Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 31 May 2012

ကတိစကား


ကျွန်တော်အပါအ၀င် သူငယ်ချင်းတို့ တော်တော်များများ ကတိတွေ ပေးဘူးကြမယ်လို့ ထင်ပါတယ်။ ပေးခဲ့ဘူးရင်
ကတိတည်ကြရဲ့လားလို့ ဆိုပြီး စစ်တန်းကောက်ကြည့်ဖူးပါသလား။ ကျွန်တော်ကတော့ ကျွန်တော်သူငယ်ချင်း
အယောက် (၅၀ ) လောက်ကို စစ်တမ်းကောက်ကြည့်ဖူးပါတယ်။ ကတိမတည် ဖြစ်ကြတာများပါတယ်။


နှစ်ယောက်လောက်ပဲကတိတည်ကြပြီး ကျန်သူတွေကတော့ အကြောင်းအမျိုးမျိုးနဲ့ ပေါ့။အကြောင်းဆိုတာမျိုးကတော့
အမျိုးမျိုးရှိသလို တစ်ချို့ လည်းတစ်ကယ်ဖြစ်တဲ့ အကြောင်းပေါ့။တစ်ချို့ ကလည်းမလုပ်ပေးခြင်တဲ့ အကြောင်း၊ တစ်ချို့ 
ကြတော့လည်း မလုပ်နိုင်တော့တဲ့ အကြောင်း တွေပါ။ ဘယ်လိုပဲပြောပြောအကြောင်းပြချက်တွေကလည်း ခိုင်လုံ
ကြပါတယ်။ကျွန်တော်ဘ၀ တချိန်တုန်းက အရမ်းဆင်းရဲပါတယ်။အလုပ်အကိုင်ကလည်း မရှိတော့ အရမ်း
ဒုက္ခရောက်ခဲ့ဘူးတယ်။


ဒီအချိန်မှာ အရင်တုန်းက လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့  အမှတ်မထင်ပြန်ဆုံရတော့ ၀မ်းသာ
အားရပေါ့။ သူကတော့ အရမ်းကို အလုပ်အကိုင်ကောင်းပြီး အဆင်ပြေနေတဲ့ပုံစံ ဆိုတော့ တစ်ခါတုန်းက ကျွန်တော်
သူငယ်ချင်းကို ကျွန်တော်က ဘ၀မှာ ဒုက္ခရောက်နေရတာ တွေကိုပြောပြပြီး တစ်ခါမှမတောင်းခဲ့ဘူးတဲ့ အကူအညီလေး
တောင်းခဲ့မိပါတယ်။


ဘာလဲဆိုတော့ အလုပ်ကလေးတစ်ခုလောက် ရှာပေးဖို့ ပါ။ သူငယ်ချင်းကလည်း စိတ်မကောင်းပါဘူးဆိုတဲ့ စကားကို
ထပ်ခါထပ်ခါဆိုပြီး အလုပ်အကိုင်တွေရအောင်ကူညီပါ့မယ်လို့  ကတိတွေ ထပ်ခါထပ်ခါပေး နောက်ရက်ညနေမှာ
အိမ်ကိုသာလာခဲ့ မင်းအလုပ်ရပြီလို့ စိတ်ထဲမှာမှတ်ထား ဆိုတော့ ကျွန်တော်တော်ပျော်ခဲ့ဘူးပါတယ်။


သူငယ်ချင်းက ပြန်တော့လည်းခေါက်ဆွဲကျော်တွေ ထည့်ပေးလိုက်သေးတာဆိုတော့ ငါအလုပ်ရရင်ဘာလုပ်မယ်
ညာလုပ်မယ် အတွေးတွေနဲ့ တစ်ညလုံးအိပ်လို့ မရခဲ့ပါဘူး။


သူငယ်ချင်းပြောတဲ့ ညနေဆိုတာကို မစောင့်နိုင်လို့  နေ့ လည်ထဲက သူတို့ အိမ်က လမ်းထိပ်မှာ စောင့်နေခဲ့ပါတယ်။
သူငယ်ချင်းက ည (၉) နာရီလောက်မှ သူတို့ လမ်းထဲဝင်လာတာတွေ့ လိုက်တယ်။ ကျွန်တော်ကိုတွေ့ တယ်ဆိုရင်ပဲ

