Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 28 May 2012

ရာခိုင်နှုန်း ၂၀ ခန့် တည်ဆောက် ထားပြီး ဖြစ်သည့် ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း

၂၀၁၀ ခုနှစ်က စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတဲ့ ကုလားတန်မြစ် ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှာ
အခုအခါ ရာခိုင်နှုန်း ၂၀ ခန့် တည်ဆောက် ထားပြီး ဖြစ်တယ်လို့ အဆိုပါ စီမံကိန်း လုပ်ငန်း အထောက်အကူပြု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိမှာ စစ်တွေမြို့ အခြေပြု စခန်း မှာတော့ စစ်တွေမှ ပလက်ဝ အထိ ရေကြောင်း တိုင်းတာခြင်း လုပ်ငန်း၊ ပိုင်ရိုက်ခြင်း လုပ်ငန်း၊ ကုန်တန်ချိန် ၃၀၀ ဆန့် ရေယာဉ် ၆ စီးအတွက် ပုံစံ ဒီဇိုင်းဆွဲခြင်း များကို ဆောင်ရွက် ပြီးစီးပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပလက်ဝမြို့ အခြေပြု စခန်း မှာတော့ မြေစူးစမ်း လေ့လာမှု လုပ်ငန်း၊ မြေနေရာ အတည်ပြုခြင်း၊ မြေနေရာ ရှင်းလင်းခြင်း စတာတွေကို ပြုလုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းကို ၂၀၁၄ ခုနှစ်မှာ ပြီးစီးဖို့ လျာထား ခဲ့ပေမယ့် လာမယ့် ၂၀၁၆ ခုနှစ်မှာသာ ပြီးစီးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြီးစီးမယ့် ကာလ ရွှေ့ဆိုင်း သွားခြင်းမှာ စီမံကိန်း လုပ်ငန်းမှာ လုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ ပလက်ဝမှ ကလက်ဝ အထိ ရေလမ်းကြောင်း ပြုပြင်မှုအစား မော်တော်ကား လမ်းဖောက်ဖို့ ပြောင်းလဲ စီစဉ်လိုက်ခြင်းကြောင့် ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းဟာ ကုန်ကျမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၁၄ သန်းခန့်ရှိပြီး  ကုန်ကျ စရိတ်ကို အိန်္ဒိယဘက်မှ စီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးအပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြတ်သန်း ပို့ဆောင်ခကို စီမံကိန်း ပြီးစီးပြီးနောက် တစ်နှစ်ကြာ မှသာ စည်းကြပ် ရမှာဖြစ်ပြီး ပို့ကုန် တန်ဖိုးရဲ့ ၂.၅ ရာခိုင်နှုန်းထက် မကျော်စေရဘဲ စည်းကြပ်ဖို့ကို မြန်မာ- အိန်္ဒိယ အစိုးရတို့ သဘော တူညီခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့