Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 30 May 2012

♥♥ဘာ့ကြောင့်မို့ပြောင်းလဲသွားရတာလဲ♥♥

ကောင်လေးရေ..
ဘာ့ကြောင့်များ..
ငါ့မျှော်လင့်ချက်တွေကို..
နင်ကိုယ်တိုင်ထွန်းညှိပေးပြီးမှ..
နင်ကိုယ်တိုင်ပဲ..
ငြိမ်းသတ်လိုက်ရတာလဲ.?????
နင့်ရဲ့...
မြစ်ရိုးတစ်လျောက်
တစ်သွင်သွင်စီးလာတဲ့မြစ်ရေက..
ငါ့အနားကျမှနောက်ကျိသွားရတယ်လို့..
(နင့်အတွက်)
ငါ့နှလုံးသားကို..
တံခါးမရှိဓားမရှိ..
တိုးလျှိုပေါက်ဖွင့်ထားတာတောင်မှ...
နင်ကမျက်တစ်ခတ်စာအကြည့်လေးတောင်
မချွေခဲ့ဘူးနော်..
လူသားတိုင်းရဲ့နှလုံးသားအဘိဓာန်မှာ..
အချစ်ဆိုတဲ့ဝေါဟာရပါတယ်..
(နင်မေ့နေမှာစိုးလို့ပါ)..
မချစ်တတ်တဲ့ငါ့ကို...
ချစ်တတ်လာအောင်နင်သင်ပေးခဲ့ပြီးမှ..
အချစ်ငတ်အောင်ထားရစ်ခဲ့တဲ့ (နင်)
ဘာ့ကြောင့်မို့(ခုလို)
ပြောင်းလဲသွားရတာလဲ???

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့