင်းတော့
ခန္ဓာငါးပါးဖြစ်ပါသည် ။
မနောအကြည်ကို ဓမ္မာရုံတိုက်တော့ ကြံသိစိတ်ပေါ်ပါသည်။ ဓမ္မာရုံတရားအပေါ်မှာ ပုဂ္ဂိုလ်သတ္တဝါ အနေနှင့်ကြံသိတာ
က ( စိတ် ) ၊ ဝေဒနာ ၊ သညာ၊ စေတနာ၊ က (စေတသိတ်) ၊ (စိတ်၊ စေတသိတ်) ။ ဟဒယဝတ္ထုနှင့် ဓမ္မာရုံက ရုပ် ၊
( စိတ်၊ စေတသိတ်၊ ရုပ် ) ။
မနောအကြည်ကို ဓမ္မာရုံတိုက်တော့ ကြံသိစိတ်ပေါ်ပါသည် ။ ဓမ္မာရုံ တရားအပေါ်မှာ ပုဂ္ဂိုလ်သတ္တဝါ အနေနှင့်ကြံသိတာက
နာမ် တရား ၊ ဟဒယဝတ္ထု နှင့် ဓမ္မာရုံက ရုပ်တရား ၊ နာမ် ၊ ရုပ် နှစ်ပါး ။

ကျေးဇူးတော်ရှင် အနောက်ဂန့် ဂေါ မုံလည် ဆရာတော်ကြီး၏ တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည် ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့