Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

အပါယ်၎ဘုံကို သာမန်လူတွေရဲ့အမြဲနေအိမ်လို့ ဘာကြောင့် ဘုရားဟောခဲ့တာလဲ

ဆရာတော် ဓမ္မဓူတအရှင်ဆေကိန္ဒ၏ လက်တွေ့အသုံးချ အဘိဓမ္မာတရားခွေမှတဆင့်ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ 
အဘိဓမ္မာ တရားတော်သည်သုတ်၊ဝိနည်းတို့ထက် များပြားကျယ်ပြန့်သည့်အလျှောက် အဓိပ္ပါယ်တခုကို သဘောပေါက်အောင်ရှင်းပြနိင်ရန် များစွာအခက်အခဲရှိပါသည်၊သို့သော် သင်ယူလျှင် နားလည်တတ်မြောက်ပါသည်၊သင်ယူရန် အချိန်အခက်အခဲရှိသူများနှင့်အဘိဓမ္မာဆိုတာဘာလဲဆိုတာ မသိသေးသူများအတွက် မိတ်ဆက်ခြင်း ဖြစ်ပါသည်၊တတ်ကျွမ်းနားလည်လွန်းရ်ျ မဟုတ်ပါလေ့လာရင်းပြန်လည်ရေးသားခြင်းဖြစ်ကြောင်းဝန်ခံပါသည်။
ကျွန်တော်တို့ နေ့စဉ်အချိန်တိုင်း အသက်ရှင်နေသရွှေ့ အခြေခံစိတ် ၃မျိုးအမြဲဖြစ်နေပါသည်(အရိယာမဖြစ်သေးသရ်ျ) အဲဒါတွေကတော့ ကုသိုလ်စိတ်၊အကုသိုလ်စိတ်၊ဘဝင်စိတ် ဆိုပြီးအမြဲ မပြတ်တခုမဟုတ်တခုဖြစ်နေပါတယ်၊ 
ဘုံပေါင်း၃၁ဘုံလုံးမှာဖြစ်သော စိတ်အကျဉ်း ၈၉ပါး အကျယ် ၁၂၁ပါးဖြစ်ပါတယ် ကျွန်တော်တို့လူ့ဘုံ ဘာကြောင့်မြတ်တာလဲ၊တန်ဖိုးရှိတာလဲ နည်းနည်းရှင်းပြပေးပါမယ် ဘုံ၃၁ရှိပါတယ် ကာမ ၁၁ဘုံ၊ရူပ ၁၆ဘုံ၊အရူပ ၄ဘုံဆိုပြီးရှိပါတယ်၊ထူးဆန်းတာက ကျွန်တော်တို့လူ့ဘုံဟာ စိတ်၈၉ပါးလုံးဖြစ်နိင်တယ်၊ကျန်ဘုံများကတော့ ဖြစ်လို့မရကြောင်းမှတ်သားဘူးပါတယ်၊ဥပမာ အားဖြင့်ငရဲမှာ ကုသိုလ်စိတ်ဖြစ်ခွင့်မရှိပါဘူး၊ဗြဟ္မာပြည်မှာဒေါသစိတ် အကုသိုလ်စိတ်ဖြစ်ခွင့်မရှိဘူး 
ဖြစ်ရင်စုတိစိတ်ကြပါတယ်၊ ကျွန်တော်တို့လူ့ပြည်မှာတော့ ကုသိုလ်စိတ်၊အကုသိုလ်စိတ်၊အရိယာစိတ်အားလုံးဖြစ်နိင်ပါတယ်၊အရိယာမဖြစ်သေးရင်တောင် ဥာဏ်နဲ့ နိဗ္ဗာန်ကို အာရုံပြုလို့ရပါတယ် စိတ်အကြောင်းကိုနားလည်ထားရင် ကိုယ်ဘယ်ကိုသွားမလဲ သွားခြင်တဲ့လမ်းကို ရွေးချယ်လို့ရပါပြီ အကြောင်းကြောင့် အကျိုးဖြစ်ပြီး စိတ်ကိုအခြေခံပြီးမိမိပြုခဲ့သော၊ကျင့်ခဲ့သော အကြောင်းတရားများသည် အကျိုးပေးမှာမလွဲပါ ကုသိုလ် အကုသိုလ်ဖြစ်ခြင်းစိတ်အကြောင်းကို သေသေချာချာသိထားရင် ယခုလူ့ဘဝရရှိခိုက် တန်ဖိုးအရှိဆုံးလူသား အဖြစ်ကိုရရှိနိင်ပါတယ် ကုသိုလ်၊အကုသိုလ်စိတ်များကလဲ လောဘ၊ဒေါသ၊မောဟ ဆိုတဲ့စိတ်ကနေအခြေခံပြီးဖြစ်ပါတယ် ဖြစ်ပေါ်တဲ့နေရာကတော့ ဒွါရ ၆ပါးကနေစတင်ဖြစ်ပါတယ် အရာဝတ္တုတခုကိုမြင်လိုက်လို့ ကြိုက်ရင်လောဘစိတ်ဖြစ်ပေါ်လာပါတယ် မကြိုက်ရင်ဒေါသဖြစ်ပါတယ် ကြိုက်တာလဲမဟုတ်မကြိုက်တာလဲဖြစ်တဲ့စိတ်ကတော့ မောဟစိတ်ပါ(အကုသိုလ်စိတ်၁၂ပါးတွင်ပြန်ဖတ်ကြည့်ပေးပါ) ကောင်းပါပြီး ကျွန်တော်တို့ရဲ့အမြဲနေအိမ်ဟာ အပါယ်၎ဘုံဆိုတာ ဘာကြောင့်ဟောသွှားတာလဲ ကျွန်တော်တို့နိုင်းယှဉ်ကြည့်ရအောင်----- 
စိတ်၈၉ပါးမှာ အကုသိုလ်စိတ်က ၁၂ပါးရှိပါတယ်။ ကုသိုလ်စိတ်၂၁ပါးရှိပါတယ် 
၁၂ပါးနဲ့ ၂၁ပါး အများကြီးကွာပါတယ် အကုသိုလ်စိတ်က ၁၂ပါးထဲပါ ကုသိုလ်စိတ်က၂၁တောင်ရှိတယ် အကုသိုလ်စိတ်က အပါယ်ဘုံကို အကျိုးပေးပါတယ် ကုသိုလ်စိတ်ကတော့ အထက်ထက်သော ဘုံကိုအကျိုးပေးပါတယ်၊စဉ်းစားစရာဘဲ တခုခုတော့မှားနေပြီ ကောင်းပါပြီကျွန်တော်တို့အတွက် ရနိင်တဲ့ကုသိုလ်စိတ်တွေကို
ပြန်စီစစ်ကြည့်ရအောင်-
လောကုတ္တရာကုသိုလ်စိတ် ၄မျိုး မဂ်၎ပါး ကျွန်တော်တို့ရပြီလား ကျွန်တော်တော့မရသေးပါ ဒီတော့ 
ကုသိုလ်စိတ် ၂၁ပါးထဲကနေ ၄ပါးနုတ်လိုက်တော့ ၁၇ပါးကျန်ပါတယ် 
နောက်ထပ် အရူပဈာန် ၄ပါး မရသေးတော့ ထပ်နုတ်ပါမယ် ခုနကျန်တဲ့ ၁၇ပါးထဲက ၄ပါး ထပ်နုတ်တော့ ၁၃ပါး ကျန်ပါတယ်၊ 
နောက်ထပ်ကုသိုလ်စိတ်ကတော့ ရူပဈာန်၅ပါးပါ ၁၃ပါးထဲက ထပ်နုတ်ပါမယ် ၈ပါး ကျန်ပါတယ် 
အဲဒီ ၈ပါးကတော့ ကုသိုလ်ပြုတဲ့အခါမှာ စိတ်အားထက်သန်ခြင်း၊မိမိဆန္ဒအလျှောက်လုပ်ခြင်း၊ဥာဏ်ပါခြင်း ၄ပါး -။ ၁
သူများတိုက်တွန်းမှလုပ်ခြင်း၊လုပ်နေကြမို့လုပ်ခြင်း၊ဥာဏ်မပါခြင်း ၄ပါး -။ ၂
မီရိုးဖလာဗုဒ္ဓဘာသာ များသည့်အတွက် ၂ကိုရွှေးပါမယ် ၂စိတ်သည် ရနိင်သမျှကုသိုလ်စိတ်ထဲတွင် 
အညံဖျင်းဆုံးစိတ်ဖြစ်သည်၊တနည်းဆိုသော် အကျိုးပေးအနည်းဆုံးစိတ်ဖြစ်သည်၊ဥာဏ်မပါသောကုသိုလ်သည် အကျိုးပေးညံ၏၊
အထက်မှာတင်ပြခဲ့သလိုဘဲ ကျွန်တော်တို့စိတ်သည် ကုသိုလ်၊အကုသိုလ်၊ဘဝင်စိတ် တခုမဟုတ်တခုအကြားမလပ်ဖြစ်နေပါတယ်၊မိမိ စိတ်ကိုပြန်စစ်ကြည့်ရင် လုပ်ဆောင်ချက်တွေကိုပြန်စစ်ကြည့်ရင် ကိုယ်လမ်းကိုယ်မြင်ရပြီလို့ ထင်ပါတယ်
အကုသိုလ်စိတ်က ၁၂ပါးနှင့် ကုသိုလ်စိတ်၂၁ပါးကို သိနားလည်ပြီးဆင်ခြင်နိင်ကြပါစေလို့ဆန္ဒပြုပါတယ်
အမှားများရှိရင် သနားသောအားဖြင့်ထောက်ပြဝေဖန် ဆုံးမကြပါ စောင့်မျှော်နေပါတယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့