Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 28 May 2012

(ချစ်သူရယ်...အတွေးခိုက်ဝယ်...အလွမ်းခိုက်ဝယ်...အဆွေးခိုက်ဝယ်)

***(အတွေးခိုက်ဝယ်)***

အတွေးရယ်..အဆွေးရယ်
ဆုံလာခိုက်ဝယ်..
မင်းပေးတဲ့ဝေဒနာတစ်ခု
ရင်မှာဖြစ်ပေါ်နေတော့
အတွေးရဲ့နောက်မှာ
လွမ်းဆွေးမှုတွေနဲ့
မင်းကိုအချိန်တိုင်းမှာ
သတိရနေဆဲပါ
......ချစ်သူရယ်.....

***(အလွမ်းခိုက်ဝယ်)***

တမ်းတလွမ်းဆွေးရင်းနဲ့
ဘယ်တော့ ပြန်လာမယ်ဆိုတာ မသိတဲ့
မင်းကိုတမ်းနေမိတယ်လေ
တမ်းတနေရင်းမျှော်သူမောလှပြီ
မင်းသာသိခဲ့ရင်
ငါ့ရဲ့အဖြစ်တွေကို မင်းကို မြင်စေချင်တယ်ကွာ
မင်းကိုတမ်းတလွမ်းဆွေးရင်းနဲ့
ငါ့ရဲ့ နှလုံးသားက ကျခဲ့တဲ့ မျက်ရည်တွေက
သမုဒ္ဒရာ နှင့် နှိုင်းရှင်ပြလိုက်ချင်ပါတယ်...
......ချစ်သူရယ်......

***(အဆွေးခိုက်ဝယ်)***

ဧည့်တစ်ယောက်လို
ငါ့ရင်ထဲကို ဝင်လာပြီး
ဧည့်တစ်ယောက်လို
ငါ့ရင်ထဲကပြန်ထွက်သွားတော့
ကျန်ခဲ့တဲ့ အိမ်ရှင်ဖြစ်သူ
ငါ့ရင်ထဲမှာ ဒဏ်ရာတွေနဲ့ပါ
ဒီဒဏ်ရာတွေ သွေးတိတ်တာတောင်
မင်းကိုတမ်းတလွမ်းဆွေးနေဆဲပါ...
......ချစ်သူရယ်......

မင်းကိုချစ်တဲ့ပြောစကား
ကြားရင် မင်းစိတ်ဆိုးသွားမလား
မင်းကိုမတွေ့တဲ့ငါ့ရဲ့ညတွေမှာ
အလွမ်းတွေနဲ့အိပ်ဆက်မရ
ငါ့ရဲ့ ဘဝထဲမှာ မင်းတစ်ယောက်ထဲကိုပါ
တခြားလူမရှိဘူး
ဒါတွေ ကိုမင်း ယုံကြည်ပေးပါ
တစ်လောကလုံးကို
မင်းသိမ်းပိုက်သွားပါ
ငါ့ချစ်တာ မင်းတစ်ယောက်ထဲကိုပါ
ခံစားချက်မဲ့သွားပါစေ
ရင်ခုန်နေတာ မင်းတစ်ယောက်ထဲကိုပါ
အသက်ထက်ရှိနေသ၍တော့
ငါ့ချစ်တာ မင်းတစ်ယောက်ထဲကကိုပါ


....ချစ်သူရယ်....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့