Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

ခွင့်ပြုပါ

ရှင်သန်ဖို့ အတွက်
သန့် စင်တဲ့လေကို
တစ်ဝကြီး ရှူရှိုက်ခွင့်ပြုပါ...။
ပြီးတော့.......
အပြုံးတုတွေနဲ့ 
မမြင်ချင်ဆုံး
ငြင်းခုန်မှုတွေကိုလည်း မုန်းခွင့်ပြုပါ။
နင်ပြောတဲ့...
ကမ္ဘာကြီးက ပြားတယ် ဆိုတဲ့စကားကို
သဘောထားကွဲလွဲခွင့်ပြုပါ.........။
နင့်ရဲ့ အလ္လာပ သလ္လာပ စကားတွေ
နားထောင်နေရမယ့်အစား
လူအများဖြတ်သန်းစရာ
တံတားတစ်စင်းထိုးဖို့  ကြိုးစားခွင့်ပြုပါ...။
နင့် နဖူးကို နမ်းဖို့ ထက်
မကြွေသင့်တဲ့ပန်းကလေးတွေကို
လန်းဆန်းခွင့်ပြုပါ.....။
နင်မက်မက်နေတဲ့
ရွှေရောင်အိပ်မက်တွေကို
ငါနဲ့  အတူ အားလုံးကို ဝေမျှပါ...။
ပြီးတော့...........
နင်နဲ့ အတူ
ငါ့ကို ခရီးထွက်ခွင့်ပြုပါ........။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့