Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

ရည်စားလား သူငယ်ချင်းလား

ရည်းစားနှင့်သူငယ်ချင်း သူငယ်ချင်းလိုလို ရည်းစားလိုလို ဝေခွဲမရတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ် 


သူငယ်ချင်း - ညသန်းခေါင်ယံအထိ ဖုန်းပြောမယ်၊ online မှာတွေ့မယ်။ 

ရည်းစား -online မှာတွေ့ရင်ဘဲဖြစ်ဖြစ်၊ ဖုန်းပြော နေချိန်မှာဘဲဖြစ်ဖြစ် စောစောအိပ်ရာဝင်ခိုင်းမယ်။ 

သူငယ်ချင်း - သွားလည်မယ်။ ကျောင်းလစ်ခိုင်းမယ်။ 

ရည်းစား -အိမ်စာတွေလုပ်ခိုင်းမယ်။ စာအကြောင်းတွေ ဆွေးနွေးမယ်။ 

သူငယ်ချင်း - နေမကောင်းချိန်မှာ ဂရုစိုက်မယ်။ 


ရည်းစား -နားငြီးလောက်အောင် ဆရာဝန်သွားပြခိုင်းမယ်။ 

သူငယ်ချင်း - စကားကောင်းတွေပြောပြီး သူ့ကိုကိုယ်အထင်ကြီးလာမယ်။ 


ရည်းစား -သူပြောသမျှတွေဟာ သင့်ကို ဂရုစိုက်တဲ့ စကားတွေပါပဲ။ (တခါတလေအမိန့်ပေးနေသလိုပါပဲ ) 


သူငယ်ချင်း - ဘယ်အရာမဆို သင့်ကိုလိုက်လျောမယ်။ သင်ပျော်နေရင်ပြီးတာပဲ။ 


ရည်းစား -အမှားအမှန် ခွဲခြားပေးမယ်။ (တော်တော်ရှုပ်တာပဲ လို့ထင်ရမယ်) 


သူငယ်ချင်း - ပျော်ရွှင်ခြင်းကို သင့်ကိုပေးမယ်လို့ ပြောမယ်။ 


ရည်းစား -သင်နဲ့အတူ နေရတာကို သူအတွက်အပျော်ဆုံးပါပဲ။ 


သူငယ်ချင်း - မုန့်တွေဝယ်ကျွေးမယ်။ အကြိုအပို့ လုပ်ပေးမယ်။ 


ရည်းစား -မုန့်လဲမ၀ယ်ကျွေးပါဘူး။ ဘာကိုစားရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို ပြောနေမယ်။
 
အကြိုအပို့ လုပ်ပေးရင် သင်တန်းချိန်ထိခိုက်ပြီး စာမလိုက်နိုင်လျှင် အလုပ်ကောင်း မရနိုင်လို့ပါ။
 
( သင်တို့ရဲ့ အနာဂတ် အတွက်) 


သူငယ်ချင်း - အခုလက်ရှိ ကိုသာ စဉ်းစားတယ်။ 


ရည်းစား -အနာဂတ်အတွက် သူကြိုးစားနေတယ်၊ သင့်ကို ပျော်အောင်ထားနိုင်ဖို့ပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့