“သူငယ်ချင်းရာမင်းကံဆိုးတယ် သူဌေးက နိုင်ငံခြားသွားတယ် မပြောလိုက်ရဘူး။ ပြန်လာမှ မင်းအလုပ်ကိုရအောင်
ပြောပေးမယ်။ လူကလိုတာသေချာတယ် သူဌေးကလည်း ခန့် ခိုင်းပြီးသား လောလောဆယ် သူဌေးမရှိသေးလို့ သာ
ဆိုတော့လည်းးးးးးးးးးးးးးးးး” ဒီလိုနဲ့ သုံးလေး ငါးခါ ဆို ကတိတွေကလည်း ထပ်ခါထပ်ခါ ပေး ကြာတော့လည်း အခြေ
အနေကိုသဘောပေါက်ပြီး နောက်ဆုတ်လိုက်ပါတယ်။ အခုတော့ အဆင်ပြေနေပါပြီ ဘ၀ဆိုတာ အတက်ရှိသလို အကျ
လည်းရှိပါလားလို့  နားလည်လက်ခံလာတဲ့ ရက်ကိုရောက်ခဲ့ပါပြီ။


ဒီအချိန်မှာ ဒုက္ခတွေရောက်ခဲစဉ်က အကူအညီတောင်းခဲ့တဲ့ သူငယ်ချင်းကို တွေ့ လို့ အဲဒီတုန်းက အကြောင်းလေး
ပြန်မေးမိတယ်။ သူငယ်ချင်းက ရှင်းပြရှာပါတယ်။

“ အဲဒီတုန်းက ငါမင်းကို အရမ်းသနားလိုက်တာကွာ ဒါပေမယ့် ငါတောင်လက်ရှိအလုပ်မှာ တော်တော်ရုန်းကန်နေရတာ
မင်းကို ဘယ်လို အလုပ်ပေးနိုင်မှာလည်းကွာ ငါ့မှာက ဟန်ဘဲရှိတာ ဒုက္ခရောက်နေတဲ့ မင်းကိုလည်း
အလုပ်မရဘူးလို့ ပြောရမှာ အားနာတယ်။ ဒီတော့ကွာ အဆင်ပြေတယ်ဆိုပြီး ကတိကိုညာပေးမိတာပါ တဲ့းးးးး”


ဟုပ်ကဲ့ သူငယ်ချင်းကိုစိတ်မဆိုးပါဘူး ဒါပေမယ့်ဗျာ မဖြစ်နိုင်မှန်းသိတဲ့ ကတိကိုလွယ်လွယ်ပေးပြီး လွယ်လွယ်နဲ့ 
ကတိကိုဖျက်လိုက်တယ်ဆိုတော့ ဒီလူဟာ သူတပါးရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးတာနဲ့ မတူဘူးလား။


ဖြစ်လာနိုးနဲ့  မျှော်လင့်ရတဲ့ မျှော်လင့်ချက်ကို ခံစားဘူးတဲ့ သူငယ်ချင်းတိုင်း နားလည်လိမ့်မယ်လို့ ထင်ပါတယ်။
အိမ်မှာ အမေဆေးခန်းပြရမှာမို့ ပိုက်ဆံချေးတယ် ပေးမယ်ဆိုတော့ ၀မ်းသာအားရစောင့် ၁ နာရီလည်း ပိုက်ဆံမရ ၂
နာရီလည်း မရလို့ မေးကြည့်တော့ အကြောင်းတစ်ခုပြပြီး ငြင်းလိုက်တယ်။ အကြောင်းပြချက်တွေက ခိုင်လုံကြပါတယ်။
ဒါပေမယ့် သေရေးရှင်းရေးဖြစ်နေတဲ့ သူအတွက်ကြတော့ မျှော်လင်းချက်ကို ဖြည်းဖြည်းချင်း ရိုက်ချိုးတာနဲ့ တူနေပါတယ်။


အဲဒီတော့ဗျာ ကတိ ဆိုတဲ့ စကားလုံးကလေးနက်ပါတယ်။ သူ့ ကိုတန်ဖိုးထားတဲ့ အနေနဲ့ ကျွန်တော်ဆိုရင် ကတိကို
လွယ်လွယ်နဲ့ မပေးသလို လွယ်လွယ်နဲ့ လည်းမဖျက်ပါဘူး ကတိဆိုတာ ပေးပြီဆိုရင်လည်း လူတန်းစားမရွှေးပါဘူး။


သူကသူတောင်းစား သူကနှုနေလို့  သူကချမ်းသာလို့ ဆိုပြီး ကတိကိုတန်ဖိုး လည်းမသက်မှတ်ပါဘူး ဘာလို့ လဲလို့ မေး
ရင်ကိုတိုင်ခံစားခဲ့ရတာကို။ နောက်ဆုံးသိတဲ့ အသိလေးတစ်ခုကတော့ မိမိလုပ်လို့ မဖြစ်နိုင်တဲ့ ကိစ္စရပ် တစ်ခုအတွက်
ကတိကို လွယ်လွယ်မပေးပါနဲ့ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့